24 C
Yangon
spot_img

CATEGORY

Politics

“နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ” စာသားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိူးသမီးသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၅ မုံရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်၊ ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ မုံရွာပင်မသပိတ်တို့ပူးပေါင်းပြီး "နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ" ဆိုသောစာသားကို ကိုင်စွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို အလိုမရှိကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိူးသမီးသပိတ်စစ်ကြောင်း ဆန္ဒပြချီတက်ခြင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

မြိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - BEGSC-MYAING

“ချုပ်ချယ်ရင် ရုန်းကန်၊ ဖိနှိပ်ရင် တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြ၊ လွှင့်ကြ” လက်ပံတောင်းတောင်ဒေသသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ "ချုပ်ချယ်ရင် ရုန်းကန်၊ ဖိနှိပ်ရင် တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြ၊ လွှင့်ကြ" ပိုစတာကိုင်ဆောင်ကာ လက်ပံတောင်းတောင်ဒေသပင်မလူထုသပိတ်စစ်ကြောင်းသည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြကြသည်။

စစ်အာဏာရှင်ချေမှုန်းရေး ၃၇၃ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ၃၇၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

ထားဝယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ D.D.F ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာနိုင်ငံအနှံ့မှ အကြားအာရုံမသန်စွမ်းသူများက တယ်လီနောကို စစ်အုပ်စုလက်ဝေခံ Investcom ထံ မရောင်းရေး Online campaign ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံအနှံ့မှ နားမကြားသူများ(အကြားအာရုံမသန်စွမ်းသူများ)က “Telenor” တယ်လီနောကို စစ်အုပ်စုလက်ဝေခံ Investcom ထံ မရောင်းရန် တားဆီးသည့် online campaign ကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင့် KIA၊ PDF ၊ NUG ထောက်ခံပွဲအဖြစ် ပြည်သူ များက အင်အားပြည့် ချီတက် ဆန္ဒပြကြသည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် ဆန္ဒပြပြည်သူများက "KIA...

‘ချုပ်ချယ်ရင်း ရုန်းကန်၊ ဖိနှိပ်ရင်း တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြလွှင့်ကြ’ လောင်းလုံး အခြေခံပညာကျောင်းသားများသမဂ္ဂ သပိတ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ 'ချုပ်ချယ်ရင်း ရုန်းကန်၊ ဖိနှိပ်ရင်း တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြလွှင့်ကြ' ပိုစတာကိုင်ဆောင်၍ လောင်းလုံး အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသားသည် ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် ချီတက်ဆန္ဒပြကြသည်။

မန္တလေး ဘာသာပေါင်းစုံ လူငယ်များမှ Telenor ကို စစ်အုပ်စု လက်ဝေခံများထံ မရောင်းချရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ မန္တလေးတွင် ဘာသာပေါင်းစုံ လူငယ်များက ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် Telenor ကို ယုံကြည်စွာ အသုံးပြုသူတွေရဲ့ ဒေတာတွေကို ကာကွယ်ရန် အကြမ်းဖက် ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံ မလွဲပြောင်းရန်နှင့် စစ်အုပ်စု ဆက်စပ်ကုမ္ပဏီ Investcom (ရွှေဗျိုင်းဖြူ) ကို...

Latest news

- Advertisement -spot_img