35 C
Yangon
spot_img

CATEGORY

Politics

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ် 

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် "စကစ ဖြန့်ဝေသော မဲမသမာမှုဟုဆိုသော စာအုပ်များအား ရဟန်းသံဃာများအနေနဲ့ ရှုတ်ချကြရန် တိုက်တွန်းပါတယ်ဘုရား-သံဃသမဂ္ဂ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာတွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး လက်ပံတောင်းတောင် ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး "ကရင်နီပြည်နဲ့အတူ တော်လှန်ကြ ဖက်ဆစ်ခွေးတွေကို မောင်းထုတ်ကြ" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဖြုတ်ချရေး  ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းကာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ညနေဆည်းဆာသပိတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။ Photo BEGSC

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA၊ PDF ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၃ ဦး ထက်မနည်းသေဆုံးနိုင်၊ မြင်းခြံတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲခံရပြီး ၂ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှတဆင့် ပင်ဝယ်ရွာဘက်သို့ မန္တလေး-မြစ်ကြီးနား ရထားလမ်းအတိုင်း စစ်ကြောင်းထွက်လာသော အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ...

အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျရေး စုန်းချောင်း ပြည်သူများ ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်း ညနေခင်း သပိတ်စစ်ကြောင်းကို ဇန်နဝါရီ ၂၁ ရက် တွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်အရှေ့ခြမ်းတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ယင်းမာပင်အရှေ့ခြမ်း ရွာငယ်လေးနှစ်ရွာရှိ ပြည်သူများ စုစည်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ချီတက်ခြင်းကို ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ၂၇၇ ရက်မြောက်နေ့အဖြစ် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကနီမြို့နယ် တွင်   PDFများ၏ အကာအကွယ်လိုက်ပါလျက် စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ် ချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ယနေ့ ညနေမှာ ကနီမြို့နယ် ကျေးရွာနှစ်ရွာ အတွင်း လှည့်လည်ပြီး စစ်အာဏာရှင်ဆန်ကျင်ရေးညနေ ဆည်းဆာသပိတ် ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ သပိတ်စစ်ကြောင်းမှာ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးပြည်သူအားလုံး ပါဝင်ပေး ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။  ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ဒေါင်းနီပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) နဲ့ ကနီမြို့နယ် ဒေသခံပ.က.ဖ အဖွဲ့များက လုံခြုံရေး ရယူပေးခဲ့ကြပါတယ်။

ကျေးစာကျ သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညနေဆည်းဆာသပိတ် ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ယင်းမာပင်မြို့နယ် ကျေးစာကျ ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညနေဆည်းဆာသပိတ်ပြုလုပ်ခဲ့သည်။

စစ်တပ်ပိုင် Mytel တာဝါတိုင်များဖောက်ခွဲဖျက်ဆီးမှု အားမပေး၊ အသာအယာလှဲချပြီး  အသုံးချရန် ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှုကို အားမပေးဘဲ အသာအယာ လှဲချပြီး တပ်ရင်းများအတွက် သုံးချရန် ရိုးမဖိုက်တာယင်းမာပင်က တိုက်တွန်းလိုက်သည်။  "မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။အသာအယာလှဲချပြီး လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်" ဟု ရိုးမဖိုက်တာ ယင်းမာပင်က...

Latest news

- Advertisement -spot_img