28 C
Yangon
spot_img

CATEGORY

Politics

မြောက်ဒဂုံ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် လဝကရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ‘Failed Law’ လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် မဝတ လမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြို့နယ်လဝကရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့အရှေ့တွင် 'Failed Law' လှုပ်ရှားမှုကို ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် MPC -Mfအဖွဲ့ချုပ်က ပြုလုပ်ခဲ့ကြသည်။

ပေါင်းတည်မှ လူငယ်များစုပေါင်း၍ Failed Law နှင့် Failed Education လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ‌ပဲခူးတိုင်းပေါင်းတည်မြို့တွင် လူငယ်များစုပေါင်းပြီး မြို့ပေါ်ကျောင်းများတွင် "Failed education" နှင့် "Failed law" လှုပ်ရှားမှုတွင် ပူးပေါင်းဝင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။

ယင်းမာပင်တွင် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကိုမြေမြှုပ်ကြ´´ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ယနေ့ အမျိုးသားနေ့ ၁၀၂ နှစ်ပြည့်မြောက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စျေးတခုသို့ ကျေးလက်သူပုန်သပိတ်စစ်ကြောင်းမှ ကျောင်းသားလူငယ်များ ဦးဆောင်ပြီး ဖက်ဆစ် စစ်တပ်အမြစ်ပြတ်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ "သမဂ္ဂအလံတော်ဟာ စစ်ဖိနပ်အောက် ဘယ်တော့မှဒူးထောက်မှာမဟုတ်" ဟု ဆန္ဒပြကျောင်းသားများက ကြွေးကြော်ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသ ကျောင်းသားများက စစ်ကျွန်ပညာရေး ဆန့်ကျင်ရေး လူထုဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကြာအင်းဆိပ်ကြီးမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ပြည်သူ့အခြေပြု ကိုယ်ထူ ကိုယ်ထကျောင်း ၅ ကျောင်းတွင် စစ်ကျွန်ပညာရေး ဆန့်ကျင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲသည် အမျိုးသား...

တောင်ငူတွင် လုံခြုံရေးတင်းကျပ်သည့် ကြားမှ ‘Fail Law’ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ တောင်ငူမြို့တွင် လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နေလယ်ပိုင်းနှင့် ညနေခင်းအချိန်များတွင် ပြည်သူများမှ 'Fail Law' လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

အားမာန်သစ် သပိတ် စစ်ကြောင်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၆ အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် "ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် သပိတ်မှောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် သပိတ်မှောက်ခဲ့သည်ဟု သိရသည်။

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လူထုဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၆ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် ဗကသ ကျောင်းသားများ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံး လွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါ...

Latest news

- Advertisement -spot_img