27 C
Yangon
spot_img

CATEGORY

Politics

မန္တလေးဒေသတွင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး Billboard များထောင်၍ လူထုလှုပ်ရှားမှုပြုလုပ်

​ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မန္တလေးဒေသတွင် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီက ဦးဆောင်ပြီးအတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး Billboard အရေအတွက် စုစုပေါင် ၁၈ ခု‌ ထောင်၍ အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ဟု PPP ဥက္ကဋ္ဌ သက်သက်ခိုင် ထုတ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ ခိုင် ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ- PPP ၏ ဥက္ကဋ္ဌ သက်သက်ခိုင်က ပြည်တွင်းစစ်လော်ဘီမီဒီယာတစ်ခုမှ...

ကလေးမြို့တစ်နေရာတွင် တရားမဝင်အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုဟောပြောပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆က လေးမြို့တစ်နေရာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကလေးမြို့ ဒေသပြည်သူများနှင့်ပူးပေါင်းကာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြရန်အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက...

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်တပ် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ညနေခခင်း သပိတ်အဖြစ် အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး၊တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် မြန်မာနိုင်ငံတွင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး၊ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုပြုလုပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံတွင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင်​...

ယူကေနိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ယူကေနိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းက ဦးဆောင်ပြီး ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးမှ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း...

ယင်းမာပင်မြို့နယ် သပိတ်အင်အားစုက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာများထောင်၍ လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ယင်းမာပင်မြို့နယ် သပိတ်အင်အားစုက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာ ဗီနိုင်းများကို မြို့နယ်တွင်း အများပြည်သူ သွားလာရာ လမ်းမကြီးများဘေးတွင် စိုက်ထူခဲ့၍ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရွေဘို-မန်းလေး ကားလမ်းမပေါ်နှင့် ဒီပဲယင်းမြို့နယ်တွင် ”သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာတန်း Billboard များထောင်၍ အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ စစ်ကိုင်းတိုင်း ရွေဘို-မန်းလေး ကားလမ်းမပေါ်နှင့် ခရီးသွားပြည်သူများ အသုံးပြုသောကားလမ်းများတွင် ဒီဇင်ဘာ ၁၂ ရက်နေ့၌ တရားမဝင်အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ”သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာတန်း Billboard များကို ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒီပဲယင်းမြို့နယ်တွင်လည်း အကြမ်းဖက် စကမ၏ အတုအယောင်ရွေးကောက်ပွဲအား...

Latest news

- Advertisement -spot_img