28 C
Yangon
spot_img

CATEGORY

Politics

ပြည်သူ့အားမာန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၃၁ ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းနှင့် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ကော်မတီဝင်တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်က အားမပေးဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အဆိုပြုခံထားရသော Sean O’Neill ပြော

ရန်ကုန်၊ ဇူလိုင် ၃၀ အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်က အားမပေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အဆိုပြုခံထားရသော Sean O'Neill က ပြောဆိုလိုက်သည်။ ဇူလိုင်လ ၂၉ ရက်နေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဆိုပြုခံထားရသူ Sean O'Neill ကို သံအမတ်အဖြစ် ခန့်သင့်၊...

ကချင်မှ မြေရှားသတ္တုကို အမေရိကန်က စိတ်ဝင်စားဆိုသော သတင်းများ သိရှိရသော်လည်း ဆက်သွယ်မှု တစ်စုံတစ်ရာမရှိဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြောဆို၊ ပန်ဝါတွင် မြေရှားသတ္တု လုပ်ကွက်အဟောင်းများကို ဆက်တူးခွင့်ပြု

ရန်ကုန်၊ ဇူလိုင် ၃၀ ကချင်ပြည်နယ်မှ မြေရှားသတ္တုကို အမေရိကန်က စိတ်ဝင်စားနေသည်ဆိုသော သတင်းများ သိရှိရသော်လည်း ဆက်သွယ်မှု တစ်စုံတစ်ရာမရှိသေးကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံမှ ထွက်ရှိနေသော မြေရှားသတ္တုရရှိရေး အမေရိကန်အစိုးရအနေဖြင့် KIA နှင့် တိုက်ရိုက် အလုပ်လုပ်ရန် အပါအဝင် အဆိုပြု...

ရေတာရှည်မြို့နယ်၊ ရေလွှဲရွာဘက်သို့ လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေလွှဲရွာဘက်သို့ လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၂ - ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၄ ရက်နေ့တွင်...

ပြည်သူ့အားမာန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၉ ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းနှင့် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ကော်မတီဝင်တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေကူတွင် စစ်သင်္ဘောများကို လုံခြုံရေးယူပေးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးဟုဆို၊ စစ်သင်္ဘောများကို မြစ်ကြောင်းတစ်လျှောက် KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၂၉ ကချင်ပြည်နယ်၊ ရွှေကူတွင် စစ်သင်္ဘောများကို လုံခြုံရေးယူပေးခဲ့သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့နှင့် ဇူလိုင်လ ၂၇ ရက်နေ့ တို့တွင် ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ရွှေကူမြို့နယ်သို့...

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ဟု ထိုင်းစစ်တပ်က ပြော

ရန်ကုန်၊ ဇူလိုင် ၂၉ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ယမန်နေ့ ညသန်းခေါင်ယံအချိန်မှစတင်၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားက ပစ်ခတ်မှုများ စတင်လုပ်ဆောင်လာခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းစစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာသည်။ ယမန်နေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဝန်ကြီးချုပ်များက...

အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေရေးပြုပြင်ပြောင်းလဲမည်ဖြစ်ပြီး ကျစ်လျစ်သော အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်အပေါ် အခြေခံစုဖွဲ့မည်

ရန်ကုန်၊ ဇူလိုင် ၂၉ အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန်နှင့် ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေရေးပြုပြင် ပြောင်း လဲရန် လေ့လာဆန်းစစ် အကြံဉာဏ်များ ရယူနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်ပြန်သည့် "ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၄/၂၀၂၅"...

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၈ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ...

Latest news

- Advertisement -spot_img