23.7 C
Yangon
spot_img

CATEGORY

Politics

မိုးမိတ်မြို့နယ်တွင် စစ်တပ်နှင့် SSPP ကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဝမ်အုံကျေးရွာမြောက်ဘက်ရှိ ဟွေခမ်းတောင်ကြောတွင် စက်တင်ဘာလ ၁၇ ရက် ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ ယမန်နေ့...

မြင်းမူတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၈ မြင်းမူမြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် နှင့် အထက ခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြင်းမူမြို့နယ် လူထု သပိတ် စစ်ကြောင်းတို့ ပူးပေါင်းကာ ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ်အဖြစ် "အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့...

ရန်ကုန်တွင် “မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန် ကန်ထကြွလေလေ ” စာတန်း ကိုင်ဆောင်ပြီး လူထုတေးသံ သီချင်း သံပြိုင်သီဆိုကာ အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်တွင် "မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ " စာတန်း ကိုင်ဆောင်ပြီး လူထုတေးသံ သီချင်းကိုသံပြိုင်သီဆိုကာ အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ အဆိုပါ ဆန္ဒပြပွဲကို Burma Youth Revolutionary Force(BYRF)က ဦးဆောင်ပြီး လှိုင်သာယာမြို့နယ်အခြေခံ ပညာကျောင်းသားများသမဂ္ဂ(လသယ အကသ)...

ရန်ကုန်မြို့တစ်‌နေရာတွင် “ငါတို့ ရဲဘော်တွေအတွက် ငါတို့သွေးကြွေးပြန်လာတောင်းမည် – ပန်းပင်နီ” ဟူသော ပိုစတာကို တော်လှန်လူငယ် Demonမှ ချိတ်ဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့တစ်နေရာတွင် တော်လှန်လူငယ်တစ်ဦး ဖြစ်သူ Demon မှ လုံခြုံရေးတင်းကျပ်သည့်ကြားမှ "ငါတို့ ရဲဘော်တွေအတွက် ငါတို့သွေးကြွေးပြန်လာတောင်းမည် - ပန်းပင်နီ" ဟူသော စာတန်းချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

လောင်းလုံး ဒေသခံပြည်သူများ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်ခန့်ထားရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်ခန့်ထားရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ချီတက် ဆန္ဒပြ၊ PDF များ လုံခြုံရေးယူ ဝန်းရံ

ရန်ကုန်၊ စက်တင်ဘာ ၁၈ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊တောင်ပျောက်တိုက်နယ်တွင် တောင်ပျောက် တိုက်နယ်သပိတ် ကော်မတီနှင့် ကျေးရွာနေ ပြည်သူများ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်း...

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေး ၁၅ နှစ်ပြည့် အခမ်းအနားနှင့် ရန်ပုံငွေ တရားပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ မလေးရှားနိုင်ငံ ဆလာရမ်းမြို့တွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၌ NLD(OC) international Malaysia နှင့် ပရဟိတ အသင်းများ ပူးပေါင်ပြီး မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက်ရန်ပုံငွေတရားပွဲနှင့် စျေးရောင်းပွဲတော် ကျင်းပခဲ့ပြီး ရွှေဝါရောင်ဆရာတော်အရှင်ထာဝရ ဦးဆောင်၍ ရွှေဝါရောင်၁၅နှစ်ပြည့် အထိမ်းအမှတ်ပွဲများ...

ဒယ်ဂူးမြို့ ကိုရီးယား-မြန်မာ ငြိမ်းချမ်းစင်တာတွင် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်ခန့်ထားရေး ဆန္ဒပြ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ ကိုရီးယား-မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အလိုမရှိ ဆန့်ကျင်ကြောင်းစသော ငြိမ်းချမ်းရေးဆုတောင်းပွဲများပြုလုပ်ကာ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့ ငွေကြေးထောက်ပို့မှု အဓိကလိုအပ်ကြောင်း...

အမေရိကန် ဆန်ဖရန်စစ္စကိုမြို့တွင် ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး နှင့် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြ

ရန်ကုန်၊စက်တင်ဘာ ၁၈ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စမြို့ San Francisco Bay area တွင် ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး နှင့် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြပွဲကို ယနေ့ပြုလုပ်ခဲ့ကြသည်။ ယင်ဆန္ဒပြပွဲတွင် မြန်မာကွန်မြူနတီတိုင်းရင်းသားများစုပေါင်း၍ “ကုလသမဂ္ဂသံအမတ်ကြီးဦးကျော်မိုးထွန်း သည် မြန်မာပြည်သူများ ကိုယ်စားပြုသည် ငါတို့သည် ဦးကျော်မိုးထွန်း...

Latest news

- Advertisement -spot_img