32 C
Yangon
spot_img

CATEGORY

Politics

စစ်ကိုင်းတွင် စစ်တပ်က မိဿာရွာနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ၊ ပြည်သူတချို့လည်း အဖမ်းခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁  စစ်ကိုင်းအတွင်းရှိ ရေဦးမြို့နယ် မိဿာရွာနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့ နံနက်ပိုင်းက စတင်ကာ မီးရှို့နေပြီး ပြည်သူတချိည့လည်း ဖမ်းဆီးထာကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ရေးဦးမြို့နယ်...

ရန်ကုန်တိုက်ကြီးတွင် မိုင်း ၃ လုံးကွဲပြီး စစ်သား ၂ ဦးသေဆုံးဟုဆို၊ မြောက်ဥက္ကလာအပါအဝင် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁  ရန်ကုန်တိုင်းတိုင်း၊ တိုက်ကြီးမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် မိုင်း ၃ လုံးပေါက်ကွဲပြီး စစ်သား ၂ ဦးထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  တိုက်ကြီးမြို့ပေါ်၊ ချမ်းမြသာစည်လမ်း အနီး လုံခြုံရေးဂိတ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်...

ရန်ကုန်၊ သင်္ဃန်းကျွန်း Asia Smile ဟိုတယ်ရှေ့တွင် လူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ်၊ တစ်ဦးမှာ ကျည်ထိဒဏ်ရာရစဉ် ရိုက်နှက်ခံရ ၊ ရွှေပြည်သာတွင် ဆိုင်ကယ်စီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁  ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး Asia Smile Hotel ရှေ့တွင် လူငယ် နှစ်ဦးကို စစ်တပ်က ပစ်ခတ်ရာ လူငယ် ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အဆိုပါ ဒဏ်ရာရ လူငယ်ကို စစ်တပ်က ၀ိုင်းဝန်းရိုက်နှက်ကြကြောင်း‌ ဒေသခံများက...

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ၃၁၇ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၂၁ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့်  ၃၁၇ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

မြိုင်မြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဖြုတ်ချရေး  ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းကာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ညနေဆည်းဆာသပိတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။ Photo BEGSC

ရေဦးမြို့ ချမ်းသာရွာသို့ အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်ကာ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းကို ဖျက်ဆီး၊ ပစ္စည်းများကို ခိုးယူသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၁  ရေဦးမြို့နယ် ချမ်းသာရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီတွင် ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းဝင်းနှင့် ဘုရင်ဂျီ ဘုရားကျောင်းကို ဝင်ရောက်ကာ မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။  “ညပိုင်းကို ချမ်းသာရွာရဲ့ ဘုရင်ဂျီဘုရားကျောင်းထဲမှာ တပ်စွဲပြီး...

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် ၃ ရက် ဆက်တိုက် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂ ဦးသေ၊ စစ်ကား ၂ စီး ပျက်စီး၊ ကျည်ဆံထိမှန်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း  ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ၊ စစ်ကား ၂ စီးပျက်စီးခဲ့ကာ စစ်ကောင်စီ...

မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် နိုင်ငံတကာက ကြေညာပေးရန် ချင်း၊ ကရင်၊ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင် ၃ ခုက ပူးပေါင်းထုတ်ပြန်တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံကိုယ်စားလှယ်ရုံးမှ အဆိုပြုသော မြန်မာနိုင်ငံအပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီးပေးပို့ရေး အပေါ် ထောက်ခံကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံတွင်  စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကြေညာပြီး လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရေးအပါအဝင် အချက် ၃ ချက်ကို ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၊...

ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၂၀ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img