21 C
Yangon
spot_img

CATEGORY

Politics

ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်၊ ကမ္ဘောဒီးယားဘက်မှ စစ်အရာရှိကြီးတချို့ အပါအဝင် သေဆုံးမှုများရှိပြီး ထိုင်းဘက်တွင်လည်း ထိခိုက်ကျဆုံးမှုများရှိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၉ ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲ ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်မှစတင်၍ ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း နှစ်နိုင်ငံသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ ယနေ့ နံနက် ၁ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်မှစတင်၍ ကမ္ဘောဒီးယားစစ်တပ်က BM-21 ဒုံးကျည်များ၊...

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ပါဝင်သည့် အားကောင်းသော အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး ဆက်လက်လုပ်ဆောင်နေဟု NUG ယာယီသမ္မတ က ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၉ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ပြုပြင်ပြောင်းလဲရေးကို အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ပါဝင်တဲ့ အားကောင်းတဲ့ အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာလိုက်ပါတယ်။ ယာယီသမ္မတ...

ဆားလင်းကြီးမြို့နယ်တစ်နေရာတွင် ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ပါဝင်ရန် တိုက်တွန်းနှိုးဆော်သည့် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ဆားလင်းကြီးမြို့နယ်တစ်နေရာတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက"အသံတိတ်သပိတ်" တွင် ပါဝင်ရန် တိုက်တွန်း နှိုးဆော်သည့်လူထုလှုပ်ရှားမှုပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။ ဒီဇင်ဘာ ၁၀ရက်နေ့ (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့)တွင် တစ်နိုင်ငံလုံးအတိုင်းအသာဖြင့် ကျေးလက်၊မြို့ပြမကျန် "အသံတိတ်သပိတ်"တွင်ပါဝင်ရန် ပြည်သူများကို တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် ဒယ်ဂူးမြို့များတွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် ဒယ်ဂူးမြို့များတွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် 'အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး' ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆိုးလ်မြို့ရှိ ဆန္ဒပြပွဲတွင် တောင်ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်သည့် "စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ" က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ဒယ်ဂူးမြို့ရှိ...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၌ စစ်အုပ်စု၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၇ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူများက စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် "နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ" ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က တာဝန်ယူ၍ အမျိုးသား ညီညွတ်ရေး အစိုးရ...

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက မေတ္တာရပ်ခံပေးရန် တောင်းဆိုပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၇ ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် Hands Of Peace (ငြိမ်းချမ်းရေးကမ်းလက်များ)အဖွဲ့ မှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက မေတ္တာရပ်ခံပေးရန် တောင်းဆိုပွဲပြုလုပ်ခဲ့ကြောင်း Hands Of Peace (ငြိမ်းချမ်းရေးကမ်းလက်များ)အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်တပ် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ညနေခခင်း သပိတ်အဖြစ် အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြောင်း သိရသည်

အမေရိကန်၊ ဆန်ဖရန်စစ်ကို မြို့ တော်ခန်းမရှေ့တွင် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇ အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်ကို မြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern California က ဦးဆောင်၍ “အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကို တိုက်ဖျက်ချေမှုန်းကြ၊ ငုံ့မခံနဲ့ တုန့်ပြန်ကြဟေ့" ကြွေးကြော်သံဖြင့် ၁၆၇ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့်အတုယောင်ရွေးကောက်ပွဲ အလိုမရှိဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲအလိုမရှိဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြပွဲတွင် အကြမ်းဖက်စစ်တပ် ကျင်းပမည့် 'အတုယောင်ရွေးကောက်ပွဲ အလိုမရှိ၊ ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အရေးတော်ပုံအောင်ရမည်' စသည်တို့ ကြွေးကြော်ကာ နေ့စဥ်မပြတ်ဆန္ဒပြသွားမည်ဖြစ်ကြောင်းတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက အသိပေး မိန့်ကြားသည်။

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်တပ် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ညနေခခင်း သပိတ်အဖြစ် အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img