33 C
Yangon
spot_img

CATEGORY

Politics

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေးသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မန္တလေးတွင် ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို ဆရာတော်များက "ဒီအချိန်မှာကြောက်ပြီးလုပ်သင့်တာမလုပ်ခဲ့လို့ရှိရင် နောင်ဆက်ပြီးကြောက်နေရမည့်စနစ်ကို လုပ်ပေးသလိုဖြစ်သွားမယ်" စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း...

“ကျောင်းသားထု အားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” စာတန်းဖြင့် အကြမ်းဖက်စစ်ကောင်စီကို ချီတက်ဆန္ဒပြ

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ကိုလိုနီကျွန်ပညာရေးစနစ်ကို ကျောင်းသားများ စတင်သပိတ်မှောက်ကြရာမှ ပေါက်ပေါက်လာခဲ့သည့် အမျိုးသားအောင်ပွဲနေ့ (၁၀၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ မှပူးပေါင်းချီတက်၍ ကျောင်းသားထုတစ်ရပ်လုံးကပါ စစ်အာဏာရှင်တို့၏ ကျွန်ပညာရေးစနစ်ကို ဆက်လက်သပိတ်မှောက် တော်လှန်နေကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မုံရွာမြို့ ပေါ်တွင် “ဖိနှိပ်ရင် တွန်းလှန်”စာသားချိတ်ဆွဲ၍ စစ်ကောင်စီ ကျဆုံး ရေး သပိတ်မှောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ မုံရွာတော်လှန်လူငယ်များကွန်ရက်က လုံခြုံရေး တင်း ကျပ် ထားသည့် မုံရွာမြို့မီးပွိုင့်တစ်နေရာတွင် ပြည်သူများသွေးမအေးရန်"ဖိနှိပ်ရင် တွန်းလှန်"ဘန်နာချိတ်ဆွဲကာ အာဏရှင်ကျဆုံးရေးသပိတ်မှောက်ကြကြောင်း သိရှိရသည်။

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၁၈ ရက် ယနေ့တွင် ၆၁၇ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

ဒီပဲယင်းတွင် ကျောင်းသား၊ လူငယ်များ ဦးဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ဒီပဲယင်းမြို့နယ်တွင် ကျောင်းသား၊ လူငယ်များ ဦးဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ကနီမြို့နယ်တွင် ၁၀၂ နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နယ်မြေမငြိမ်မသက်ဖြစ်နေသည့်ကြားမှ ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ တွင် ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်ပြီး အင်အား ရာချီ၍ ၁၀၂ နှစ်ပြည့် အမျိုးသားနေ့အောင်ပွဲ နှင့်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ကျင်းပပြုလုပ်ခဲ့သည်။ သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ...

ခင်ဦးတွင် NUG ကို ထောက်ခံကြောင်း၊ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်း၌ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်သူများမှ စုပေါင်းထောက်ခံကြောင်းနှင့် "စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့ " "ဖိနှိပ်ခံတို့လွတ်မြောက်ဖို့ တရားမျှတမှုအတွက် သွေးစည်းစို့"ဟု စုပေါင်း...

Latest news

- Advertisement -spot_img