25.4 C
Yangon
spot_img

CATEGORY

Politics

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၈ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၈ စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် "မတရားမှုတွေကို ခုခံကာကွယ်တော်လှန်ခြင်းဟာ လူးအခွင့်ရေးတရပ်ဖြစ်သလို လူ့ပတ်ဝန်းကျင်ကို ထိမ်းသိမ်း စောက်ရှောက်ရေးလည်းဖြစ်ပါတယ်" ခေါင်းစဥ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း...

ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ထန်းသပိတ် ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၈ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးသည့်ကြားမှ Save Kani Township စာသား ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ထန်းသပိတ်ကို ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကနီမြို့နယ်...

တောင်ကိုရီးယားနိုင်ငံ ချန်းဝမ်မြို့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၈ တောင်ကိုရီးယားနိုင်ငံ ချန်းဝမ်မြို့တွင် ကိုရီးယား-မြန်မာ နိုင်ငံသားများ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံရှိ အကြမ်းဖက် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

ထားဝယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၂၈ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှ ဦးဆောင်ပြီး ယနေ့ သြဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)၊ LGBT နှင့် လူငယ်တွေအပြင် ပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ...

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၈ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ၅၃၅ ရက်မြောက် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

ဂျပန်နိုင်ငံတွင် မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာအကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ယနေ့ ဂျပန်ရောက် မြန်မာများက ချီတက် ဆန္ဒပြကြသည်။ Photo- Ko Oggar

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၇ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသများအဖွဲ့ချုပ်မှရဲဘော်များနှင့်ပြည်သူလူထုပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၇ရက်နေ့တွင် ထောင်တွင်းအကြမ်းဖက်မှုသတ်ဖြတ်မှုဒို့လက်မခံ ပညာရေးနဲ့လူထုအသံ´´ ၊လူ့အဖွဲ့အစည်းရဲ့စနစ်ဆိုးတွေကို တော်လှန်ရေးနဲ့ရိုက်ချိုးကြ´´ ၊ ``လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်´´ စာသားများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ သပိတ်ကော်မတီဝင်များ ၊ ဗကသများအဖွဲ့ချုပ်မှရဲဘော်တစ်ဦးနှင့်ဒေသခံပြည်သူတစ်ဦးက သပိတ်တရားများဟောပြောခဲ့ကြသည်။

မန္တလေးတွင် မှားယွင်းအသတ်ခံရသော လင်မယား ၂ ဦးအတွက်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်နှင့် မဘသများက ခရစ်ယာန်ဘာသာရေး လက်ဝါး ကပ်တိုင်များ ကိုင်ဆောင် ဆန္ဒပြ

မန္တလေးမှ စစ်တပ်သတင်းပေးနှင့် မဘသအမာခံ နေနီအောင် အသတ်ခံရမှု မိုက်ကယ်ကျော်မြင့်လက်ချက်ဟု စွပ်စွဲပြီး ၎င်းနှင့် မဘသအုပ်စုများ ပြဿနာတက်နေ ရန်ကုန်၊ ဩဂုတ် ၂၇ မန္တလေးတွင် မှားယွင်းအသတ်ခံရသူ လင်မယား ၂ ဦးဖြစ်သည့် ကိုစည်သူကိုကိုနှင့် မနှင်းဝေလှိုင်အတွက်ဟုဆိုကာ အမျိုး သားရေးအစွန်းရောက် မိုက်ကယ်ကျော် မြင့်နှင့် မဘသများက ခရစ်ယာန်ဘာသာရေးအထွဋ်အမြတ်...

ရန်ကုန်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ “နိုင်ငံတစ်ဝှမ်းမှ ဖိနှိပ်ခံ ပြည်သူပြည်သား အားလုံးနိုးကြလော့” စာတန်း ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ ရန်ကုန်တွင် Burma Youth Revolutionary Force(BYRF)မှဦးဆောင်ပြီး အထက(၁) လသာ ဗကသ၊ YRSC(ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ)၊ သင်္ကန်းကျွန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ထား၀ယ်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ထ၀ အကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊...

Latest news

- Advertisement -spot_img