23 C
Yangon
spot_img

CATEGORY

Politics

“ငါတို့မြို့ငါတို့ရွာကိုငါတို့ပိုင်တယ်ငါတို့ငြိမ်ချင်ငြိမ်မယ်ငါတို့လှုပ်ချင်လှုပ်မယ်” စာသားနှင့် မြိုင်တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ အာဏာသိမ်း(၁)နှစ်ပြည့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခြင်းကို ဒေသခံကာကာကွယ်ရေးတပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ချင်းအမျိုးသား လက်နက်ကိုင် တပ်များအတွက် ရန်ပုံ​ငွေ ရှာ​ဖွေ​ရေး ​ဘောလုံးပြိုင်ပွဲ မ​လေးရှားတွင် ကျင်းပ

ရန်ကုန်၊ ​ဖေ​ဖော်ဝါရီ ၁သူရဲကောင်းချင်းအမျိုးသား လက်နက်ကိုင်တပ်များအတွက် ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲကို မ​လေးရှားနိုင်ငံတွင် ယ​နေ့ စတင်ကျင်းပ​ကြောင်း သိရှိရသည်။

ဂျာမနီရှိ မြန်မာသံရုံးနှင့် စစ်သံရုံး​ရှေ့သို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်​ကြောင်း ချီတက် သပိတ်​မှောက်၊ စစ်သံမှူး အောင်ကျော်မိုးကို မအလဟု အော်ဟစ်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးရှေ့သို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ဥရောပရောက် မြန်မာများက ယနေ့ ချီတက် ဆန္ဒပြကြသည်။ စစ်သံမှူး အောင်ကျော်မိုးကို မအလဟု ပြည်ပရောက် မြန်မာက အော်ဟစ် ဆန္ဒကြသည်။

အသံတိတ်သပိတ် ပြီးဆုံးပြီးနောက် စုန်းချောင်းကျေးရွာ စစ်အာဏာရှင်ဖြုတ်ချရေး သပိတ်စစ်ကြောင်း လူအင်အားပြည့်ဖြင့် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ နိုင်ငံတဝန်း ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ် ပြီးဆုံးပြီးနောက် ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် ညနေပိုင်းတွင် လူအင်အားအမြောက်အများဖြင့် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။ဓာတ်ပုံ - မုံရွာချင်းတွင်းရိုးမ

ဘုတလင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့များ လိုက်ပါဝန်းရံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဘုတလင်မြို့နယ်တွက် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၌ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကို ဒေသခံပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ပြီး PDF တပ်ဖွဲ့ဝင်များက လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။

ပခုက္ကူတွင် သွေးစွန်းသောနေ့ တစ်နှစ်ပြည် အမှတ်တရ ပခုက္ကူ ပင်မသပိတ်စစ်ကြောင်းကို ညနေပိုင်းတွင် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ပခုက္ကူတွင် အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို အသံတိတ်သပိတ်အပြီး ညနေ ၅ နာရီခွဲ အချိန်တွင် ပြည်သူများ စုဝေးကာ သွေးစွန်းသောနေ့ တစ်နှစ်ပြည် အမှတ်တရ ပခုက္ကူ ပင်မသပိတ်စစ်ကြောင်း ချီတက်ခြင်းကို ဖေဖော်ဝါရီ ၁ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အကြမ်းဖက် အာဏာသိမ်းဖက်ဆစ် စစ်ကောင်စီနှင့် လက်တွဲအလုပ်လုပ်နေခြင်းများကို ကန့်ကွက်သည့် လက်ကမ်းစာစောင်များကို နယူးဒေလီမြို့တွင် လိုက်လံဖြန့်ဝေ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီနှင့် လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက လက်တွဲ အလုပ်လုပ်နေခြင်းများကို ကန့်ကွက်ကြောင်းနှင့် ဖက်ဆစ်စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ထားသော ပြစ်မှုများရေးသားထားသည့် လက်ကမ်းစာစောင်များကို India for Myanmar အဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ...

စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်နေတဲ့ မန္တလေးပြည်သူများ၏ အသံတိတ် သပိတ်မွန်းလွဲပိုင်း မြင်ကွင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မန္တလေးပြည်သူများက စစ်အာဏာရှင်ကို တော်လှန်တဲ့ အသံတိတ် သပိတ်မှာ ကြံ့ကြံ့ခံ ပါဝင်နေကြပါတယ်။ မွန်းလွဲ ၂ နာရီခွဲနီးပါးရှိလာသည်အထိ မန္တလေးမြို့ ယာဉ်အသွားအလာနဲ့ လူအသွားအလာ လုံး၀ မရှိသလောက်ကို နည်းပါးနေပါတယ်။ Photo - Simulation

စစ်ကိုင်း၊ ကနီနှင့် မုံရွာ-အမြင့်လမ်းတို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်းမြို့၊ ကနီမြို့နှင့် မုံရွာ-အမြင့်လမ်းတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ရှမ်းပြည်နယ် ဟဲဟိုးမြို့များတွင်လည်း အသံတိတ်သပိတ်တွင် ပါဝင် ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ရှမ်းပြည်နယ် ဟဲဟိုမြို့များရှိ ဒေသခံပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲဆန္ဒပြကြသည်။

Latest news

- Advertisement -spot_img