27.9 C
Yangon
spot_img

CATEGORY

Politics

ဂျပန်နိုင်ငံတွင် မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာအကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ယနေ့ ဂျပန်ရောက် မြန်မာများက ချီတက် ဆန္ဒပြကြသည်။ Photo- Ko Oggar

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၇ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသများအဖွဲ့ချုပ်မှရဲဘော်များနှင့်ပြည်သူလူထုပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၇ရက်နေ့တွင် ထောင်တွင်းအကြမ်းဖက်မှုသတ်ဖြတ်မှုဒို့လက်မခံ ပညာရေးနဲ့လူထုအသံ´´ ၊လူ့အဖွဲ့အစည်းရဲ့စနစ်ဆိုးတွေကို တော်လှန်ရေးနဲ့ရိုက်ချိုးကြ´´ ၊ ``လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်´´ စာသားများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ သပိတ်ကော်မတီဝင်များ ၊ ဗကသများအဖွဲ့ချုပ်မှရဲဘော်တစ်ဦးနှင့်ဒေသခံပြည်သူတစ်ဦးက သပိတ်တရားများဟောပြောခဲ့ကြသည်။

မန္တလေးတွင် မှားယွင်းအသတ်ခံရသော လင်မယား ၂ ဦးအတွက်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်နှင့် မဘသများက ခရစ်ယာန်ဘာသာရေး လက်ဝါး ကပ်တိုင်များ ကိုင်ဆောင် ဆန္ဒပြ

မန္တလေးမှ စစ်တပ်သတင်းပေးနှင့် မဘသအမာခံ နေနီအောင် အသတ်ခံရမှု မိုက်ကယ်ကျော်မြင့်လက်ချက်ဟု စွပ်စွဲပြီး ၎င်းနှင့် မဘသအုပ်စုများ ပြဿနာတက်နေ ရန်ကုန်၊ ဩဂုတ် ၂၇ မန္တလေးတွင် မှားယွင်းအသတ်ခံရသူ လင်မယား ၂ ဦးဖြစ်သည့် ကိုစည်သူကိုကိုနှင့် မနှင်းဝေလှိုင်အတွက်ဟုဆိုကာ အမျိုး သားရေးအစွန်းရောက် မိုက်ကယ်ကျော် မြင့်နှင့် မဘသများက ခရစ်ယာန်ဘာသာရေးအထွဋ်အမြတ်...

ရန်ကုန်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ “နိုင်ငံတစ်ဝှမ်းမှ ဖိနှိပ်ခံ ပြည်သူပြည်သား အားလုံးနိုးကြလော့” စာတန်း ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ ရန်ကုန်တွင် Burma Youth Revolutionary Force(BYRF)မှဦးဆောင်ပြီး အထက(၁) လသာ ဗကသ၊ YRSC(ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ)၊ သင်္ကန်းကျွန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ထား၀ယ်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ထ၀ အကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊...

ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၇ မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီဖယ်ရှားရေး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုအသိအမှတ် ပြုရေး အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်/ခွန်...

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၇ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၇ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၇ ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် ချေမှုန်းရေး ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ချီတက်ဆန္ဒပြကြသည်။ 'ဖိလေ ကြွလေ စစ်ကိုင်းမြေ' စာသားကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြကြသည်။

စစ်အာဏာရှင်က ” စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည်” ပိုစတာကို ရန်ကုန်မြို့၊ ကန်တော်ကြီးတွင် ချိတ်ဆွဲ၍ ပြည်သူနှင့်ကမ္ဘာကို အသိပေး

ရန်ကုန်၊ ဩဂုတ် ၂၇ ုန်မြို၏အထင်ကရနေရာတစ်ခုတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) မှ " စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည် " စာတန်းကို ချိတ်ဆွဲ၍ အကြမ်းဖက်သူပုန်စစ်တပ်၏ ထောင်တွင်းလူသတ်မှု ကျူးလွန်နေမှုများကို ပြည်သူလူထု နှင့် နိုင်ငံတကာက သတိချပ်စေရန် လှုံ့ဆော်သည်။ အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီ...

Latest news

- Advertisement -spot_img