28 C
Yangon
spot_img

CATEGORY

Politics

ခင်ဦးရှိ ကျေးရွာ ၅ရွာကို စစ်တပ်က ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၇ဦးထက်မနည်း ပစ်သတ်ခံရ 

ရန်ကုန်၊ ဇန်နဝါရီ ၂၅  စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်၊ ပေါက်တော၊ ပေကုန်း၊ ကံကြီးကုန်း၊ ရွှေယမင်း ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၅ရက်နေ့နှင့် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ...

စစ်ဆင်ရေး နေရာကို အသိမပေးဘဲ တိုက်ခိုက်ခိုင်း၍ စစ်သားများက ဆွေမျိုးများနှင့် မွေးရပ်မြေကို ပြန်တိုက်နေရ၊ ဆွေမျိုးများကလည်း စစ်သားများကို လက် နက်ကိုင် ပြန်ချ၊ စစ်ကိုင်းတိုင်းတွင် စစ်တပ် သေဆုံးနှုန်းများနေဟု CDM ဗိုလ်ကြီးကောင်းသူဝင်းပြော

ရန်ကုန်၊ ဇန်နဝါရီလ ၂၆ အကြမ်းဖက် စစ်ကောင်စီက စစ်ဆင်ရေး နေရာကို အသိမပေးဘဲ တိုက်ခိုက်ခိုင်းနေသဖြင့် တပ်အတွင်းမှ စစ်သားများ ၎င်းတို့၏ဆွေမျိုးများနှင့် မွေးရပ်မြေများကို ပြန်လည်တိုက်ခိုက်နေရမှုများရှိနေကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောဆိုသည်။  လက်ရှိအချိန်တွင် စစ်သားများသည် ၎င်းတို့ ဆွေမျိုးများကပင် ပြန်လည်တိုက်ခိုက်ခြင်းကို ခံနေရကြောင်းနှင့် ရှေ့တန်းထွက်ချိန်တွင် မည်သည့်နေရာသို့...

ခင်ဦးတွင် စစ်ကောင်စီ တပ်စွဲထားသော စခန်း ၁ခု တိုက်ခိုက်ခံရပြီး စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၅ဦးနှင့် သပိတ်ကျင်းတွင် ၁ဦး သတ်ခံရ 

ရန်ကုန်၊ ဇန်နဝါရီ ၂၆  စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် မကျီးတုံကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ စခန်းတစ်ခုကို ခင်ဦး ပကဖ နှင့် ခရိုင် တပ်ရင်း(၃) ခင်ဦး PDF တပ်ဖွဲ့တို့ပူးပေါင်းကာ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့်...

နယ်စပ်တွင် တိုက်ပွဲများ ရပ်တန့်ရန် တရုတ်နိုင်ငံက ဖိအားပေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းအားလုံးနှင့်အတူ လက်တွဲမည်ဟု KIO ထုတ်ပြန်၊ မြန်မာနိုင်ငံအခြေအနေ အလုံးစုံပျက်သုန်းရေး ဦးတည်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံက နယ်စပ်ဒေသများတွင် တိုက်ပွဲများ ရပ်တန့်ရန် ဖိအားပေးနေပြီး KIO အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းများအားလုံးနှင့်အတူ လက်တွဲသွားမည်ဖြစ်ကြောင်း KIO က ယနေ့ သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော KIO...

NUG အစိုးရ ထောက်ခံကြိုဆိုကြောင်းနှင့် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ရွှေဘိုတွင် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဖြုတ်ချရေး ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

လောင်းလုံးတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အာရုံဦး သပိတ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် "ပြည်တော်ဝင်ဖို့ ရုန်းကြစို့" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အာရုံဦး သပိတ်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မူတြော်ခရိုင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီ စစ်သား ၁၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း ဇန်နဝါရီလ ၂၄ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးကာ အနည်းဆုံး ၁ ဦး...

စစ်ကောင်စီ၏ သဘာ၀ဓာတ်ငွေ့ဝင်ငွေရလမ်းအားလုံးကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် HRW က တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ပြင်သစ်စွမ်းအင် ကုမ္ပဏီ TOTAL နှင့် အမေရိကန် Chevron တို့က မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာ မည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘာ၀ဓာတ်ငွေ့ ဝင်ငွေရလမ်းအားလုံးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် Human Right Watch (HRW)က တောင်းဆိုလိုက်သည်။  စစ်ကောင်စီ၏...

မြိုင်မြို့နယ်တွင် ရေနံမှော်များကို  စစ်ကောင်စီက မီးရှို့ဖျက်ဆီးသည့်အပြင် အလုပ်သမားတချို့ကိုပါ စစ်တပ်က သတ်ဖြတ်၊ အမျိုးသမီးတချို့ကို ဖမ်းခေါ်သွား

ရန်ကုန်၊ ဇန်နဝါရီ ၂၆  မကွေးတိုင်း၊ မြို့နယ်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသည့်အပြင် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အလုပ် သမားတချို့ကိုပါ သတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက်ဖျက်ကြောင်း၊ အမျိုးသမီးတချို့လည်း ခေါ်ဆောင် သွားခံရကြောင်း ရေနံမှော်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။  ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ...

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၅  ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img