22 C
Yangon
spot_img

CATEGORY

Politics

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မေ ၂၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Dawna Column-P29902 (ဒေါနတပ်ရင်း) က ပြောဆိုသည်။ ‌မေလ ၂၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ...

ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် စစ်တပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ရာအတွက် လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ မေ ၂၉ ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်နှင့် ဒေသပြည်သူများက အကြမ်းဖက်စစ်တပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ရာအတွက် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ​မေ ၂၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် မေလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး မရှိပါက ပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ဟု NUG အစိုးရ ပြောဆို

ရန်ကုန်၊ မေ ၂၉ အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော စနစ်ကျသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားမျိုး မရှိပါက အရပ်သားပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ကြောင်း NUG အစိုးရက တိုက်တွန်းပြောဆိုထားသည်။ မြန်မာနိုင်ငံရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကူညီဖြေရှင်းရန် အာဆီယံခေါင်း ဆောင်များ၏...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၂၉ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိ၊ ထိုင်း-မြန်မာနယ်စပ်၊ကနဲလေး စစ်တပ်စခန်းသိမ်းပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၉ ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို KNLA ပူးပေါင်းတပ်များက တို်ကခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၁၉ ရက်နေ့ KNU တပ်မဟာ ၃ နယ်မြေ...

တစ်ပြည်လုံး အတိုင်းအတာဖြင့် ထိုးစစ်များ ဆင်နွှဲကျရမည့် အခြေအနေကြောင့် တိုက်ပွဲ အရှိန်အဟုန်မြင့်လာမည်ဟု ဦးမင်းကိုနိုင် ပြောဆို

ရန်ကုန်၊ မေ ၂၈ အကြမ်းဖက် စစ်ကောင်စီကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ထိုးစစ်များ ဆင်နွှဲကျရမည့် အခြေအနေကြောင့် တိုက်ပွဲ အရှိန်အဟုန်မြင့်လာမည်ဟု ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယမန်နေ့ မေလ ၂၇ ရက်နေ့က မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော...

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ခံ ဗိုလ်တိုက်ဂါး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ ၁၅...

လက်ပံတောင်းတောင်ဒေသတွင် စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ မေ ၂၈ လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူများနှင့်အတူ “ Vote ILO Article 33 to save LIVES ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဟစ်ကြွေးကာ လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၂၈ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် မေလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

Latest news

- Advertisement -spot_img