26 C
Yangon
spot_img

CATEGORY

Politics

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ၃၁၆ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၂၀ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့်  ၃၁၆ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၀ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။ https://www.youtube.com/watch?v=FdPkkNwZDbA

ကန့်ဘလူတွင် စစ်ကောင်စီ၏ ထုတ်ကုန် Tiger နှင့် Adman ဘီယာများကို ဖမ်းဆီးပြီး ကုန်တင်ကားဖြင့်ကြိတ်ကာ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၀  စစ်ကိုင်းတိုင်း ကန့်ဘလူ-ကောလင်းလမ်းပိုင်းတစ်နေရာတွင် ယနေ့ ဇန်နဝါ ရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၂၀ ဝန်းကျင်  ကန့်ဘလူမှကောလင်းဘက်တက်လာသောကားများတွင် စစ်တပ်ထုတ်ကုန် Tiger နှင့် Adman Beer များ စိစစ်တွေ့ရှိရ၍ ဖမ်းဆီးပြီး ဖျက်ဆီးလိုက်ကြောင်း...

မြန်မာစစ်ကောင်စီ၏ ဝင်ငွေရလမ်း ဓာတ်ငွေ့အခွန်ငွေကို ပိတ်ဆို့ရန် အမေရိကန်နှင့် ပြင်သစ်သမ္မတထံ နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့ ၂၁ ခုက စာပို့

ရန်ကုန်၊ ဇန်နဝါရီ ၂၀ မြန်မာစစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်သော သဘာ၀ဓာတ်ငွေ့လုပ်ငန်းအခွန် ပေးဆောင်မှုများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ဆောင်ရွက် အမေရိကန်သမ္မတ Joseph R. Bidenနှင့် ပြင်သစ် သမ္မတ Emmanuel Macronထံသို့ နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့အစည်း ၂၁ ခုက  ယနေ့ စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။ ကမ္ဘာတစ်ဝန်းရှိ...

လောင်းလုံးတွင် “စစ်ကော်စီနှင့်ပူးပေါင်းသူမှန်သမျှ ပြတ် ပြတ် သားသားဆန့်ကျင်ကြ” သပိတ်စစ်​ကြောင်း ချီတက် 

ရန်ကုန်၊ ဇန်နဝါရီလ ၂၀ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံ ပညာကျောင်းသားများသမဂ္ဂနှင့်ပြည်သူများပူးပေါင်းကာ ဇန်နဝါရီလ ၂၀ ရက်​နေ့ နံနက်ပိုင်းတွင် “စစ်ကောင်စီနှင့်ပူးပေါင်းသူမှန်သမျှ-ပြတ်ပြတ်သားသားဆန့်ကျင်ကြ”ဆိုသည့် ကြွေး ကြော်သံဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်ကြသည်။

ရန်ကုန်တောင်ဒဂုံရဲစခန်းတွင် ဗုံး ၂ လုံးဆင့်ပေါက်ပြီး အရေးပေါ်လူနာတင် ကားဝင်ရောက်သွားကာ ထိခိုက်သေဆုံးမှုရှိနိုင်၊  မြောက်ဥက္ကလာတွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉  ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းတွင် ယနေ့ညပိုင်း ဗုံး ၂ လုံးဆင့်ပေါက်ပြီး အရေးပေါ်လူနာတင်ကားများဝင်ရောက်သွားသဖြင့် ထိခိုက်သေမှုရှိနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းတွင်ဗုံး ၂လုံးဆင့်ပေါက်ကြောင်း အရေးပေါ်ကားများချက်ချင်းရောက်လာသဖြင့် အထိအခိုက်သေဆုံးမှုရှိနိုင်ကြောင်း...

ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ဒီပဲယင်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၉ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာမှ ဦးကိုဦး ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၉  စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာမှ ဦးကိုဦးကို စစ်ကောင်စီတပ်က ကျေးရွာကို ဝင်ရောက်စီးနင်းစဉ် ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၅၇ မိနစ်အချိန်  ခင်ဦးမြို့နယ်မှ ဆိုင်ကယ် ၆ စီး၊...

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ် 

ရန်ကုန်၊ ဇန်နဝါရီ ၁၉ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် "ပြည်သူသာအမိ ပြည်သူသာအဖ "အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ - သံဃသမဂ္ဂ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း...

KNU တပ်မဟာ ၁ နယ်မြေတွင် စစ်ကောင်စီယာဉ်တန်းကို KNLA နှင့် ဒေသပြောက်ကျားအဖွဲ့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ် ၁ ဦးအပါအဝင် ၁၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၁ နယ်မြေ ဒူးသထူ (သထုံ) ခရိုင်တွင် စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီလ ၁၄ ရက်နံနက်တွင် KNLA နှင့် သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး အပါအဝင်...

Latest news

- Advertisement -spot_img