29 C
Yangon
spot_img

CATEGORY

Politics

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးနှင့်တွေ့ဆုံဆွေးနွေးရေး  အာဆီယံဘုံသဘောတူညီချက် စစ်ကောင်စီ မလုပ်ဆောင်သရွေ့ အစည်းအဝေးများ တက်ခွင့်မပေးသင့်ဟု စင်ကာပူဝန်ကြီးချုပ်က ဟွန်ဆင်ကို အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၆  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးနှင့်တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသရွေ့ အာဆီယံထိပ်သီးအစည်း အဝေးများ တက်ခွင့်မပေးသင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်နှင့် စင်ကာပူဝန်ကြီးချုပ်တို့...

KNU မူတြော်ခရိုင်တွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၁၁၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF မှ ၅၄ ဦး သေဆုံး ၄၈ ဦး ဒဏ်ရာရ၊ KNLA ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ခါးပိုက်ဆောင် BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲ ၁၁၉...

NCA လက်မှတ်ရေးထိုးထားသော ABSDF ကျောင်းသားတပ်မတော်က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီဟု ဥက္ကဋ္ဌ ရဲဘော်သံခဲ အတည်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၆ အကြမ်းဖက်  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီတပ်များကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသော  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့က တိုက်ခိုက်နေပြီဖြစ်ကြောင်း ABSDF  ဥက္ကဋ္ဌ ရဲဘော်သံခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ...

ဖားကန့်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်သတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၆  ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ခိုပ်ရေးမှူး ၂ ဦးကို မနေ့က ဇန်နဝါရီလ ၁၅ရက်နေ့ နံနက်ပိုင်း ၁၀နာရီခွဲအချိန် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေဆီကသိရပါတယ် ။ ပစ်သတ်ခံရသည့် အမျိုးသားနှစ်ဦးမှာ ဆိပ်မူကျေးရွာက အသက် ၅၀ နှစ်အရွယ်ရှိ...

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲခံရ 

ရန်ကုန်၊ ဇန်နဝါရီ ၁၆  ရန်ကုန်မြို့လယ်ခေါင်၊ ကုန်သည်လမ်းပေါ်ရှိ  ကျောက်တံတားမြို့နယ် လျှပ်စစ်မန်နေဂျာရုံး ယနေ့ နံနက်ပိုင်းတွင် ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။  ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၄ မိနစ်အချိန် ပြည်သူများထံမှ လျှပ်စစ်မီတာခများ အတင်းအကျပ်တောင်းခံနေသော စစ်ကောင်စီ၏ ယန္တရားတစ်ခုဖြစ်သည့် ကျောက်တံတားမြို့နယ်...

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ၃၁၂ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံ ၃၁၂ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

ဖလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး လွိုင်ကော်အကျဉ်းထောင်အနီးရှိ စစ်တပ်ကင်းပုန်း အတိုက်ခံရမှု ၆ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆  ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် CNDF တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်း ထောင်အနီးရှိ စစ်တပ်ကင်းပုန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ် ပြန်သည်။  ဇန်နဝါရီလ ၁၄ ရက်နေ့...

မြောင်မြို့တွင်PDF များ၏ လုံခြုံ​ရေး ယူ​ပေးမှုဖြင့် NUGထောက်ခံပွဲနှင့်စစ်အာဏာရှင် ဆန့်ကျင်​ရေး ပြည်သူ့သပိတ်  ချီတက် 

ရန်ကုန်၊ ဇန်နဝါရီ ၁၆  စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အာဏာရှင်ကို အဆုံးစွန် ရွံ့ရှာနေသော ပြည်သူများ ၏ NUGထောက်ခံပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သပိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့များ၏ လုံခြုံရေးယူပေးမှုဖြင့် ယမန်နေ့က အောင်မြင်စွာ ချီတက် ပြုလုပ်ကြသည်။  ​မြောင်မြို့ပေါ်တွင် စစ်တပ်ရှိနေသည့်ကြားမှ မြောင်မြို့နယ်  ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များဖြစ်ကြသည့်  Myaung...

‘ပြည်သူမှတပါး အခြားအားကိုးစရာမရှိ’ ဟု ကြွေးကြော်ကာ စစ်အာဏာရှင်ချေမှုန်းရေး လောင်းလုံးတွင် ဆန္ဒပြ

ရကုန်၊ ဇန်နဝါရီ ၁၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များပူးပေါင်းကာ ဇန်နဝါရီလ ၁၆ရက် နံနက်ပိုင်းတွင် 'ပြည်သူမှတပါး အခြားအားကိုးစရာမရှိ' ကြွေးကြော်သံဖြင့် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး သပိတ်မှောက်ဆန္ဒပြကြသည်။

ပဲခူး၊ ရွှေဘို၊ကျိုက်ထို၊ မုံရွာတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီး ၁၃ ဦး အသတ်ခံရ 

ရန်ကုန်၊ ဇန်နဝါရီ ၁၅  ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့်မုံရွာမြို့နယ်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီး ၁၃ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။  ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စိုင်းတမော့လေးကျေးရွာ ရာအိမ်မှူး ပျူ‌စောထီးခေါင်းဆောင် အေးမင်းစိုးသည် ဇန်နဝါရီ ၁၄ ရက်နေ့...

Latest news

- Advertisement -spot_img