28.6 C
Yangon
spot_img

CATEGORY

Politics

ဖားကန့်တစ်မြို့လုံး သင်္ကြန် အကြတ်နေ့ အကြမ်းဖက် စစ်တပ်က ပြုလုပ်သည့် သင်္ကြန်ပွဲ ပြည်သူများ ပါဝင် ဆင်နွှဲခြင်း မရှိဘဲ သပိတ်မှောက်

ရန်ကုန်၊ ဧပြီ ၁၅ ကချင်ပြည်နယ်၊ ဖားကန့်တွင် ယနေ့ ကျရောက်သော သင်္ကြန် အကြတ်နေ့၌ အကြမ်းဖက် စစ်တပ်က ပြုလုပ်သည့် သင်္ကြန်ပွဲကို ပြည်သူများ ပါဝင်ဆင်နွှဲခြင်း မရှိဘဲ ဆက်တိုက် သပိတ်မှောက်လျက် ရှိကြောင်း သိရသည်။

ဖားကန့်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မှော်ပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၅ ဖားကန့်မြို့နယ်လုံးဆိုင်ရာ မှော်ပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လက်ပံတောင်းတောင်ဒေသ ပင်မသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၅ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၁၅ ရက်နေ့တွင် "အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာသားကို ကိုင်ဆွဲကာ ညနေခင်းသပိတ်အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၅ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ရက် သင်္ကြန် အကြတ်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန် လှိုင်စစ်ကြောရေး အနီး “ပေတရာပေါ်မှာ သွေးမြေကျနေဆဲမို့ ပျော်စရာ သင်္ကြန် မဟုတ်ပါ” စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ ဧပြီ ၁၅ ရန်ကုန် ဗဟိုလမ်း လှိုင်စစ်ကြောရေး အနီးတွင် YGR အဖွဲ့မှ တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး "ပေတရာပေါ်မှာ သွေးမြေကျနေဆဲမို့ ပျော်စရာ သင်္ကြန် မဟုတ်ပါ"...

ရန်ကုန်လှည်းတန်းကုန်းတံတားအောက်တွင် “လူထုအခြေမပြုတဲ့ သင်္ကြန် မဆင်နွှဲခြင်းဖြင့် ပုန်ကန်” စစ်အာဏာရှင် ဆန့်ကျင်ရေးပိုစတာချိတ်ဆွဲ

ရန်ကုန်၊ ဧပြီ ၁၅ ယနေ့ ကျရောက်သော သင်္ကြန် အကြတ်နေ့တွင် ရန်ကုန်မြို့၏ အချက်အချာကျသော လှည်းတန်းဂုံးတံတားအောက် ပြည်လမ်းမပေါ်တွင် ရန်ကုန်လူထုသပိတ်မှလူငယ်များသည် "လူထုအခြေမပြုတဲ့ သင်္ကြန် မဆင်နွှဲခြင်းဖြင့်ပုန်ကန်" ဟူသော စာသားကို ရန်ကုန်လူထုသပိတ်က ချိတ်ဆွဲကာ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်သည် ။အဆိုပါ စာသားနှင့်အတူ "Revolution Is...

အရာတော်တွင် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ ဧပြီ ၁၅ အရာတော်မြို့တွင် အရာနော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ ကျေးရွာလူထုက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သပိတ်စစ်ကြောင်းကို ယနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ချီတက်ခဲ့ကြသည်။

စစ်ကောင်စီ လက်ထက် ပြုလုပ်သည့် သင်္ကြန်ပွဲတွင် ပါဝင်ခြင်းမရှိဘဲ တောင်ကြီးမြို့ခံများ ဆက်လက်သပိတ်မှောက်

ရန်ကုန်၊ ဧပြီ ၁၅ အကြမ်းဖက် စစ်ကောင်စီ လက်ထက် ပြုလုပ်ကျင်းပနေသည့် သင်္ကြန်ပွဲတွင် ရှမ်းပြည်နယ် မြို့တော်တောင်ကြီးရှိ ပြည်သူများသည် ပူးပေါင်းပါဝင်ခြင်းမပြုခြင်းကြောင့် မြို့ပေါ်တွင်ခြောက်ကပ်လျှက်ရှိသည်ကို ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် တွေ့မြင်ရသည်။မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီလက်ထက်၌ ကျင်းပနေသည့် သင်္ကြန်ပွဲတွင် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများသည်...

ဖားကန့်ပြည်သူများက ရေကစားခြင်းမပြုဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်သင်္ကြန်အဖြစ် ချီတက် သပိတ်မှောက်

ရန်ကုန်၊ ဧပြီ ၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ ရေကစားခြင်းမပြုဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်သင်္ကြန်အဖြစ် ချီတက် သပိတ်မှောက်ကြသည်။

ရေဖြူတွင် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ပြုလုပ်

ရန်ကုန်၊ဧပြီ ၁၅ ရေဖြူမြို့နယ်အတွင်းရှိ လူငယ်များမှ ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် "အပျော်သင်္ကြန်တို့ငြင်းဆန်၊တော်လှန်သင်္ကြန် ပြည်သူ့အသံ"ခေါင်းစဥ်နှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

Latest news

- Advertisement -spot_img