27 C
Yangon
spot_img

CATEGORY

Politics

ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ဒီပဲယင်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြိုင်သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထု ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေတွင် " စစ်ဖိနပ်အောက်က ရုန်းထွက်ကြ တော်လှန်ရေးကို အာရုံစိုက်ကြ" ခေါင်းစဉ်ဖြင့် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

အကြမ်းဖက်စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူများအတွက် ကလေးမြို့တွင် ဆုတောင်းညသပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီ၏ မတရား ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော ပြည်သူ ၁၅၈၂ ဦးအတွက် ဆုတောင်းညသပိတ်ကို ကလေးမြို့ရှိ ပြည်သူများက ပြုလုပ်ဆန္ဒပြကြသည်။

ယင်းမာပင် ဖက်ဆစ် စစ်ကောင် တော်လှန်ရေး ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်သည့် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်စစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ လယ်ခေါင်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့ လယ်ခေါင်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် "သူရဲကောင်းဝါဒ ဆန့်ကျင်ကြ ပြည်သူသာလျှင် အဓိက" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Photo - Nway...

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖ်ာဝါရီ ၂၅ ယင်းမာပင် မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင် ချေမှုန်းရေး ကလေးမြို့တွင် ၃၈၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ၃၈၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီကို BIMSTEC ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန် သံရုံးများသို့ တောင်းဆိုစာများ ပေးပို့

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီကို လာမည့် မတ်လ ၃၀ ရက်တွင် ပြုလုပ်မည့် BIMSTEC ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများ၏ အိန္ဒိယအခြေစိုက် သံရုံးများသို့ India for Myanmar အဖွဲ့သားများက အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြသည်။လာမည့်...

“အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ” ကြွေးကြော်သံနှင့် ထားဝယ်တွင် ဆန္ဒပြချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက "အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ" ကြွေးကြော်သံနှင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီလ ၂၅ရက်၊ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

Latest news

- Advertisement -spot_img