23 C
Yangon
spot_img

CATEGORY

Politics

အားမာန်သစ် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အားမာန်သစ်လူထုတွေ ဦးဆောင်သည့် အားမာန်သစ်သပိတ်စစ်ကြောင်းက "ကလေးပါ မကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်" စာသားကိုင်ဆွဲကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ယနေ့ ညနေပိုင်း ချီတက်ဆန္ဒပြကြသည်။

မန္တလေး သံဃာသမဂ္ဂ နှင့် မန္တလေးသပိတ်အင်အားစုက ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်နေ့အထိမ်းမှတ်အဖြစ် ညသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၅ မန္တ​လေး သံဃာသမဂ္ဂ နှင့် မန္တ​လေးသပိတ်အင်အားစုက ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်နေ့အထိမ်းမှတ်အဖြစ် ည​သပိတ်စစ်ကြောင်း ယနေ့ညပိုင်း ချီတက်ဆန္ဒပြကြသည်။ "ရွှေဝါရောင်စိတ်ဓာတ်ပဲ့တင်ထပ် စစ်အာဏာ ရှင်အမြစ်ဖြတ်"ရေးအတွက် ၂၀၀၇ ခုနှစ် စက်တင် ဘာလအတွင်း ပြည်သူလူထု၏ အထွေထွေအခက်အခဲများအတွက် ငြိမ်းချမ်း စွာ မေတ္တာပို့ စီတန်းလှည့်လည်ကြတဲ့...

လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ် ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၅ လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်တွင် မြန်မာ့ဒီမိုကရေစီရေးထောက်ခံလှုပ်ရှားသူများက ဦးကျော်မိုးထွန်း ထောက်ခံရေးဆန္ဒပြပွဲ ချီတက်

ရန်ကုန်၊ စက်တင်ဘာလ ၂၅ ယနေ့ နေ့လည် ၂ နာရီတွင် သြစ​တြးလျနိုင်ငံ၊ ဆစ်ဒနီမြို့လယ်ရှိ ဟိုက်ဒ်ပါတ် တွင် ဆစ်ဒနီမြို့ ရှိ မြန်မာ့ ဒီမိုကရေစီရရှိရေး ထောက်ခံလှုပ်ရှားသူများသည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နေရာတွင်လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်သတ်မှတ်ထားရှိရေးကို ထောက်ခံတောင်းဆိုသည့်အနေဖြင့် စုစည်းချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြသူများသည် မြို့လည် ဟိုက်ဒ်ပါတ်တွင်...

“အညာမြေမှ ရွှေနွယ်သွေးလူထုသပိတ်”စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ သွေးမအေးသည့် ရွှေနွယ်သွေးလူထုသပိတ်စစ် ကြောင်းက (၅၀၅) ရက်မြောက်နေ့တွင် အညာဒေသသပိတ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းက ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီနှင့် (WAB)အဖွဲ့ဝင်တစ်ချို့ ပူးပေါင်းကာ စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်ကြသည်။

ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းနှင့် ရွှေရေကြည် သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ပူးပေါင်းချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ယင်းမာပင် ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းနှင့် ​ရွှေ​ရေကြည် သပိတ်စစ်​ကြောင်းတို့ ယ​နေ့ ည​နေပိုင်းစစ်အာဏာရှင် ဖြုတ်ချ​ရေး ပူး​​ပေါင်းချီတက်ကြသည်။ "အာဏာရှင်ရဲ့ယန္တရားကိုဖြိုဖျက်ကြ။ လူထုအားဖြင့် အောင်ပွဲဆီချီတက်ကြ။ဆက်လက်ပြီး အခက်အခဲအကြပ်အတည်းတွေကြုံနေရပါလိမ့်မယ်။ဒါဟာ တော်လှန်ရေးတခုရဲ့ သဘောသဘာဝပဲ။ဘယ်တုန်း ကမှ လူလိုသူလို မနေရတဲ့နိုင်ငံမှာလူလိုသူလို နေနိုင်ဖို့ တော်လှန်ဖို့ပါပဲ" ဟု သပိတ်ဦးဆောင်သူက ဟောပြောသည်။

ယင်းမာပင် မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးညနေခင်းသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း စစ်အာဏာ ရှင် ဆန့်ကျင်ရေး ညနေခင်း သပိတ်စစ်ကြောင်း ယနေ့ညနေပိုင်း ချီတက် သပိတ်မှောက်သည်။

ရန်ကုန်စစ်တပ်ဘန်ကာအနီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရန်ကုန်စစ်တပ်ဘန်ကာအနီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ယနေ့ချိတ်ဆွဲသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်တပ် ဆန့်ကျင်ရေး သပိတ်မှောက် ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ယနေ့နံနက်ပိုင်း ချင်းပြည်နယ် ကန်ပက်လက်မြို့ မြို့တွင်းတစ်နေရာတွင် မြို့မိမြို့ဖများ၊ကျောင်းသားမိဘများ၊ကျောင်သားကျောင်းသူများက ဦးကျော်မိုးထွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ်တင်မြှောက်ရေးကို ငြိမ်းချမ်းစွာ ဆန္ဒ‌‌ထုတ်ဖာ်ကြသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် CDF Kanpetlet ရဲဘော်များ၊ ရဲမေများမှ လုံခြုံရေးဆောင်ရွတ်ပေးခဲ့ကြပါသည်။

သံဃာတော်များက စစ်တပ်ဆန့်ကျင်ရေး သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၅ "ပြည်သူကို ရန်သူအထင်နဲ့သတ်ဖြတ်တဲ့စစ်အုပ်စုဆိုတာ ပြည်သူတွေရဲ့အားကိုးရာမဟုတ်ပါ။ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူသာဖြစ်ပါတယ်" ဆိုသော စာသားကိုင်ဆောင်၍ သံဃာတော်များက စစ်တပ်ဆန့်ကျင်ရေး သပိတ်မှောက်ကြသည်။

Latest news

- Advertisement -spot_img