24 C
Yangon
spot_img

CATEGORY

Politics

အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြိုင်သပိတ် စစ်ကြောင်း ညသပိတ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၉ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မတ်လ ၉ ရက်နေ့တွင် "ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာဖြင့်သာ တော်လှန်ရေးကိုဦးဆောင်ကြ" စာတန်း ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ချီတက်...

လောင်းလုံးတွင်”ဓမ္မကိုသာ ရွေးချယ်ပါ၊ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး” ဆိုတဲ့ ခေါင်းစဥ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များက မတ်လ ၉ရက်နေ့ညတွင် "ဓမ္မကိုသာ ရွေးချယ်ပါ၊ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး" ဆိုတဲ့ ခေါင်းစဥ်နှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပြည်/ခွန် ညသပိတ်ပြုလုပ်

ရန်ကုန်၊ မတ် ၉ မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လက်ပံတောင်းတောင် ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၉ မုံရွာတွင် လက်ပံတောင်းတောင် ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၉ရက်နေ့တွင် “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် အမျိုးသမီး ဦးဆောင်သည့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၉ ယင်းမာပင်မြို့နယ်တွင် အမျိုးသမီးများ ဦးဆောင်သည့် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၉ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်းနှစ်ပတ်လည်အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချကာ “ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး၊ RIT သမိုင်းမရိုင်းစေရ” စာသားများချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား

ရန်ကုန်၊ မတ် ၉ ရန်ကုန်နည်းပညာတက္ကသိုလ်ဂိတ်ပေါက်ဝတွင် "ပေတရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး" "RIT သမိုင်းမရိုင်းစေရ" ဟူသောစာတန်းများချိတ်ဆွဲ၍ မတ်လ ၈ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြသည်။သွေးစွန်းပညာရေးကိုလည်ပတ်နေသော တက္ကသိုလ်ဆိုင်းဘုတ်ကို ဆေးနီပတ်ဖြန်းခဲ့ပြီး ထို့နောက် ကိုဖုန်း‌မော်၊ ကိုစိုးနိုင်တို့ကျည်ထိမှန်ကျဆုံးခဲ့ရာ နေရာနားတွင်လည်း လွမ်းသူ့ပန်းခွေနှင့် သမဂ္ဂခွပ်ဒေါင်းအလံချကာ အလေးပြုခဲ့ကြကြောင်း၊ ထိုလှုပ်ရှားမှုကို ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့်...

စစ်ကောင်စီ ချေမှုန်း‌ရေး ကလေးမြို့ ၃၉၅ ရက်မြောက် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၉ အကြမ်းဖက် စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းတွင် ၃၉၅ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

ယင်းမာပင်တွင် “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်းကိုင်ဆွဲပြီး စစ်ကောင်စီ တော်လှန်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၉ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၆၄ ရက်မြောက်နေ့ အမျိုးသမီးသပိတ် စစ်ကြောင်းကို ယနေ့ မတ် ၉ ရက်နေ့တွင် “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်းကိုင်ဆွဲပြီး ဖက်ဆစ် စစ်ကောင်စီ...

ယင်းမာပင်တွင် စစ်အာဏာရှင် ဖြုတ်ချရေး နံနက်ခင်းသပိတ် ချီတက်

ရန်ကုန်၊ မတ် ၉ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ခင်း ပြည်သူများက ချီတက်သပိတ်မှောက်ကြသည်။

စစ်အာဏာရှင်ချေမှုန်းရေးနှင့် စုအသက်မွေးဝမ်းကျောင်း ကျောင်းအုပ်ကိုဇော်မြတ်လင်း နှိပ်စက်သတ်ဖြတ်ခံရခြင်း တနှစ်ပြည့် ရွှေပြည်သာတွင် ပြုလုပ်

ရန်ကုန်၊ မတ် ၉ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ယနေ့မတ်လ ၉ ရက် နံနက်တွင် ရွှေပြည်သာရှိ တော်လှန်ပြည်သူများက ဆန္ဒပြကြပြီး ရွှေပြည်သာ အာဇာနည်သူရဲကောင်း စုအသက်မွေးဝမ်းကျောင်း ကျောင်းအုပ် ကိုဇော်မြတ်လင်းကို ဖက်ဆစ်စစ်တပ်က နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှု ၁ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ကြသည်။

Latest news

- Advertisement -spot_img