22.3 C
Yangon
spot_img

CATEGORY

Politics

အနောက်မြောက်လွင်ပြင် သပိတ်အင်အားစုများ ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ စစ်ကိုင်းတိုင်း အနောက်မြောက် လွင်ပြင် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ တိုကျိုတွင် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြု ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက် စစ်အာဏာရှင် ကျဆုံးရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကုလသမဂ္ဂက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြု ထားရှိရေးနှင့် မြန်မာ စစ်အာဏာရှင် စနစ် ကျဆုံးရေး အင်အား အလုံးအရင်းဖြင့် ယနေ့ ချီတက် ဆန္ဒပြကြသည်။

တန့်ဆည် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ တန့်ဆည်မြို့နယ် ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိရေး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် "ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ" သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကလေးမြို့ ပင်မသပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၁ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၁ စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော် ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် "ဒီမြေဒီရေပေါ် မှာ လူယုတ်တွေနဲ့အဓမ္မတွေ ကင်းစင်ဖို့ ရဟန်းဖြစ်စေ လူဖြစ်စေ သမိုင်းပေးတာဝန်အရ ဒီတော်လှန်ရေးမှာ ပါဝင်ကြဖို့လိုပါတယ်" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်...

ဦးကျော်မိုးထွန်းသာလျှင် ပြည်သူကိုယ်စားပြု သံအမတ်ဖြစ်ကြောင်းကြွေးကြော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးသပိတ်အင်အားစု ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၁ 'NUG သာလျှင် ပြည်သူ့အစိုးရ၊ ဦးကျော်မိုးထွန်းသည် ပြည်သူတွေရဲ့ UN သံအမတ်' ဖြစ်သည်ဟု ကြွေးကြော်ကာ မန္တလေးသပိတ်အင်အာစုကစက်တင်ဘာလ ၁၁ ရက် ယနေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြကြသည်။ သံဃသမဂ္ဂမှ ဆရာတော်များနှင့် ပြည်သူအချို့ ပူးပေါင်းကာ ကြွေးကြော်ဆန္ဒပြခြင်းဖြစ်ပြီး UN တွင် ပြည်သူ့သံအမတ်ကြီး...

ခင်ဦးတွင် ကုလသမဂ္ဂက စစ်အုပ်စုကို လုံးဝလက်မခံရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက် လက် ခန့်အပ်ရေး ဆန္ဒပြတောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၀ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ပြည်သူများက ငြိမ်းချမ်းစွာဖြင့် NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုသ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက် သပိ​တ်​မှောက်ကြသည်။ 'NUGအစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ် ဦးကျော်မိုးထွန်း၊ ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်အောင်နိုင်စိတ်ထား...

Latest news

- Advertisement -spot_img