24 C
Yangon
spot_img

CATEGORY

Politics

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ရပ်တန့်၊ ကားပေါ်မှ ဆင်းလာသော စစ်သားများ ထပ်မံမိုင်းဆွဲခံရပြီး အများအပြား သေဆုံးဒဏ်ရာရ 

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ တောင်ဘက်သို့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီခန့်၌ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး PDF နှင့် မုံရွာ IGF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး...

အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကြပ် ၁ ဦး ဖရူဆို PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၁ ခုမှ အသက် ၄၉ နှစ်အရွယ် တပ်ကြပ် ၁ ဦးသည် ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဖရူဆို ထံ သေနတ် ၁ လက်၊ ကျည်ဆံ ၁၀၁...

ရွှေဘိုတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၂၂  ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ ပါဝင်သော ရွှေခွန်မြေ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၂ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ https://www.youtube.com/watch?v=8ib3z9ok0Y4

ရန်ကုန် မြောက်ဥက္ကလာတွင် ဗကသ ကျောင်းသားများနှင့် သပိတ်ကော်မတီလူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၂၂  ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ)၊ လူထုအခြေပြု အထွေထွေ သပိတ်ကော်မတီ၊ အဖိနှိပ်ခံလူထုကိုယ်စားပြု မြောက်ဒဂုံသပိတ်ကော်မတီ (NDOPSC)၊ ရွှေပြည်သာမြို့နယ် လူထုသပိတ်ကော်မတီ တို့ ပူးပေါင်းကာ ယနေ့...

ရန်ကုန်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ယာဉ်ထိန်းရဲကင်း ဗုံးပေါက်ကွဲ၊ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရန်ကုန်၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ယာဉ်ထိန်းရဲကင်းအတွင်း ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် ၂ ကြိမ်ဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ၁ ခုက ၂ ကြိမ်ဆက် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြေင်း...

မင်းအောင်လှိုင် မြောက်ကိုရီးယားပုံစံ အလေးပြုခံမည်၊ သိန်း ၉ သောင်း ဘတ် ဂျက်လျာထားပြီး လိုသလောက်သုံးစွဲခွင့်ပြု၊ ဝန်ကြီးဌာနတစ်ခုလျှင် ဝန်ထမ်း ၁၀၀ ကျော်ကို စစ်ကြောင်းပုံစံ ချီတက် အလေးပြုရန် စစ်တပ်က သင်တန်းပေး၊ မင်းအောင်လှိုင် “အာဏာရူး” နေဟု စစ်တပ်အသိုင်းအဝိုင်းပြော

By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ် မြောက် စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မြောက်ကိုရီးယားပုံစံ အလေးပြုခံမည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနှင့် ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။  ဝန်ကြီးဌာန တစ်ခုလျှင် ဝန်ထမ်း ၁၀၀ ကျော်...

ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့ တနေကုန် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီမှ အများအပြားသေဆုံးပြီး လေကြောင်းမှ ဗုံးကျဲပစ်ခတ်၊ လေထီးဖြင့်လည်း ဆင်းသက်လာမှုများရှိ၊ KNDF လက်ဖြောင့်တပ်သား ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ ၅ မိုင်နှင့် ၆ မိုင်ကျေးရွာများတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်သလို...

လှိုင်သာယာတွင် အထည်ချုပ်စက်ရုံနှင့် စစ်ကား ၁ စီး ဗုံးခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ကြားရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်မှတ်တိုင်အနီးရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ယနေ့နံနက် ၅ နာရီခွဲတွင် From Zero to Hero အဖွဲ့က လက် လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပေါက်ကွဲသံကြောင့် တပ်ရင်း ၉ ဘက်မှ စစ်ကား ၁...

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများနှင့် BGF ယာဉ်တန်းများကို KNLA ဝင်တိုက်၊ စစ်သားနှင့် BGF ၁၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်)ခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီက ကျူးကျော်တပ်စွဲထားသော သစ်တပင်ကုန်း တပ်စခန်းနှင့် BGF ယာဉ်တန်းများကို ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့်...

စစ်ကျွန်ပညာရေး ဆန့်ကျင်သပိတ်မှောက်ရန် အောင်မြေသာစံကျောင်းသားများ စာကပ်လှုပ်ရှား

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အကြမ်းဖက်စစ်အာဏာရှင် လက်အောက်၌ သင်ကြားနေသည့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ရန် အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) သည် ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက်အစောပိုင်းတွင် စာသင်ကျောင်းနံရံများ၌ စာရွက်များကပ်ကာ ဆန့်ကျင်လှုပ်ရှားကြသည်။

Latest news

- Advertisement -spot_img