32 C
Yangon
spot_img

CATEGORY

Politics

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၆ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပီနန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ နှစ်ပြည့်မွေးနေ့အကြို ဆုတောင်းပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၆ မလေးရှားနိုင်ငံ ပီနန်းမြို့တွင် အမှန်တရားမြတ်နိုးသူများအဖွဲ့ (Penang & Butterworth)နှင့် CSP အမှန်တရားဘက်တော်သားများထောက်ပို့တပ်စု Music Group အဖွဲ့မှ ဦးဆောင်၍ အမေ ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်သံဃာတော်များ ဆွမ်းကပ်ခြင်း၊ သင်္ဃန်းကပ်ခြင်း၊ဆုတောင်းပွဲနှင် တော်လှန်ရေးကမ်ပိန်းသီးချင်းဖြင့်များဖြည့် သီဆိုဖျော်ဖြေ ဆုတောင်းပွဲကျင်းပခဲ့ကြောင်း...

ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် သပိတ်ချီတက်

ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်၍ ဇွန် ၁၉ ရက်နေ့တွင် ပန်းသပိတ်၌ ပူးပေါင်းပါဝင်ကြရန် လူထုလှုပ်ရှားမှုပြုလုပ်ပြီးတိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါသပိတ်ကို "ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် သပိတ်ထွက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထန်းတပင်မြို့နယ်တွင် အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် အင်အားဖြည့်တင်းရန် လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတသင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁၂ ရက်နေ့...

ဩစတြေးလျနိုင်ငံ Perth မြို့ရှိ မင်္ဂလသုခဝိဟာရတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် မွေးနေ့အခန်းအနားပြုလုပ်

ရန်ကုန်၊ ဇွန် ၁၅ ဩစတြေးလျနိုင်ငံ Perth မြို့ရှိ မင်္ဂလသုခဝိဟာရတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် မွေးနေ့အခန်းအနားကို ကျင်းပခဲ့ရာလွှတ်တော်အမတ်များပါ တက်ရောက်ပြီး ကိတ်မုန့်ခွဲခြင်း၊ ဘာသာပေါင်းစုံဆုတောင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ Shizuoka ခရိုင်၊ Gotenba မြို့ရှိ ငြိမ်းချမ်းရေးစေတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၅ ဂျပန်နိုင်ငံ Shizuoka ခရိုင်၊ Gotenba မြို့ရှိ ငြိမ်းချမ်းရေးစေတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆုတောင်းပွဲကို LDB(Japan) က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး NUG Japan ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် အဖွဲ့အသီးသီး၏ တာဝန်ခံများကလည်း အမှတ်တရ ဆုတောင်းစကား ပြောကြားပေးခဲ့ကြောင်း...

အမေရိကန်ပြည်ထောင်စု ဘတ်ဖလိုမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့် မွေးနေ့အကြိုဆုတောင်းပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၁၅ အမေရိကန်ပြည်ထောင်စု ဘတ်ဖလိုမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါပွဲတွင် ဘတ်ဖလိုမြို့ခံများ၊ နိုင်ငံရေးစိတ်အားထက်သန်သူများ၊ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ၂၁ရာစု နွေဦးတော်လှန်ရေးအတွင်း ရောက်ရှိလာသည့် မြန်မာမိသားစုများ စုပေါင်းကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၅ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀-ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက ဦးစီးကျင်းပသည့် ဆန္ဒပြပွဲနှင့် ချီတက်ပွဲသို့ အဖွဲ့အစည်းအသီးသီးမှ အင်အား ၃၀၀ ခန့် လာရောက်ကြပြီး ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ပန်းခြံမှ မြောင်ဒုံဘူတာအထိ...

ယင်းမာပင်တွင် အမေစု အသက် ၈၀ ပြည့်နှစ် မွေးနေ့အကြို အထိမ်းအမှတ်ကျင်းပ၍ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၄ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၄ ရက်နေ့၌ အမေစု အသက် ၈၀ ပြည့်နှစ် မွေးနေ့အကြို အထိမ်းအမှတ်ကျင်းပ၍ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ်ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၄ ယင်းမာပင်မြို့နယ်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဇွန်လ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး အမေစုနှင့်တကွ မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img