33 C
Yangon
spot_img

CATEGORY

Politics

လောင်းလုံးတွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် အမျိုးသမိီးများ၊ LGBT အဖွဲ့အစည်းများ၊ အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

လက်ပံတန်းမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၁၉ လက်ပံတန်းမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ "စစ်(၃)စစ်ကိုတိုက်ဖျက်ကြ အာဇာနည်ဟာ (ကိုး)ဦးမက" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အားမာန်သစ် သပိတ် စစ်ကြောင်း အာဇာနည်နေ့ အလေးပြုပွဲ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁၉ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်ကြောင်းနှင့် ပြည်သူများ လူထုတို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့ အလေးအပြုအခမ်းအနားကျင်းပခြင်းနှင့် အာဇာနည် ၉ ဦးကျဆုံးချိန်ဖြစ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင်...

ရန်ကုန်တွင် အာဇာနည်နေ့ လုံခြုံ​ရေးတင်းကျပ်ထားချိန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်တွင် အာဇာနည်နေ့ လုံခြုံ​ရေးတင်းကျပ်ထားချိန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်​ မှောက်ကြသည်။ စစ်ကောင်စီက အာဇာနည်နေ့အခမ်းအနား ပြုလုပ်နေချိန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်(ဗကသများအဖွဲ့ချုပ်)နဲ့ North Dagon Oppressed People's Strike Colition တို့ပူး ပေါင်း ပြီး "လူမျိုးကြီးဝါဒ...

ရန်ကုန်၊ ရွှေပြည်သာ မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန် လှိုင်သာယာမြို့ရှိ‌ စာသင်ကျောင်းတစ်ခုတွင် လှိုင်သာယာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဂုဏ်ထူး ဦးမောင်မောင် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အင်းစိန်မြို့နယ် ကျောင်းသားများ သမဂ္ဂ...

လှိုင်သာယာ၊ သောင်ကြီးရဲစခန်းအနီး “Eradicate Racism, There are more than 9 Matyrs!” ဘန်နာဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းအနီးတွင် လှိုင်သာယာ အကသ ကျောင်းသားများက စစ်အာဏာရှင်တော်လှန်ရေဂ ခေတ်အဆက်ဆက်တွင် ကျဆုံးသွားသောအာဇာနည်မှာ ကိုးဦးမကကြောင်းကို ဘန်နာချခင်း၍ ဆေးနီပက်ဖြန်းခြင်း၊ နှင်းဆီပန်းကြဲခြင်းများဖြင့် ဆန္ဒပြကြသည်။

သာကေတတွင် “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” စာသားချိတ်ဆွဲ၍ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၈ ဒေါပုံမြို့နယ်ကျောင်းသားသမဂ္ဂနှင့် တာမွေမြို့နယ် ကျောင်းသားသမဂ္ဂများ စုပေါင်း၍ Yangon Democrative youths strike တို့မှ မတရားဖမ်းစီးခံထားရသော ရဲဘော်များ အတွက် "အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်" ဘန်နာကို သာကေတ တံတားဟောင်းတွင် ချိတ်ဆွဲ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး...

ရန်ကုန်တွင် “စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ် နိုင်ငံဟာ စစ်တပ်ရဲ့အစေခံမဖြစ်ရဘူး” စာတန်းချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၁၈ ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန် အင်အားစုမှ အာဇာနည်နေ့ အကြိုလှုပ်ရှားမှုအဖြစ် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏အဆိုအမိန့်များထဲမှတစ်ခုဖြစ်သည့် "စစ်တပ်ဟာနိုင်ငံရဲ့အစေခံဖြစ်ရမယ် နိုင်ငံဟာ စစ်တပ်ရဲ့အစေခံမဖြစ်ရဘူး" စာတန်းချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတွင် ၇၅ နှစ်မြောက် အာဇာနည်နေ့ အကြို သမဂ္ဂ ကျောင်းသားများ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၈ ယင်းမာပင်မြို့နယ်​ ကျောင်းသားများ သမဂ္ဂနှင့် ဆားလင်းကြီးမြို့နယ်​ ကျောင်းသားများ သမဂ္ဂမှ အမှု​ဆောင်၊ အဖွဲ့ဝင်များ ပူး​ပေါင်းကာ ၇၅ နှစ်​မြောက် အာဇာနည်​နေ့ အကြို အဖြစ် နွေဦး​တော်လှန်​ရေးတွင် ရဲဝံ့စွာ ကျဆုံးသွားသော အာဇာနည် သူရဲ​ကောင်းများ၏ ဂူဗိမာန်​ရှေ့၌ ခေတ်အဆက်ဆက် အာဇာနည်သူရဲ​ကောင်းများ၏...

မန္တလေးတွင် ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးချီတက်သပိတ်မှောက်

ရန်ကုန်၊ ဇူလိုင် ၁၈ မန္တလေးတွင် ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးချီတက်သပိတ်မှောက်ကြသည်။ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကျပ်နေသည့် မန္တလေး၌ မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်များနှင့် သံဃသမဂ္ဂ-မန္တလေးတို့ ပူးပေါင်း၍ “အာဇာနည်တို့အရိုးဖြင့် ဖက်ဒရယ်အလံတော်ကိုလွင့်ထူကြ” စာသားပါဘန်နာ...

Latest news

- Advertisement -spot_img