26 C
Yangon
spot_img

CATEGORY

Politics

စစ်အာဏာရှင် ချေမှုန်းရေး ၄၈၀ ရက်မြောက် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၄ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်တွင် ၄၈၀ ရက်မြောက်အဖြစ် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်း ဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ယနေ့ ဇူလိုင် ၄ ရက်နေ့၌ ဆန္ဒပြကြသည်။

ရန်ကုန်တွင် မင်းအောင်လှိုင်ပုံကို မီးရှို့ကာ ” ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ​ကြွေး​ကြော်သံဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်တွင် မင်းအောင်လှိုင်ပုံကို မီးရှို့ကာ " ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် " ​ကြွေး​ကြော်သံဖြင့် ယ​နေ့ည​နေပိုင်း ချီတက် ဆန္ဒပြကြသည်။ စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ ဗမာ့လူငယ်ကွန်ရက်၊...

အားမာန်သစ် သပိတ် စစ်ကြောင်း မင်းအောင်လှိုင်ပုံကို မီးရှို့၊ ခြေဖြင့်နင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၃ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် မင်းအောင်လှိုင်ပုံကို မီးရှို့၊ ခြေဖြင့်နင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး Sticker Campaign ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်မြို့နေရာအနှံ့တွင် လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ စာစောင်ဖြန့်ဝေခြင်း၊ sticker campiagn ပြုလုပ်ခြင်းနှင့်အတူ အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင်များ၏ဓာတ်ပုံတို့ကို မီးရှို့ခြင်းကို ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် မင်းအောင်လှိုင် မွေးနေ့အဖြစ် အကြမ်းဖက် စစ်ကောင်စီကို ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၃ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများ စုစည်း၍ ယနေ့ ဇူလိုင် ၃ ရက်‌နေ့တွင် စစ်ကောင်စီ၏ သံရုံး လုပ်ငန်းများကို လုံးဝ အသိအမှတ်ပြု လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့တွင် တစ်ညီတညွတ်ဆဲဆိုဆန္ဒပြကြသည်။

ပုဂံတွင် ကျင်းပသည့် အာဆီယံနိုင်ငံတချို့ပါဝင်တက်ရောက်သော မဲခေါင်-လန်ချန်း အစည်းအဝေးကို ကန့်ကွက်ပြီး စစ်အာဏာရှင် ကျဆုံးရေး ဖားကန့် ပြည်သူများချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၃ မြန်မာနိုင်ငံ၊ ပုဂံတွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံတချို့ပါဝင်တက်ရောက်သော မဲခေါင်-လန်ချန်း အစည်းအဝေးကို ကန့်ကွက်ပြီး စစ်အာဏာရှင် ကျဆုံးရေး ဖားကန့် ပြည်သူများ ယနေ့ ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ဖက်ဆစ် စစ်တပ်ကျဆုံးရေးနှင့် NUG ထောက်ခံရေး ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃ တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် ဒယ်ဂူးဆရာတော်ဦးဆောင်ကာ အကြမ်း ဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ၊NUG ထောက်ခံရေး ဆန္ဒပြခြင်းကို ကိုရီးယာ မြန်မာ နှစ်နိုင်ငံပူးပေါင်းဆန္ဒပြခဲ့ကြသည်။

စစ်အာဏာရှင် ဖြုတ်ချရေး ဆွီဒင်ရောက် မြန်မာများ ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၃ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ဆွီဒင်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများက ဇူလိုင် ၂ ရက်နေ့တွင် ဆန္ဒပြကြသည်။ ဆန္ဒပြပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သေဒဏ်ချမှတ်ခြင်း ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး ကြွေးကြော်ကြပြီး ကျေးရွာများကို...

စစ်အာဏာရှင်ချေမှုန်းရေး မြိုင်တွင် တော်လှန်ပြည်သူများ ဆန္ဒပြ၊ PDF များ လိုက်ပါဝန်းရံ

ရန်ကုန်၊ ဇူလိုင် ၃ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ဇူလိုင်လ ၂ ရက် ညနေပိုင်းတွင် ချီတက်ဆန္ဒပြကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်ပါဝန်းရံခဲ့ကြသည်။ ပြည်သူ့တော်လှန်ရေးတိုက်ပွဲ ကျရာနေရာမှပါဝင်ဆင်နွှဲ၊ စုစည်းကြညီညွတ်ကြ ဘုံရန်သူကိုအမြစ်ဖြတ်ကြ ဘန်နာများ ကိုင်ဆောင်ပြီး ကြွေးကြော်...

Latest news

- Advertisement -spot_img