28.4 C
Yangon
spot_img

CATEGORY

Politics

ထားဝယ်တွင် “လွတ်လပ်တဲ့ဘဝသစ်အတွက်၊ တိုက်ပွဲကိုဆက်ဝင်ကြ”စာသားချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်များဖြန့်ကြဲ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇွန် ၁၉ ထားဝယ်မြို့အဓိကလမ်းမကြီးတွင် တော်လှန်ရေးလူငယ်များမှ ဇွန်လ ၁၉ရက်နေ့ မနက်စောပိုင်းတွင် "လွတ်လပ်တဲ့ဘဝသစ်အတွက်၊ တိုက်ပွဲကိုဆက်ဝင်ကြ"စာသားကို ချိတ်ဆွဲပြီးနောက် တော်လှန်ရေးသီချင်းဖွင့်ခဲ့ကာ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်များဖြန့်ကြဲကြ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထားဝယ်တွင် အမျိုးသမီးများဦးဆောင်ကာ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး အိမ်တွင်း သပိတ်ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသမီးများမှဦးဆောင်ပြီး ဇွန်လ၁၉ရက်နေ့ မနက်ပိုင်းက "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏(၇၇)နှစ်ပြည့်မြောက်မွေးနေ့"တွင် အိမ်တွင်းပန်းသပိတ်ဖြစ်ပြုလုပ်ကြ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆားလင်းကြီးတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၈ ဆားလင်းကြီးမြို့နယ်တွင် မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဇွန် ၁၈ ရက်နေ့တွင် "မြေပေါ်မြေအောက်အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ်ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီးတံခွန် သပိတ်အင်အားစုများ ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတွင် “ငါတို့အားလုံးအကျဥ်းသား၊အာဏာရှင် ရင်ဝကို ထိုးစိုက် မယ့် သံမဏိဓား” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ် မှောက်

ရန်ကုန်၊ ဇွန် ၁၈ မန္တလေးမြို့တွင် အကြမ်းဖက်စစ်အုပ်စုက နေရာ အနှံ့ဖမ်းဆီး စစ်ဆေး နေ သော် လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ် မြောက် မွေးနေ့အကြိုအဖြစ် မတရား ဖမ်းဆီးချုပ် နှောင်ခြင်းခံထား ရသော နိုင်ငံရေး အကျဥ်းသားအားလုံးနှင့်တကွ နိုင်ငံခေါင်းဆောင်များ ပြန်လည် လွတ်မြောက်...

တောင်ကိုရီးယားရောက် မြန်မာများက စစ်ကောင်စီမှတစ်ဆင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန် ဆုံးဖြတ်မှုအပေါ် ကန့်ကွက်ကြောင်း အင်ဒိုနီးရှားသံရုံးရှေ့တွင် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၈ တောင်ကိုရီးယားရောက် မြန်မာများက စစ်ကောင်စီမှတစ်ဆင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန် ဆုံးဖြတ်မှုအပေါ် ကန့်ကွက်ကြောင်း အင်ဒိုနီးရှားသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြကြသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံအစည်းအဝေးတွင် မြန်မာ နိုင်ငံသို့ လူသားချင်းစာနာ...

ရန်ကုန်မြို၊ လှည်းတန်း၊ မာလာမှတ်တိုင် လူကူးတံတားတွင် “ပွင့်မယ့် ပန်းတွေ မနွမ်းစေဖို့ စစ်အာဏာရှင် ဖြုတ်ကြစို့ ” စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲ

ရန်ကုန်၊ ဇွန် ၁၇ ရန်ကုန်မြို၊ လှည်းတန်း၊ မာလာမှတ်တိုင် လူကူးတံတားတွင် "ပွင့်မယ့် ပန်းတွေ မနွမ်းစေဖို့ စစ်အာဏာရှင် ဖြုတ်ကြစို့ " စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျောင်းသားလူငယ်များက ချိတ်ကြသည်။ မီးရှို့အသတ်ခံရသည့် CDM ဆရာမ၏ ဗိုက်ထဲမှ ၅...

စစ်အာဏာရှင် ချေမှုန်းရေး အရာတော်မြို့နယ်တွင် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၇ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး အရာတော်မြို့နယ်၊ ကျေးရွာ ၁ ရွာ တွင် ယနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်း၌ ချီတက်ဆန္ဒပြကြသည်။အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ "President Macron & France Government Don’t...

ယင်းမာပင်မြောက်ခြမ်းတွင် “စစ်ကျွန်ပညာရေးသပိတ်မှောက် ဖက်ဒရယ်ဆီကို ဦးတည်လျှောက်” စာသားနှင့် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၇ ယင်းမာပင်မြောက်ခြမ်းတွင် "စစ်ကျွန်ပညာရေးသပိတ်မှောက် ဖက်ဒရယ်ဆီကို ဦးတည်လျှောက်" စာသားနှင့် အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်‌ရေး လှုပ်ရှားမှုကို ပြည်သူများ စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

အထက မလဲသာကျောင်းသားများသမဂ္ဂနှင့် မြင်းမူမြို့နယ်လူထုသပိတ်စစ်ကြောင်း ပူးပေါင်း၍စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှား

ရန်ကုန်၊ ဇွန် ၁၇ ကျောင်းသား/လူထု ပါဝင်သော သပိတ်စစ်ကြောင်းသည် တပ်ဦးတွင်ဗကသခွပ်ဒေါင်း အောင်လံတော် လွင့်ထူ၍မြင်းမူမြို့နယ် ရှိ ကျေးရွာတစ်ခုသို့သွားရောက်ကာ"တော်လှန်ရဲတဲ့သူတွေအတွက် တိုင်းပြည်အသစ်ရှိတယ်" စာသားပါ ဘန်နာအားကိုင်ဆွဲ၍ ပြည်သူလူထုအားနိုင်ငံရေးသဘောတရားများ မျှဝေခြင်းသပိတ်တရားများဟောကြားခြင်း များပြုလုပ်ကာစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး ယနေ့ နံနက်ပိုင်းချီတက်သပိတ်မှောက်ကြသည်။

Latest news

- Advertisement -spot_img