30 C
Yangon
spot_img

CATEGORY

Politics

စစ်ကောင်စီချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး ကလေးမြို့ပြည်သူများ ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၂အကြမ်းဖက်စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေး၊ လူမျိုးကြီးဝါဒတိုက်ထုတ်ရေး ကြွေးကြော်ကာ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁၂ နေ့တွင် ၃၇၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

သရက်ချောင်းမြို့နယ်တွင် “ဘုံရန်သူကို ချေမှုန်းဖို့ တောင်တန်းပြည်မ ညီညွတ်စို့” စာတန်းနှင့် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် "ဘုံရန်သူကို ချေမှုန်ဖို့ တောင်တန်း ပြည်မ ညီညွတ်စို့" စာတန်းနှင့် ဖက်ဆစ် စစ်အာဏာရှင်ဆန်ကျင်ရေး ဆန္ဒပြခြင်းကို ပြည်သူများက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ထားဝယ်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ထားဝယ်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် "ဘုံရန်သူကို ချေမှုန်းဖို့ တောင်တန်းပြည်မ ညီညွတ်စို့" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အတုအ​ယောင် ပြည်​ထောင်စုအလိုမရှိ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင့် KIA၊ PDF ၊ NUG ထောက်ခံပွဲအဖြစ် ပြည်သူ ၅၀၀ ​ကျော်က အင်အားပြည့် ယ​နေ့ ချီတက် ဆန္ဒပြကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် ဆန္ဒပြပြည်သူများက...

ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရွှေရေကြည် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁မုံရွာတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“လူမျိုးကြီးဝါဒ ဆန့်ကျင်ကြ ပင်လုံကတိကဝတ်ဖော်ဆောင်ကြ”‌ ကြွေးကြော်သံများနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁အရာတော်မြို့နယ်တွင် "လူမျိုးကြီးဝါဒ ဆန့်ကျင်ကြ ပင်လုံကတိကဝတ်ဖော်ဆောင်ကြ"‌ ဘန်နာစာတန်းနှင့်အတူ ပင်လုံကတိကဝတ်ဖော်ဆောင်ရေး၊ အကြမ်းဖက်ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

‘အတုအယောင်ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ’ ပိုစတာကိုင်ဆောင်၍ ရန်ကုန်တွင် တကသ ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁ 'အတုအယောင်ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ' ပိုစတာကိုင်ဆောင်၍ ရန်ကုန်မြို့တနေရာတွင် ရန်ကုန်အခြေစိုက် တကသ ကျောင်းသားများ ယနေ့ ဖေဖေါ်ဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကြွေးကြော်ဆန္ဒပြကြသည်။အကြမ်းဖက်စစ်တပ်က ခေတ်အဆက်ဆက်ဝါဒဖြန့်ချီထားသော အတုအယောင်ပြည်ထောင်စုကြီးအား အမြစ်လှန်ဖြိုဖျက်၍ နိုင်ငံတော်သစ်တည်ဆောက်ရန် တိုက်တွန်းကြွေးကျော်ခဲ့ကြပြီး လက်ကမ်းစာ‌ရွက်များကြဲခြင်း၊ ဝါဒမှိုင်းတိုက်ထားသော...

စစ်အာဏာရှင် ချေမှုန်းရေး ၃၆၉ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ၊ နိုင်ငံတဝန်းကျဆုံး ပြည်သူများကို အလေးပြု

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ၃၆၉ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၄ ရက် ပြင်သာတိုက်ပွဲတွင် ကျဆုံးခဲ့သော သူရဲကောင်းများနှင့် နိုင်ငံတဝန်းကျဆုံးခဲ့သည့် ပြည်သူ...

“ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓါတ်နဲ့‌မြေကိုမီးရှို့မရဘူး”ကြွေးကြော်သံနှင့် ပုလဲတွင် ဖက်ဆစ် ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ပုလဲမြို့နယ် ကျေးရွာတစ်ရွာတွင် "ရွာကိုပဲမီးရှို့လို့ရမယ် စိတ်ဓါတ်နဲ့‌မြေကိုမီးရှို့မရဘူး"ကြွေးကြော်သံနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းချီတက် ဆန္ဒပြခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။ အဆိုပါ သပိတ်သို့ ပုလဲလူထုသပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦး သွားရောက်ပူးပေါင်းခဲ့သည်။ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထု‌၏ ပူးပေါင်းပါဝင်မှု အားနည်းစေရန်...

Latest news

- Advertisement -spot_img