30 C
Yangon
spot_img

CATEGORY

News

ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား Huang Cuilin ကို မြ၀တီမြို့နယ်ရဲစခန်းက Apollo ကျားဖြန့်ဝင်းသို့ ပြန်လည်ရောင်းစား၊ လူကုန်ကူးခံ တရုတ်နိုင်ငံသားက ကယ် တင်ပေးပါရန် အကူအညီတောင်း

ရန်ကုန်၊ ဇန်နဝါရီ ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား Huang Cuilin ကို မြ၀တီမြို့နယ်ရဲစခန်းက Apollo ကျားဖြန့်ဝင်းသို့ ပြန်လည်ရောင်းစားလိုက်ကြောင်း ရောင်းစားခံရသူ တရုတ်နိုင်ငံသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။ တရုတ်နိုင်ငံသား Huang Cuilin က ဝင်ငွေကောင်း သော...

၂၀၂၅ ရွေးကောက်ပွဲမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်သော တရားမဝင် ရာဇဝတ်မှုဟု မြန်မာနိုင်ငံရှေ့နေများကောင်စီက ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက်စစ်တပ်က ပြုလုပ်သည့် ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် လုပ် ဆောင်သော တရားမဝင် ရာဇဝတ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေအကိုးအကားများဖြင့် ကြေညာလိုက်သည်။ မြန်မာနိုင်ငံ၏ဥပဒေမှန်သမျှကိုဆန့်ကျင်ချိုးဖောက်၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဒီဇင်ဘာလ...

မြောင်မြို့ပေါ် မြို့မ ရဲစခန်းနှင့် ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ဇန်နဝါရီ ၃ စစ်ကိုင်းတိုင်း ၊ မြောင်မြို့ပေါ် မြို့မရဲစခန်းနှင့် ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ အပါအဝင် စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Zin Yaw Ni Sniper...

ညောင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးနေ၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်များက စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၃ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် ပြီး ကျေးရွာနေ ပြည်သူများကို ဖမ်းဆီးလျက်ရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစတင်ပြီး ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်...

အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်းအချိန် ပေါက်ကွဲမှုများစွာ ဖြစ်နေ၊ အမေရိကန်၏ တိုက်ခိုက်မှု ယူဆသုံးသပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃ မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်၏ တိုက် ခိုက်မှု ယူဆသုံးသပ်နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၂ နာရီ...

စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းအထိ စျေးတင်ရောင်း

ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက်စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်း မဖြစ်မနေ နိုင်ငံတော်အလံများ စိုက်ထူရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်း အထိ စျေးတင်ရောင်းချနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း မကွေးနှင့်ရန်ကုန်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာ ရဲစခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က...

ကန့်ဘလူမြို့နယ်၊ မဲသယ်ကျေးရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၃ ဦးသေဆုံး၊ ပေါက်နှင့် မြိုင်မြို့နယ် အစပ် လက်ပံတို ရေနံမှော်ကိုလည်း လေကြောင်း တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မဲသယ်ကျေးရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေး ငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးသွားကြောင်း ကန့်ဘလူမြို့နယ်အခြေစိုက် စစ်ဘေးရှောင် ကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ...

မုန်းမြို့နယ်တွင် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသော တပ်သားသစ် ၈ ဦး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၃ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသော တပ်သားသစ် ၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် မုန်းမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈...

လှည်းကူးမြို့နယ်ရှိ ခရိုင်ထွေ/အုပ်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၃ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ခရိုင်ထွေ/အုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ ရုံးစောင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း Yangon Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် လှည်းကူးမြို့...

Latest news

- Advertisement -spot_img