26.1 C
Yangon
spot_img

CATEGORY

Politics

ယင်းမာပင်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ နိုင်ဝင်ဘာ ၁ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် ဘယ်သောအခါမှမရှိ စာတန်း ကိုင်ဆောင်ကာ ကျေးလက် သူပုန် စစ်ကြောင်းမှ လူငယ်များ ဦးဆောင်ကာ ယနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁ လောင်းလုံးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ပြည်သူများမှဦးဆောင်ပြီး အင်အားအများအပြားဖြင့် နယ်မြေ မငြိမ်မသက်ဖြစ်နေသည့်ကြားမှ ယနေ့(နိုဝင်ဘာ ၁)ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို "တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့ ၊ ကနီမြို့နယ်သပိတ်စစ်ကြောင်း"စာသားများကိုင်ဆောင်၍ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ သပိတ်ဦးဆောင်သူများက...

မြန်မာစစ်တပ်က ကျူးလွန်ထားသော စစ်ရာဇဝတ်မှု သက်သေအထောက်အထား သန်းနှင့်ချီရှိ၍ ICC တရားရုံးက အရေးယူရန် အချိန်တန်ပြီဟု ကုလသမဂ္ဂညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁ မြန်မာစစ်တပ်က ကျူးလွန်ထားသော စစ်ရာဇဝတ်မှု သက်သေအထောက် အထား သန်းနှင့်ချီရှိ၍ ICC တရားရုံးက အရေးယူရန် အချိန်တန်ပြီဟု ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုလိုက်သည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ကျင်းပသော (၇၇)...

KNU တပ်မဟာ ၅ ထံ ဖာပွန်အခြေစိုက် စစ်သား ၂ ဦး လက်နက်နှင့်တကွ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၁ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထံ အောက်တိုဘာလ ၁၈ ရက်တွင် ဖာပွန်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၄၀ တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ခမရ ၃၄၀ မှ စစ်သားနှစ်ဦးသည် MA3 သေနတ်...

မန္တလေးမြို့ရှိ ယာဉ်ထိန်းရဲကင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းများ ချိတ်ဆွဲ

ရန်ကုန်၊ နိုဝင်ဘာ ၁ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနှင့် မနော်ဟရီလမ်း မီးပွိုင့် ယာဉ်ထိန်းရုံးတွင် "ဖားကန့် အနန့်ပါ အတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ"၊ "သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ ပူးပေါင်း၍ ထလော့ မန္တလေး" ဆိုသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး...

စစ်ကိုင်းတိုင်းအတွင်းရှိ CDM ကျောင်းများကို Youth Rights အဖွဲ့မှ သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ အောက်တိုဘာ ၃၁ စစ်ကိုင်းတိုင်းအတွင်းရှိ CDM ကျောင်းများကို Youth Rights အဖွဲ့က ဦးဆောင်ကာ သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်း Youth Rights Federal Schoolမှ ဖွင့်လှစ်ထားသော CDM ကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ...

သရက်ချောင်းတွင် လူငယ်များ ဦးဆောင်ကာ Hollowen ပုံစံဖြင့် တော်လှန်ရေး၌ ကျဆုံးခဲ့သူများအတွက် ဂုဏ်ပြုဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ သရက်ချောင်းတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် Hollowen ပုံစံဖြင့် တော်လှန်ရေး၌ ကျဆုံးခဲ့သူများအတွက် ဂုဏ်ပြုဆန္ဒပြခဲ့ကြောင်း သိရသည်။ "အာဇာနည်သူရဲကောင်းများနှင့်နွေဦးတော်လှန်ရေးအတွင်းမြင့်မြတ်စွာအသက်ပေးသူများကို အောက်မေ့ရန်ရည်စူးပြရည်ရွယ် ဆန္ဒထုတ်ဖော်တာ" ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် လူငယ် တစ်ဦးကပြောဆိုသည်။

“ရဲဘော် တစ်ဦး အဖမ်းခံလိုက်ရတိုင်း ငါတို့တော်လှန်ရေး အပေါ် ယုံကြည်ချက်ပို ခိုင်မြဲရမယ်” ခေါင်းစဥ်ဖြင့် သမဂ္ဂ ဆရာတော်များ ညသပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁ သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် "ကိုယ့်ရဲဘော်တစ်ယောက် အဖမ်းခံလိုက်ရတိုင်း ငါတို့က တော်လှန်ရေးအပေါ် ယုံကြည်ချက်တွေ ပိုပြီး ခိုင်မာစေကြရမယ်" စာတန်း ကိုင်ဆောင်ကာ ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img