18 C
Yangon
spot_img

CATEGORY

Politics

မုံရွာ-အမြင့်လမ်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  မုံရွာ-အမြင့်လမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး "ပြည်တော်ဝင်ဖို့ ရုန်းကြစို့" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အရာတော်တွင် အသက် ၁ဝနှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးကို PDF ဟု စွတ်စွဲကာ စစ်တပ်က ပစ်သတ် 

ရန်ကုန်၊ ဇန်နဝါရီ ၂၆ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဘော်ကုန်းကျေးရွာအနီးတွင် ယာခင်းစိုက်ပျိုးရေး လုပ်ကိုင်နေသော ကိုဆန်းလင်း အသက်(၃၇)နှစ်၊ မောင်ကလား အသက်(၁၀)နှစ်၊ အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူ တစ်ဦးဖြစ်သည့် ဦးဖိုးသောင်း အသက်(၆၀)နှစ်တို့ကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်...

၂၀၂၁ ခုနှစ်အတွင်း ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲ ၁၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၈ လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပေါင်း ၁၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀၂၉ ဦးသေဆုံးကြောင်း၊ ချင်းတပ်ဖွဲ့ဝင် ၅၈ ဦး ကျဆုံးခဲ့ကြောင်း ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ Chinland...

ချောင်းဦးတွင်  Non CDM ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ တက္ကသိုလ်ကျောင်း သူ ၂ ဦး ကို PDF ထောက်ပံ့မှုဖြင့် စစ်တပ်က ဖမ်းဆီး၊ ပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်ပြီး မိသားစုတွေ့ခွင့်မရ  

ရန်ကုန်၊ ဇန်နဝါရီ ၂၆ စစ်ကိုင်းတိုင်း၊  ချောင်းဦးမြို့နယ်တွင် Non CDM ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရှိရသည်။  ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ...

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ၊ KIA PDF နှင့် NUG ထောက်ခံရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ KIA ၊ PDF နှင့် NUG ထောက်ခံရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။  ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၅ လ ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကောင်စီ...

အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လက်ပံတောင်းတောင် ပင်မသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  ဆားလင်းကြီးတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လက်ပံတောင်းတောင် ပင်မသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

မြို့နယ်များတွင် စစ်မှုထမ်းဟောင်း စာရင်း လျှို့ဝှက်ကောက်ယူ၊ ရပ်ရွာများတွင် စစ်သင်တန်းတက်ရန် စစ်တပ်က လူလိုက်စုနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက မြို့နယ်များတွင် စစ်မှုထမ်းဟောင်း စာ ရင်း ကို လျှို့ဝှက်ကောက်ယူ လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။  "မြို့နယ်တွေမှာ စစ်မှုထမ်းဟောင်း ကိုယ်ရေးအချက်အလက်(လျှို့ဝှက်)ဆိုပြီး စစ်ကောင်စီကတောင်းနေတပါတယ်။ ဖြည့်ရမယ့်ဖောင်မှာလည်း လျှို့ဝှက်လို့ရေးထားတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အမှတ်ကစလို့ ကိုယ်ရေးအကျဉ်း အကုန်ဖြည့်ရတယ်။...

နိုင်ငံတစ်ဝန်း စျေးများအားလုံး ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်တွင် ဆိုင်ပိတ်လျှင် ဥပဒေမျိုးစုံ သုံး၍ ဖမ်းဆီးထောင်ချ ချိတ်ပိတ်မည်ဟု စစ် တပ်က ခြိမ်းခြောက်၊ ဆိုင်ပိုင်ရှင်စာရင်းနှင့်ဖုန်းနံပါတ်များ လိုက်တောင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  မြန်မာနိုင်ငံတစ်ဝန်းစျေးများအားလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်တွင် ပါဝင်ပြီး ဆိုင်ပိတ်လျှင် ဥပဒေမျိုးစုံသုံး၍ ဖမ်းဆီးထောင်ချ ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောကလျက်ရှိပြီး ဆိုင်ပိုင်ရှင် နာမည်စာရင်း၊ လိပ်စာနှင့် ဖုန်းနံပါတ်များကို လိုက်လံတောင်းခံလျက်ရှိကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။  နေပြည်တော်၊ ပုဗ္ဗသီရိစျေး...

ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၆  ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img