24.4 C
Yangon
spot_img

CATEGORY

Politics

ပလိပ်မြို့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ သပိတ်မှောက်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ ခေါင်းစဥ်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် လှုံ့ဆော်မူ လက်ကမ်းစာစေမ်းစာစောင်များာင်များအား ပြည်သူများထံသို့ ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တွင် အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ စုပေါင်း၍ "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ" စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကိုတာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)၊ရွေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ခင်ဦးတွင် အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး NUG အစိုးရ ထောက်ခံရေး စုပေါင်း ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ နယ်မြေမငြိမ်သက်မှူများကြားမှ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ပြည်သူများမှ စုပေါင်းထောက်ခံကြောင်းနှင့် "စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့ " "ဖိနှိပ်ခံတို့လွတ်မြောက်ဖို့...

မြောက်ဒဂုံ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် လဝကရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ‘Failed Law’ လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် မဝတ လမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြို့နယ်လဝကရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့အရှေ့တွင် 'Failed Law' လှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် MPC -Mfအဖွဲ့ချုပ်က ပြုလုပ်ခဲ့ကြသည်။

ပေါင်းတည်မှ လူငယ်များစုပေါင်း၍ Failed Law နှင့် Failed Education လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ‌ပဲခူးတိုင်းပေါင်းတည်မြို့တွင် လူငယ်များစုပေါင်းပြီး မြို့ပေါ်ကျောင်းများတွင် "Failed education" နှင့် "Failed law" လှုပ်ရှားမှုတွင် ပူးပေါင်းဝင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။

ယင်းမာပင်တွင် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကိုမြေမြှုပ်ကြ´´ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ယနေ့ အမျိုးသားနေ့ ၁၀၂ နှစ်ပြည့်မြောက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စျေးတခုသို့ ကျေးလက်သူပုန်သပိတ်စစ်ကြောင်းမှ ကျောင်းသားလူငယ်များ ဦးဆောင်ပြီး ဖက်ဆစ် စစ်တပ်အမြစ်ပြတ်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ "သမဂ္ဂအလံတော်ဟာ စစ်ဖိနပ်အောက် ဘယ်တော့မှဒူးထောက်မှာမဟုတ်" ဟု ဆန္ဒပြကျောင်းသားများက ကြွေးကြော်ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသ ကျောင်းသားများက စစ်ကျွန်ပညာရေး ဆန့်ကျင်ရေး လူထုဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကြာအင်းဆိပ်ကြီးမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ပြည်သူ့အခြေပြု ကိုယ်ထူ ကိုယ်ထကျောင်း ၅ ကျောင်းတွင် စစ်ကျွန်ပညာရေး ဆန့်ကျင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲသည် အမျိုးသား...

တောင်ငူတွင် လုံခြုံရေးတင်းကျပ်သည့် ကြားမှ ‘Fail Law’ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ တောင်ငူမြို့တွင် လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နေလယ်ပိုင်းနှင့် ညနေခင်းအချိန်များတွင် ပြည်သူများမှ 'Fail Law' လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

အားမာန်သစ် သပိတ် စစ်ကြောင်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၆ အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် "ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် သပိတ်မှောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် သပိတ်မှောက်ခဲ့သည်ဟု သိရသည်။

Latest news

- Advertisement -spot_img