24 C
Yangon
spot_img

CATEGORY

News

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါသည်။ မေလ ၆ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ မှ ၅...

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နေအိမ်များကို မီးရှို့နေသောကြောင့် တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ မေ ၁၀ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ရေကြောင်းအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများက...

မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံး

■လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီးချစ်ခိုင်၏ ပစ္စတို သေနတ်မှာ ကော်စေ့ သေနတ်ဖြစ်နေ ရန်ကုန်၊ မေ ၁၀ မန္တလေးတိုင်း၊ မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။ မေလ...

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ဟု သတင်းထုတ်ပြန်

ရန်ကုန်၊ မေ ၁၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်များက ပူးပေါင်းကြေညာလိုက်သည်။ ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်အချိန် Brave Warriors for...

ဆောမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ မှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦးနှင့်ဒဏ်ရာရရှိသူများ၏ နာမည်စာရင်းများ အတည်ပြုရရှိ

ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦး၏ အမည်စာရင်းများကို ဒေသတော်လှန်ရေး အဖွဲ့က ရန်ကုန်ခေတ်သစ်မီဒီယာသို့ အတည်ပြုပြောဆိုသည်။ မေလ ၉...

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်း အပတ်စဥ် ၈ ၏ အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ရန်ကုန်၊ မေ ၁၀ ကရင်နီပြည်နယ် တစ်နေရာတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်း အပတ်စဥ် ၈ ၏ အခြေခံစစ်သင်တန်းဆင်း အခမ်းအနားကို ဧပြီလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စစ် သင်တန်းဆင်းပွဲကို သင်တန်းသား ရဲဘော်သစ်အင်အား ၁၀၀...

တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သူကို ရှာဖွေကာ လမ်းများပိတ်ဆို့ထား၊ စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ပြန်လည်ပစ်ခတ်

ရန်ကုန်၊ မေ ၁၀ ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကာ စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံး ပစ်ခတ်သူများကို ရှာဖွေကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ မေလ ၁၀ ရက်နေ့ နံနက်...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၁၀ ယင်းမာပင်မြိုနယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG...

ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ပြုလုပ်

ရန်ကုန်၊ မေ ၁၀ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူများ စုပေါင်း၍ ယနေ့ မေလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လုထုသပိတ်၊ စစ်မှုမထမ်း မနေရ ဥပဒေ ဆန့်ကျင်ပွဲနှင့် KIA , PDF , NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt...

အောင်လံမြို့ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များ နိုင်ငံမှ ထွက်သွားရန်၊ နိုင်ငံ၏ လေကိုပင် မရှုရန် ခြိမ်းခြောက်ပြောဆို ငွေကြေးတောင်းခံ

ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန်နှင့် မြန်မာနိုင်ငံ၏ လေကိုပင် မရှုရှိုက်ကြရန် အစည်းအဝေး ခေါ်ပြောဆိုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မကွေးတိုင်း၊ အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂...

Latest news

- Advertisement -spot_img