25 C
Yangon
spot_img

CATEGORY

Politics

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၀ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာ့ပို့ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ “စစ်အာဏရှင် လက်အောက်မှာ ငါတို့အားလုံးဟာ အဖိနှိပ်ခံတွေပဲ” စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်မြို့ရှိ မီးရထား ဂုံးကျော်တံတား တစ်ခုပေါ်တွင် တော်လှန်လူငယ် Demon မှ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် "စစ်အာဏရှင် လက်အောက်မှာ ငါတို့အားလုံးဟာ အဖိနှိပ်ခံတွေပဲ" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ "စစ်အာဏာရှင်...

စစ်အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၀ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းထားသော စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)၊ အမျိုးသမီး၊ LGBTနှင့် လူငယ်များ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် ချေမှုန်းရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၀ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်းမှ တော်လှန်ကျောင်းသားပြည်သူများသည် စက်တင်ဘာလ ၁၀ ရက် ယနေ့တွင် ၅၈၁ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဆန္ဒပြကြသည်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ်တွင် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေးနှင့် မြန်မာနိုင်ငံ အကြမ်းဖက် စစ်တပ် အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၀ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နယ် ဘူဖျောင်းမြို့တွင် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့(MFDMC) မှ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေးနှင့် မြန်မာနိုင်ငံ အကြမ်းဖက် စစ်တပ် အလိုမရှိကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲတွင် မြန်မာ့ နွေဦးတော်လှန်ရေး ထောက်ပို့တပ်သားသစ်...

ရန်ကုန်တွင် စစ်အာဏာရှင်တော်လှန်ရေး ပြည်သူအားလုံး သွေးမအေးဘဲ အဆုံးထိပါဝင်ပေးကြရန် နှိုးဆော် ပိုစတာချိတ်ဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်တွင် စစ်အာဏာရှင်တော်လှန်ရေး ပြည်သူအားလုံး သွေးမအေးပဲ အဆုံးထိပါဝင်ပေးကြရန် နှိုးဆော် ပိုစတာကို တက်ကြွလှုပ်ရှားသူ လူငယ်များက ယနေ့ ချိတ်ဆွဲကြသည်။ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တစ်နေရာတွင် 'ကျွန်တော်တို့ ပြည်သူတွေ သွေးမအေးဘဲ တော်လှန်ရေးကို အဆုံးထိပါဝင်ပေးကြပါ" ဆိုသော ပိုစတာကို ချိတ်ဆွဲခြင်းဖြစ်ကြောင်း တော်လှန်ရေးလူငယ်များက ပြောဆိုသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက်ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကု၊ စက်တင်ဘာ ၁၀ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၅/ခဥန(နိုင်) ပြည်သူများမှ NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ချီတက် ဆန္ဒပြပွဲကို...

ယောပြည်သူများက ဦးကျော်မိုးထွန်းကို ကုလသံအမတ် အဖြစ် ဆက်လက်ခန့်အပ်ရေး ညသပိတ် ပြုလုပ် တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၉ မကွေးတိုင်း၊ ယောဒေသတွင် The Youth Force (Saw&Kyaukhtu) က ဦးဆောင်ကာ ဒေသခံ ပြည်သူ ၂၀၀ ကျော်ဖြင့် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် "Accept NUG and Our Ambassador, Reject...

Latest news

- Advertisement -spot_img