25 C
Yangon
spot_img

CATEGORY

Politics

လောင်းလုံးတွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ မတ် ၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှ လူငယ်များသည် မတ်လ ၈ ရက်နေ့ နံနက်ပိုင်း "မတရားမှုက တံခါးဝရောက်ပြီ၊ ဒို့ပြည်သူတွေ ရုန်းထကြလော့" ဆိုသည့် ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြသည်။ကုန်စျေးနှုန်း၊ လောင်စာဆီစျေးနှုန်း၊ အင်တာနက်အသုံး ပြုခများ အဆမတန်မြင့်မားလာမှု အစ မတရားဖမ်းဆီး...

ယင်းမာပင်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ရွှေရေကြည် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၇ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၇ မုံရွာတွင် အနောက်မြောက်လွင်ပြင် လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စုန်းချောင်း ပြည်သူများ ဆန္ဒပြချီတက်

ရန်ကုန်၊ မတ် ၇ စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို မတ် ၇ ရက် တွင် ပြုလုပ်ခဲ့သည်။

မြိုင်တွင် “တကယ်လွတ်ချင်ရင် တကယ်ရုန်းပေးကြပါ´´ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ မတ် ၇ မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ မတ်လ(၇)ရက်နေ့ ညနေတွင် ``Freedom is not Free ၊ တကယ်လွတ်ချင်ရင်တကယ်ရုန်းပေးကြပါ´´ ကြွေးကြော်သံဖြင့် ဆည်းဆာသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြကာ သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောကြသည်။

“We Stand With Ukraine People Solidarity From Myanmar Peopleအဖိနှိပ်ခံယူကရိန်းပြည်သူများနှင့်အတူရပ်တည်ပါ၏။” စာသားနှင့် ဖက်ဆစ် စစ်အာဏာရှင် သပိတ်မှောက်

ရန်ကုန်၊ မတ် ၇ ထားဝယ်ခရိုင် လောင်းလုံးတွင် လောင်းလုံးမြိုန့ယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ မတ်လ ၇ ရက်နေ့ညနေပိုင်းတွင်"We Stand With Ukraine People Solidarity From Myanmar People -အဖိနှိပ်ခံယူကရိန်းပြည်သူများနှင့်အတူရပ်တည်ပါ၏"ဘန်နာကိုင်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းမာပင်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၇ ယင်းမာပင်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ မတ် ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

မန္တလေးတွင် အမျိုးသမီးများ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၇ မန္တလေးတွင် အမျိုးသမီးများ ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် "က္ကတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်‌ ချေမှုန်းရေး ၃၉၃ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၇ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ယနေ့ မတ်လ ၇ ရက်နေ့တွင် ၃၉၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၇ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၆၂ ရက်မြောက်နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ မတ် ၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img