26.1 C
Yangon
spot_img

CATEGORY

Politics

ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ပိုစတာ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရန်ကုန်တွင် အ.ထ.က သုဝဏ္ဏ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် "ဆွေစဉ်မျိုးဆက် သွေးကြွေးဆပ်မှ မျက်ရည်မချူနဲ့" ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ပိုစတာ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဝေဇယန္တာလမ်းကြီးပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရန်ကုန်၊ ဝေဇယန္တာလမ်းမကြီးပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး"ဆိုသည့် ကြွေးကြော်သံများဖြင့် ရန်ကုန်လူငယ်များက ယနေ့ ညနေပိုင်း ချီတက် ဆန္ဒပြကြသည်။ Photo - Yangon Drone

စစ်ကောင်စီချေမှုန်းရေး ကလေးမြို့သပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး မိုးဗြဲ၊ ခင်ဦးတိုက်ပွဲများတွင် ကျဆုံး သူရဲကောင်းများကို အလေးပြု

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉ အကြမ်းဖက်စစ်ကောင်စီ ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ၃၇၇ ရက်မြောက်အဖြစ် ဆက်လက်ချီတက်ခဲ့ကြပြီး မိုးဗြဲနှင့် ခင်ဦး တိုက်ပွဲများတွင် ကျဆုံးခဲ့သော တော်လှန်ရေးရဲဘော်များအတွက် ဝမ်းနည်းခြင်းအထိိမ်းအမှတ်ပြုလုပ်ကာ အလေးပြုခဲ့ကြသည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့မှ အကြားအာရုံမသန်စွမ်းသူများက “မိုးဗြဲ၊ခင်ဦးနှင့်အတူရှိနေတယ်”အားပေးစကားနှင့်အတူအိမ်တွင်းသပိတ် ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ မြန်မာနိုင်ငံအနှံ့မှ နားမကြားသူများ(အကြားအာရုံမသန်စွမ်းသူများ)က“မိုးဗြဲ၊ခင်ဦးနှင့်အတူရှိနေတယ်"ဟု အားပေးကာ အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ကမ်ပိန်းကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် ဗကသများအဖွဲချုပ်နှင့် နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီတို့ ပူးပေါင်း၍ စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉ ''နံရံကို ခေါင်းနဲ့မတိုက်နဲ့တဲ့၊ ငါတိုကားနိုင်လိုစိတ်ဖြင့်တိုက်၏၊ အာဏာရှင်တံတိုင်း ဗုန်းဗုန်းလဲစေ'' ကြွေးကြော်သံဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်(ဗကသများအဖွဲချုပ်) ၊ North Dagon Oppressed People Strike Coalition (NDOPSC) နှင့် နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီတို ပူးပေါင်း၍ ရန်ကုန်၊ အင်းစိန်ထောင်ရှေ့တွင် ယနေ့...

ယင်းမာပင်တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ကျေးရွာ၃ရွာက ပြည်သူများ ပူးပေါင်းချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်ရှိ ကျေးရွာ ၃ရွာက ဒေသခံပြည်သူများ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတွင် အမျိုးသမီးများ ဦးဆောင်သည့် သပိတ်စစ်ကြောင်း ၂ခု ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ဒီပဲယင်းမြို့နယ် အမျိုးသမီး သပိတ်စစ်ကြောင်းနှင့် ဒီပဲယင်းမြို့နယ် လူထု သပိတ်စစ်ကြောင်း ကော်မတီတို့ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“အမိမြေ လွတ်လပ်ခွင့် (သို့မဟုတ်) သေခြင်းတရား” ကြွေးကြော်သံဖြင့် အရာတော် လူထုသပိတ်က ချီတက် သပိတ်မှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ် လူ ထု သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍"အမိမြေ လွတ်လပ်ခွင့် (သို့မဟုတ်) သေခြင်းတရား" ကြွေးကြော်သံဖြင့် အရာတော်မြို့နယ်ကျေးရွာလူထုသပိတ်စစ်ကြောင်းကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ချီတက်ကြသည်။

Latest news

- Advertisement -spot_img