34 C
Yangon
spot_img

CATEGORY

Politics

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နေသော နယ်မြေများသို့ စစ်ကြောင်းထိုးနေ‌သည့် စစ်တပ်ကို ၁ လနီးပါကြာ လိုက် လံ ပိတ်ဆို့ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

pfရန်ကုန်၊ ဩဂုတ် ၉ နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို စစ်ကြောင်းထိုးနေ‌သော အကြမ်းဖက် စစ်တပ်ကို ၁ လနီးပါကြာ လိုက် လံ ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၇၅ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း Battalion 804 -...

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်း၊ ဂိတ်စခန်းနှင့် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ဂိတ်စခန်းနှင့် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်ရာ စစ် သား ၂ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်...

စစ်တပ်၏ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရမည့်အပြင် မင်းအောင်လှိုင်အဖွဲ့ကို အမြစ်ဖြုတ်နှိမ်နင်းရမည်ဟု KNPP ပြော

ရန်ကုန်၊ ဩဂုတ် ၉ စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရ မည့်အပြင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ကိုပါ အမြစ်ဖြုတ်နှိမ်နင်းရမည်ဖြစ် ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန် ရေးနေ့...

နေပြည်တော်မှာ မြင့်ဆွေအလောင်း အသုဘလှည့်လည် မသာချချိန် Non-CDMဝန်ထမ်းများ အပြင်ထွက် နှုတ်ဆက်ခြင်းနှင့် လိုက်ပါပို့ဆောင်ခြင်း လုပ်ရမည်

ရန်ကုန်၊ ဩဂုတ် ၉ နေပြည်တော်တွင် အကြမ်းဖက် စစ်တပ် ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ မသာအလောင်း အသုဘလှည့်လည်ချိန် Non-CDMဝန်ထမ်းများ အပြင်ထွက်နှုတ်ဆက်ခြင်းနှင့် လိုက်ပါပို့ဆောင်ခြင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဩဂုတ်လ ၇ ရက်နေ့ သေဆုံးခဲ့သော မြင့်ဆွေ၏ အလောင်းကို ၅ ရက်တိုင်...

ပြည်တွင်းတွင် စစ်မှုထမ်း လူငယ်များ ရှားပါးနိုင်လာသဖြင့် မြန်မာများ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို စစ် တပ်က ပိတ်ပင်တားဆီးပေးရန် ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက် လှဆွေက တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၉ ပြည်တွင်းတွင် အလှည့်ကျ စစ်မှုထမ်းရမည့် လူငယ်များ ရှားပါးနိုင်လာသဖြင့် မြန်မာများ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်မှုများကို စစ်တပ်က ပိတ်ပင်တားဆီးပေးရန် ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက် လှဆွေက သူ၏လူမှုကွန်ရက်မှ တစ်ဆင့် တောင်းဆိုသည်။ ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့အကြား နယ်စပ်ပြဿနာကြောင့် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ကမ္ဘောဒီးယားက သူ၏...

ဝက်လက်မြို့နယ်ကျောင်းများသမဂ္ဂက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၇ နှစ်ပြည့် အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၈ ဝက်လက်မြို့နယ်ကျောင်းများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ‌အခြေစိုက်ဒေသ အမှတ် ၃ နယ်မြေအတွင်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားတရပ်ကိုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဝက်လက်မြို့နယ်) ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ CDM အစုအဖွဲ့များ ၊ လူငယ်လွတ်မြောက်ရေးအဖွဲ့ နှင့်...

ရန်ကုန်-ပုသိမ်ကားလမ်းပိုင်းတစ်နေရာတွင် ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၈ ရန်ကုန်-ပုသိမ်ကားလမ်းပိုင်းတစ်နေရာတွင် ဧရာဝတီလူငယ်များ စုပေါင်းပြီး ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုကို ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

ဖယ်ခုံမြို့နယ်တစ်နေရာ၌ ၈၈၈၈ လူထုအရေးတော်ပုံ ၃၇နှစ်ပြည့်မြောက် နှစ်ပတ်လည်အခမ်းအနားကို ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၈ ဖယ်ခုံမြို့နယ်တစ်နေရာ၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နှင့် ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ရဲဘော်များပူးပေါင်း၍ ၈၈၈၈ လူထုအရေးတော်ပုံ ၃၇နှစ်ပြည့်မြောက် နှစ်ပတ်လည်အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် မဟာမိတ်အဖွဲ့စည်း အသီးသီးမှ ရဲဘော်များတက်ရောက်ပြီး အလံအလေးပြုခြင်းနှင့် ကျဆုံးခဲ့သော ကျောင်းသားပြည်သူရဟန်းရှင်လူများအားအလေးပြုခြင်း၊ ၈လေးလုံးသမိုင်းကြောင်းအား ရှင်းပြပြောဆိုခြင်း၊ ကျောင်းသားသမဂ္ဂသမိုင်းကြောင်းအား အကျဉ်းချုပ်ပြောပြခြင်း၊...

လောင်းလုံးတွင် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် စစ်အုပ်စု၏ ရွေးကောက်ပွဲအလိုမရှိကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၈ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ အကြမ်းဖက် စစ်အုပ်စု၏ ရွေးကောက်ပွဲအလိုမရှိကြောင်း လောင်းလုံးမြို့နယ်အတွင်း ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်ပွဲ နှင့် ၃၇ နှစ်မြောက် ၈၈၈၈ နေ့ အထိမ်းအမှတ်ချီတက်ပွဲအား လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲတွင် မြို့နယ်အတွင်းရှိ...

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီ သံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၈ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၃၇ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဂျပန်ရောက် မြန်မာပြည်သူများ စုပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img