26.8 C
Yangon
spot_img

CATEGORY

News

ဆောမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ မှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦးနှင့်ဒဏ်ရာရရှိသူများ၏ နာမည်စာရင်းများ အတည်ပြုရရှိ

ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦး၏ အမည်စာရင်းများကို ဒေသတော်လှန်ရေး အဖွဲ့က ရန်ကုန်ခေတ်သစ်မီဒီယာသို့ အတည်ပြုပြောဆိုသည်။ မေလ ၉...

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်း အပတ်စဥ် ၈ ၏ အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ရန်ကုန်၊ မေ ၁၀ ကရင်နီပြည်နယ် တစ်နေရာတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်း အပတ်စဥ် ၈ ၏ အခြေခံစစ်သင်တန်းဆင်း အခမ်းအနားကို ဧပြီလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စစ် သင်တန်းဆင်းပွဲကို သင်တန်းသား ရဲဘော်သစ်အင်အား ၁၀၀...

တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သူကို ရှာဖွေကာ လမ်းများပိတ်ဆို့ထား၊ စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ပြန်လည်ပစ်ခတ်

ရန်ကုန်၊ မေ ၁၀ ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကာ စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံး ပစ်ခတ်သူများကို ရှာဖွေကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ မေလ ၁၀ ရက်နေ့ နံနက်...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၁၀ ယင်းမာပင်မြိုနယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG...

ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ပြုလုပ်

ရန်ကုန်၊ မေ ၁၀ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူများ စုပေါင်း၍ ယနေ့ မေလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လုထုသပိတ်၊ စစ်မှုမထမ်း မနေရ ဥပဒေ ဆန့်ကျင်ပွဲနှင့် KIA , PDF , NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt...

အောင်လံမြို့ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များ နိုင်ငံမှ ထွက်သွားရန်၊ နိုင်ငံ၏ လေကိုပင် မရှုရန် ခြိမ်းခြောက်ပြောဆို ငွေကြေးတောင်းခံ

ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်သော လူငယ်များအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရန်နှင့် မြန်မာနိုင်ငံ၏ လေကိုပင် မရှုရှိုက်ကြရန် အစည်းအဝေး ခေါ်ပြောဆိုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မကွေးတိုင်း၊ အောင်လံမြို့တွင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂...

မုံရွာ-ချောင်းဦးလမ်းပေါ် တောင်ပုံရွာအနီးရှိ စစ်တပ်ဂိတ်စခနးကို ဝင်ရောက်တိုက်ခိုက်မှု ၂ ပွင့်ဗိုလ် တစ်ဦးအပါအဝင် ၈ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ် တောင်ပုံရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ်တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၈ ဦးသေ ဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

ရေနံချောင်းမြို့နယ်၊ သာလူးကန်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ

■ ရေနံချောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော် တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးသွား ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ သာလူးကန်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က အကြောင်း ပြချက်မရှိ၊ အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သူများက...

ကန့်ဘလူ၊ မလည်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး တိုက်ပွဲဖြစ်ပွား၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာနှင့် ကြေးမုံရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၀ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေပြီး အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲလည်းဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၇ ရက်နေ့ ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်တပ်က...

မိုးမောက်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး စစ်ကောင်စီ၏ နောက်ဆုံးခံတပ် ခမရ ၄၃၇ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေ

ရန်ကုန်၊ မေ ၁၀ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီ၏ နောက်ဆုံးခံတပ် ခမရ ၄၃၇ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် တိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ မြို့စောင့်တပ် ခမရ ၄၃၇ သည်...

Latest news

- Advertisement -spot_img