24.8 C
Yangon
spot_img

CATEGORY

Politics

ပြည်သူ့အားမာန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၉ ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းနှင့် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ကော်မတီဝင်တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေကူတွင် စစ်သင်္ဘောများကို လုံခြုံရေးယူပေးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးဟုဆို၊ စစ်သင်္ဘောများကို မြစ်ကြောင်းတစ်လျှောက် KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၂၉ ကချင်ပြည်နယ်၊ ရွှေကူတွင် စစ်သင်္ဘောများကို လုံခြုံရေးယူပေးခဲ့သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့နှင့် ဇူလိုင်လ ၂၇ ရက်နေ့ တို့တွင် ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ရွှေကူမြို့နယ်သို့...

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ဟု ထိုင်းစစ်တပ်က ပြော

ရန်ကုန်၊ ဇူလိုင် ၂၉ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ယမန်နေ့ ညသန်းခေါင်ယံအချိန်မှစတင်၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားက ပစ်ခတ်မှုများ စတင်လုပ်ဆောင်လာခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းစစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာသည်။ ယမန်နေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဝန်ကြီးချုပ်များက...

အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေရေးပြုပြင်ပြောင်းလဲမည်ဖြစ်ပြီး ကျစ်လျစ်သော အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်အပေါ် အခြေခံစုဖွဲ့မည်

ရန်ကုန်၊ ဇူလိုင် ၂၉ အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေရေးပြုပြင် ပြောင်း လဲရန် လေ့လာဆန်းစစ် အကြံဉာဏ်များ ရယူနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်ပြန်သည့် "ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၄/၂၀၂၅"...

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၈ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ...

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၈ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂‌၈ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ် ဗောဓိတစ်ထောင် စစ်တပ်စခန်းမှ မိုင်းနင်းမိ၍ သေဆုံးသွားသော ဒုဗိုလ် ရုပ်အလောင်းကို လာသယ်သည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင် စစ်တပ်စခန်းမှ မိုင်းနင်းမိ၍ သေဆုံးသွားသော ဒုဗိုလ် ရုပ်အလောင်းကို လာသယ်သည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area71Local People Defense Force Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂၈ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းကာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်းဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဂူမိမြို့တွင်လည်း အသောကသုခ ဂူမိ အသင်းကဦးဆောင်ပြီး စစ်ဘေးရှောင်ကူညီရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် တော်လှန်ရေးအင်အားစုအဖွဲ့များတက်ရောက်ခဲ့ကာ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ချစ်ခြင်းတရားက အောင်မြင်ခြင်း၊ရိုးသားမှု၊ပွင့်လင်းမြင်သာမှုထောက်ပို့မှုတို့ဖြင့်အာဏာရှင်စနစ်ဆိုးကလွတ်မြောက်သည်အထိ ဆက်လက်ပါဝင်ကြရန် မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၇ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img