28 C
Yangon
spot_img

CATEGORY

Politics

ဆားလင်းကြီးတွင် အမျိုးသမီးများ ဦးဆောင်ကာ “အမျိူးသမီးတို့တော်လှန် ၊ဆယ်လမွန်ငါးတို့အပြန်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမျိူးသမီးများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် “အမျိူးသမီးတို့တော်လှန် ၊ဆယ်လမွန်ငါးတို့အပြန်” စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ကို ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် လက်ပံတောင်းတောင် ပင်မ သပိတ်စစ်ကြောင်းနှင့် ပူးပေါင်း...

ရွှေရေကြည် သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဖားကန့် မှော်ပေါင်းစုံ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ ဖားကန့်မြို့နယ် မှော်ပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေခွန်မြေ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂ ရွှေဘိုတွင် ရွှေခွန်မြေ သပိတ် စစ်ကြောင်း ဦးဆောင်ကာ "လူ့အခွင့်အရေးအော်တဲ့ ကမ္ဘာကြီးရေ နိုင်ငံသေးလို့ကြည့်နေတာလား" ကြွေးကြော်သံဖြင့် ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆားလင်းကြီး အားမာန်သစ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁ ဆားလင်းကြီးမြို့နယ် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လှည်းတန်းစျေးသည်များ၏ ပစ္စည်းဥစ္စာ များကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းအပေါ်ရန်ကုန်တော်လှန်လူငယ်များဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁  ရန်သူစစ်တပ်၏ နေ့စဥ်ရက်ဆက် ဆိုးရွားလွန်းလှသော တရားမဲ့လုပ်ရပ်များကို လုံးဝသည်းမခံနိုင်တော့သော ရန်ကုန်မြို့ရှိ လူငယ်များ စုပေါင်း၍ "သူပုန် တွေလာပြီဟေ့" စာတန်းပါ ဘန်နာအား ကိုင်စွဲကာ အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြသည်။  ယမန်​နေ့ညမှ လှည်းတန်း​စျေးတွင် ဖြစ်ပွားခဲ့​သော စစ်တပ်၏ အကြမ်းဖက်မှုအ​ပေါ် ​ပြည်သူလူထုများအ​နေဖြင့်တုန်လှုပ်​နေမည်မဟုတ်​ကြောင်း ၊ ​တော်လှန်လူငယ်များအ​နေဖြင့်လည်း ​ကြောက်ရွံ့ခြင်းမရှိ ဆက်လက်​တော်လှန်​နေမည်​ဖြစ်​ကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်​ဖော်ပြသကြသည် ။  ထိုဆန္ဒပြပွဲမှတဆင့်ပြည်သူလူထုအား မတရားသည့် ခေတ်တွင် သူပုန်ဖြစ်ရခြင်းသည် ဂုဏ်သိက္ခာရှိကြောင်း၊ယခုအချိန်မှစ၍ မိမိတို့လူငယ်များမှ ကိုယ့်ကိုယ်ကိုယ် သူပုန်ဟု ကင်ပွန်းတပ် တံဆိပ်ခတ်ကာ ရန်သူစစ်တပ်အားပြောင်ပြောင်တင်းတင်း တော်လှန်ပုန်ကန်သွားတော့ မည်ဖြစ်ကြောင်း တပ်လှန့်လိုက်ပါသည်။  အဆိုပါ ဆန္ဒပြပွဲအား ဗမာ့လူငယ်ကွန်ရက်(ဗလက)မှ ဦးဆောင်၍ အခြေခံ ပညာကျောင်းသားလူငယ်များအစည်းအရုံး(အ.က.လ-ဗဟို)၊ ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ LGBT Community Yangon နှင့်တော်လှန်လူငယ်များမှ ပူးပေါင်းကာ(Youth Scout For Democray-YSD) ၏ Scout အကူအညီဖြင့်အင်တိုက်အားတိုက် ချီတက်ခဲ့ခြင်းဖြစ်သည်။ Photo- Assistance Association for Myanmar-based Independent Journalists ။

ကနီမြို့နယ်တွင် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁ ကနီမြို့နယ် ရှစ်ခိုးထပ်ကွေ့အနီး၌ ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး...

ဖားကန့်တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးမှော်ပေါင်းစုံ သပိတ်ချီတက်

ရန်ကုန်၊ ဇူလိုင် ၁ ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်ပေါင်းစုံ သပိတ်ချီတက်ခြင်းကို ယနေ့ ဇူလိုင် ၁ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

ရန်ကုန်တွင် “ကျောင်းသားသည် ထောင်နှင့် မဆိုင်” ဘန်နာကိုင်ဆွဲကာ ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၃၀ရန်ကုန်မြို့တစ်နေရာတွင် “ကျောင်းသားသည် ထောင်နှင့် မဆိုင်” ဘန်နာကိုင်ဆွဲကာ မင်္ဂလာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)၊တောင်ဒဂုံမြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်၍...

စစ်အာဏာရှင် ချေမှုန်းရေးနှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ဖားကန့်တွင် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၃၀ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် KIA၊ PDF၊ NUG ထောက်ခံပွဲ ဖားကန့် ပင်မ သပိတ်စစ်ကြောင်းသည် ယနေ့ဇွန်လ ၃၀ ရက် နံနက်၌ ချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြသူများက 'KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ လူသတ်...

Latest news

- Advertisement -spot_img