24.1 C
Yangon
spot_img

CATEGORY

Politics

အမေရိကန်၊ နယူးဂျာစီတွင် သီတင်းကျွတ်လပြည့် ဆီမီးထွန်းပွဲ ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၀ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ် လောကချမ်းသာ စေတီတော်မြတ်ကြီးကို ပဉ္စမအကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့ တွင် ဆီမီး ( ၉၀၀၀ ) ရေချမ်း၊ ပန်းနံ့သာတို့ဖြင့် မီးထွန်း ပူဇော်ပွဲ လှူဒါန်းပွဲကို အောက် တိုဘာလ ၉ ရက်နေ့ (မြန်မာစံတော်ချိန် အောက်တိုဘာ...

တန့်ဆည်တွင် ကျဆုံးအာဇာနည်များကို အလေးပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၀ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကို အလေးပြုပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆီမီးသပိတ်ကို အောက်တိုဘာလ ၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ "တော်လှန်သီတင်းကျွတ်""ဓမ္မကိုဂုဏ်ပြုပူဇော် ""အဓမ္မကို လောင်ကျွမ်း""လုံးဝအုပ်ချုပ်ခွင့်မရစေရ" စာသားပါ ဘန်နာများကိုင်ဆောင်၍ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြကြသည်။

NUG၊ ဦးကျော်မိုးထွန်း ထောက်ခံကြောင်းနှင့် ဓမ္မဘက်တော်သားများ အနိုင်ရရေး ခင်ဦးတွင် သီတင်းကျွတ်လပြည့်ည၌ ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၀ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် သံအမတ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် အောက်တိုဘာလ ၉ ရက် သတင်းကျွတ်လပြည့်ည၌ ဆန္ဒပြကြသည်။ တော်လှန်ရေးတွင် ဓမ္မဘက်တော်သားများအနိုင်ရရှိစေရန်နှင့် အဓမ္မသမားအမြန်ဆုံး ကျဆုံးပါစေဟု ဆီမီးတစ်ထောင်ဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား...

မလဲသာ သမဂ္ဂ ကျောင်းသားများ စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ အထက မလဲသာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ခွဲ ကဲဘာကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ဖီမြို့နယ်တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ပြည်သူများ ရန်ပုံငွေ ရရှိရေး တရားပွဲ ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၉ ထိုင်းနိုင်ငံ ဘန်ဖီမြို့နယ်တွင် စုပေါင်းတော်လှန် ပြည်သူ့အားမာန် မြန်မာပြည် စစ်ဘေးရှောင် ကူညီရေး အသင်းမှ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ပြည်သူများ ရန်ပုံငွေ ရရှိရေး တရားပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တော်လှန် သီတင်းကျွတ် ဆီမီး သပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၉ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF ရဲဘော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် တော်လှန် သီတင်းကျွတ် ဆီမီးသပိတ်ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရွှေရေကြည် သပိတ် စစ်ကြောင်း တော်လှန် သီတင်းကျွတ် ဆီမီး သပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သီတင်းကျွတ် ဆီမီး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အားမာန်သစ် အမျိုးသမီးများ သမဂ္ဂမှ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ ကချင်ပြည်နယ်တွင် အားမာန်သစ် အမျိုးသမီးများ သမဂ္ဂမှ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

သနပ်ပင် PDF တပ်ဖွဲ့မှ တော်လှန် သတင်းကျွတ် ဆီမီး သပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၉ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ သနပ်ပင် PDF မှ တောတွင်းတစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆီမီး သပိတ် ပြုလုပ်ခဲ့ပြီး တော်လှန်ရေးတွင် ကျဆုံးခဲ့သည် ရဲဘော်များအား ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းခြင်းများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် တော်လှန် သီတင်းကျွတ် ဆီမီးသပိတ် ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၉ ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သီးတင်းကျွတ် ဆီမီးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သပိတ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်နှင့် မုံရွာ လူထုသပိတ်...

Latest news

- Advertisement -spot_img