28 C
Yangon
spot_img

CATEGORY

Politics

“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်”ဟု ကလေးမြို့သပိတ်စစ်ကြောင်းက ချီတက်ကြွေးကြော်

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ က​လေးမြို့တွင် "ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်" ​ကြွေး​ကြော်၍ ယနေ့ စက်တင်ဘာ ၂၃ ရက်​နေ့ညနေပိုင်း၌ စစ်အာဏာရှင် စနစ်ကို ကန့်ကွက်သပိတ် မှောက် ကြ သည်။ ကလေးမြို့ပင်မသပိတ်သည် နေ့စဥ်ပျက်ရက်မရှိ စစ်အာဏာရှင် စနစ်ကို သပိတ်မှောက်လျက်ရှိရာ ယနေ့နှင့်ဆိုလျှင် ရက်ပေါင်း(၅၉၄)ရက်တိုင်...

ရွှေနွယ်သွေးသပိတ်ကော်မတီက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတွင် ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ရက်ပေါင်း(၅၀၃)ပြည့်နေ့တွင် "အညာရဲ့သွေး သွေးမအေး ရွှေနွယ်မြေရဲ့တော်လှန်ရေး" စာသားပါဘန်နာနှင့် "UN, Prove Your Existence for Justice" ကုလသမဂ္ဂ၊ တရားမျှတမှုအတွက် သင်၏တည်ရှိမှုကို သက်သေပြပါ စာသားပါဘန်နာတို့ကို ကိုင်စွဲကာ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်မှောက်ကြသည်။

အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ရွှေရည်ကြည် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ စက်တင်ဘာလ ၂၃ ရက်နေ့ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ် ကြောင်း စစ်တပ် ဆန့်ကျင်ရေးဆန္ဒပြချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၃ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထု သပိတ်စစ်ကြောင်းက "Accept NUG and Our Ambassador, Reject Dictator" စာသားကိုကိုင်ဆွဲပြီး ဦးကျော်မိုးထွန်းသံအမတ်နေရာဆက် လက်တည်ရှိရေးအတွက် လူထုသပိတ်စစ်​ကြောင်း က ယ​နေ့ည​နေတွင် အရှိန်အဟုန် အားကောင်းစွာဖြင့် ထွက်ရှိကြသည်။ Photos -AungKhantZaw

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေခင်းသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေခင်းသပိတ်စစ်ကြောင်းက စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

“စာသင်နေတဲ့ ကလေးတွေကို လေယာဥ်နဲ့ ရက်ရက် စက်စက် ပစ်သတ်သွားတာတောင်ကမ္ဘာကြီး က ရှုံ့ချရုံတင်ပဲလား”

ရန်ကုန်၊ စင်တင်ဘာ ၂၃ အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးရေးအတွက် နေ့စဥ် သပိတ်မှောက်နေသော ပြည်ကြီးတံခွန်သပိတ်က "စာသင်နေတဲ့ ကလေးတွေကို လေယာဥ်နဲ့ ရက်ရက် စက်စက် ပစ်သတ်သွားတာတောင်ကမ္ဘာကြီး က ရှုံ့ချရုံတင်ပဲလား" ကြွေးကြော်သံဖြင့် ယနေ့ညနေပိုင်း သပိတ်မှောက်ကြသည်။

အာဏာရှင်စနစ် မလိုလား သံဃာတော်များမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၃ အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် "စစ်တပ်ကျေးဇူး ပြည်သူဟာ မူးလို့ရှူစရာမရှိပေမဲ့ စစ်တပ်ရဲ့ ပြည်သူပေါ် ရက်စက်ကြမ်းကြုတ်မှုက ဒုနဲ့ဒေးဒါကြောင့် တော်လှန်မလား ကျွန်ခံမလား စဥ်းစား။" စာတန်း ကိုင်ဆောင်ကာ...

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်တွင် “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အား နဲ့အမြစ်ဖြတ်” နိုင်ရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၂ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် "ကလေးပါ မကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်" နိုင်ရေး ယနေ့ ညနေပိုင်းတွင် ပြည်သူများက ချီတက် သပိတ်မှောက်ကြသည်။ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသရဲဘော်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)နှင့်ပြည်သူလူထုပူးပေါင်းကာ ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကလေးပါမကျန်သတ်တဲ့ဖက်ဆစ်တပ်ပြည်သူအားနဲ့အမြစ်ဖြတ်´´ ၊FASCIST MILITARY...

“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်” ဘန်နာကိုင်ကာ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၂ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဦးဆောင်၍ အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင်"ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်"ဘန်နာစာတန်းကိုင်စွဲကာ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

Latest news

- Advertisement -spot_img