တိုက်ပွဲသတင်း Archives - Khit Thit Media

ဖားကန့်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေ
ရန်ကုန်၊ ဧပြီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကျယ်လောင်စွာ ကြားနေရကြောင်း၊ ထို့ပြင် စစ်တပ်သည် လုံးခင်းရွာအတွင်း နေရာယူထားသောကြောင့် ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

“လုံးခင်းရွာထဲမှာ တိုက်ပွဲက တော်တော်ကြမ်းနေတယ်။ စစ်ခွေးတွေက ရွာထဲမှာနေရာယူထားပြီး ပြန်ပစ်နေတော့ ပြည်သူတွေ ထွက်မရဘဲ ပိတ်မိနေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေတာပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၄ ရက်နေ့ နှင့် ၃ ရက်နေ့ကလည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်း တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

The post ဖားကန့်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေ appeared first on Khit Thit Media.

မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်တပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲဆက်လက် ပြင်းထန်နေ၊ သရက်ချောင်းတွင်လည်း ယနေ့ ညနေပိုင်းထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ
ရန်ကုန်၊ မတ် ၂၀

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ယနေ့ချိန်ထိ အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဘော်ဗဒါန်းရွာဘက်ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများသည် မိုးကုတ်မြို့ပေါ်မှာပင် နေ့စဉ်ကြားနေရကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ တိုက်ပွဲများသည် မိုးကုတ်မြို့အနီးရှိ သဖန်းပင်ရွာ ၊ ကျောက်နဂါးရွာနှင့် ကျောက်ပုတ်ရွာဘက်ထိ ဖြစ်ပွားနေကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားရာ နေရာများကိုလည်း စစ်ကူစစ်ကြောင်းများ ပို့ဆောင်နိုင်ရန် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားသစ် အများအပြားဖြင့် အင်အား ဖြည့်တင်းနေကြောင်း သိရှိရသည်။

ထိုသို့ စစ်ကူ အများအပြားပို့ဆောင်နေသော်လည်း စစ်တပ် စစ်ကြောင်းက ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဒဏ်ရာရ စစ်သား အများအပြားသာ စစ်ကားများဖြင့် မြို့ပေါ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

“မိုးကုတ်မြို့ အနောက်ပိုင်းမှာကတော့ တိုက်ပွဲက နေ့တိုင်းနီးပါးကို ဖြစ်နေတာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ သူတို့ စစ်ကူတွေပို့တာလည်း နေ့တိုင်းနီးပါးပဲ စစ်ကြောင်းက ရှေ့ကို မတိုးနိုင်ဘူး။ ပြန်ပြန် ဆုတ်လာရတယ်။ နေ့တိုင်းနီးပါးလည်း ဒဏ်ရာရစစ်သားတွေကို မိုးကုတ်မြို့ပေါ် ပြန်ပို့ပေးနေတာ တော်တော်များတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း ယနေ့ ညနေပိုင်းထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင်လည်း သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဂုံညင်းဆိပ်ကျေးရွာအတွင်း ပိတ်မိနေသော စစ်သားများကို ကယ်ထုတ်နိုင်ရန် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျေးရွာများကိုပါ စစ်တပ် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ရွာပေါင်း ၁၅ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် လက်ရှိချိန်ထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေဘက်က တော်တော်လေး အထိနာနေ‌တဲ့ အချိန်မှာ အဲ့လို လေယာဉ်နဲ့ ဗုံးလာကျဲတာပါ။ ဂုံညှင်းဆိပ်ရွာအနီးတစ်ဝိုက်ကနေ စစ်ခွေးတွေက မထွက်နိုင်သေးတာ အဲ့ဒါကြောင့် ဂုံညှင်းဆိပ်ရွာအနီးကိုပဲ ကျဲနေတာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၅ ရွာရှိတယ်။ ပြည်သူ ဦးရေ ၅၀၀၀ ခန့်လောက်ရှိတယ်။ အခုထိ လနဲ့ချီပြီး စစ်ရှောင်နေရတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်ကရှင်းပြသည်။

သရက်ချောင်းမြို့နယ် ဝင်းဝစခန်းမှ ထွက်ပြေးလာသော စစ်သားများနှင့် စစ်ကူ စစ်ကြောင်းမှ ကျန်ရှိနေသော စစ်သား ၈၀ ခန့်သည် ဂုံညင်းဆိပ်ကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားနေ၍ စစ်တပ်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် နေ့စဉ် ပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

The post မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်တပ်က ထိုးစစ်ဆင်နေ၍ တိုက်ပွဲဆက်လက် ပြင်းထန်နေ၊ သရက်ချောင်းတွင်လည်း ယနေ့ ညနေပိုင်းထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ appeared first on Khit Thit Media.

မိုးကုတ်မြို့ အနီး ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်မှ ကြားနေရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနီး ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်မှ ကြားနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၆ ရက်နေ့တို့တွင် မိုးကုတ်မြို့ပြင် အနောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မိုးကုတ်မြို့ပေါ်မှပင် ကြားနေရကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းကလည်း ဘော်မားရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စပြီး မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့ထိ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ စစ်ခွေးတွေကလည်း မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလည်းရှိတယ်။ ထိခိုက်မှု အခြေအနေကတော့ မသိရသေးဘူး။ ၂၅ ရက်နေ့ကလည်း ဘော်မားရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ချောင်းကြီးရွာဘက် တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကသဲရွာနှင့် ရေဦးကြီးရွာ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း စေတလုံးတောင်ပေါ်၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်သည် ရေပူရွာထဲကို ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ဆိုင်များမှ အရက်၊ ကွမ်း ၊ ဆေးလိပ်နှင့် စားသောက်ကုန် ပစ္စည်းများကို ငွေကြေးပေးဆောင်ခြင်းမရှိဘဲ လုယက်ယူဆောင်သွားသောကြောင့် ပြည်သူများ ဈေးဆိုင်များပိတ်၍ တိမ်းရှောင်နေရကြောင်း၊ ယင်းနေ့ ညပိုင်းတွင်လည်း မိုးကုတ်မြို့ ပိတ်စွယ် ရပ်ကွက်ဘက်၌ ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး မြို့အစွန်းရပ်ကွက်များမှလည်း လက်နက်သံများ ကြားနေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် မိုးကုတ်မြို့ပေါ်၌ ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေကာ လက်ရှိချိန်တွင်လည်း မြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

The post မိုးကုတ်မြို့ အနီး ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်မှ ကြားနေရ appeared first on Khit Thit Media.

ကရင်နီတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး ဖြတ်သန်းသွားလာခွင့် KNDFက အကန့်အသတ်မရှိ ပိတ်ပင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကရင်နီပြည်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး အများပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို KNDFက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့စတင်၍ ဖရူဆိုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းတချို့က ဖရူဆို- ထားလဲ လမ်းနှင့် နန်းဖဲကျးရွာဘက်သို့ ရောက်ရှိနေပြီး ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ၊ ထို့ကြောင့် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ ဒီးမော့ ဆို -ဖရူဆို -ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးကို ရက် အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ် ကြောင်း ၊ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန် ကြားရေးတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“စစ်ကောင်စီတပ်တွေက ဖရူဆိုကနေ ဘောလခဲဘက်ကို လှုပ်ရှားစစ်ကြောင်းအနေနဲ့ စစ်ကြောင်း ထိုး နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီးမော့ဆို -ဖရူဆို -ဘောလခဲ တောက်လျှောက်၊ ပြည်ထောင်စု လမ်းကြီးတောက် လျှောက်ကို စစ်ကောင်စီတွေက စစ်ကြောင်းထိုးလှုပ်ရှားနေတာဖြစ်တဲ့အတွက် အဲဒီ လမ်းဘေးဝဲယာအနီးတဝိုက်တွေကတော့ လုံခြုံရေးအရ ဘယ်လိုမှကို သွားလာလို့ မသင့်တော်တဲ့နေ ရာတွေဖြစ်ပါတယ်။ စစ်ကောာင်စီရဲ့ စစ်ကြောင်းထိုးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖားဆောင်း ဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီးမော့ဆိုကနေ ဘောလခဲအထိ တောက် လျှောက်ကို သူတို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေ အဆင်ပြေနိုင်အောင်ဆိုပြီးတော့ စစ်ကြောင်းထိုး နေတာမျိုးဖြစ်ပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြာသးည်။

စစ်တပ်က ဖားဆောင်းမြို့ရှိ လက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၁၃၅ သို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒီးမော့ဆို -ဖရူဆို -ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီး နှင့် လမ်းမကြီးပေါ်ဖြတ်သန်းသွားသည့် လမ်းသွယ်များအားလုံးကိုလည်း KNDF က အရေးပေါ်အခြေအနေ ကြေညာကာ ပိတ်လိုက်ထားသည်။

The post ကရင်နီတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး ဖြတ်သန်းသွားလာခွင့် KNDFက အကန့်အသတ်မရှိ ပိတ်ပင် appeared first on Khit Thit Media.

ဖားကန့်မြို့ တိုက်ပွဲအတွင်း စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က အရှင်ဖမ်းမိ၊ ရေဖြူနှင့် လောင်းလုံးမြို့နယ် တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦး သေဆုံး
ရန်ကုန်၊ ဖေ‌ဖော်ဝါရီ ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့ တိုက်ပွဲတွင်လည်း စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က အရှင်ဖမ်းမိထားကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့အနီး ဖြစ်ပွားနေသော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို KIA ပူးပေါင်း တပ်များက အရှင်ဖမ်းမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိသော စစ်မှုထမ်း တပ်သားသစ် များသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်းက ဖားကန့်မြို့ အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွင်းမှာ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို KIA ပူးပေါင်းတပ်က ထပ်မိတယ်။ လက်နက်ခဲယမ်းတွေတော့ မပါလာဘူး” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာနှင့် ညှင်းထွေးကျေးရွာ အကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းဘေးရှိ သန်းကုန်းဝိပဿနာရိပ်သာ၌ ယာယီတပ်စွဲထားသော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ၁ ရက်တာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ ထပ်တိုးတာမရှိပါဘူး။ ကျနော်တို့ လက်နက်ခဲယမ်းတွေ မသိမ်းနိုင်ခဲ့ဘူး။ စစ်ခွေးတွေက အလောင်းတွေကော လက်နက်တွေကော အကုန်ပြန်သယ်သွားတယ်” ဟု က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ONLA) ၏ ဒူရက စစ်ကြောင်း၊ KNLA B-12ခွဲ(၅)၊ က္လားသစ္ဆတ်တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့ (LGF)၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (OGRF)၊ ဒေါနတပ်ခွဲ(၇) နှင့် အရှေ့တောစင်္ကြာစစ် ကြောင်းတို့င ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ညင်းမော်ရွာအတွင်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လောင်းလုံးမြို့မှ ညင်းမော်ရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ချိန်တွင်လည်း ဒရုန်းဖြင့် Drop Bomb ၇ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F)၊ နွေဦးပြောက် ကျားတပ်ဖွဲ့ ၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် Guerrilla Dawei အဖွဲ့တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

The post ဖားကန့်မြို့ တိုက်ပွဲအတွင်း စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က အရှင်ဖမ်းမိ၊ ရေဖြူနှင့် လောင်းလုံးမြို့နယ် တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦး သေဆုံး appeared first on Khit Thit Media.

Breaking News-ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ် တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ
ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းစစ်တပ်စစ် ဆေးရေးစခန်းကို တော်လှန် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက် ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ် များက ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လတ်တလော စစ်တပ်က စစ်ကူအင်အား အပြည့်ဖြင့် ခုခံနေပြီး လက်နက်ကြီးများ လည်း အဆက် မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။

“ဒီမနက် ၅ နာရီကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေကြတာ။ ဆားဂွန်းမှာရှိတဲ့ စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ဆော်နေတာ။ ဇေယျဝတီ အမြန်လမ်းအတက်နား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘက်မှာ ဖြစ်နေတာ။ အခု ဖြူးချောင်းတံတားပေါ်မှာ စစ်တပ်က အင်အားအပြည့်တက်လာနေတယ်။ ကားပေါ်ကနေ ပစ်ခတ်တာတွေ တောက်လျှောက်လုပ်နေတယ်။ တိုက်ပွဲက ပြင်းထန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တိုက်ပွဲကြောင့် ဆားဂွန်းကျေးရွာအနီးပတ်ဝန်းကျင်နှင့် ကျေးရွာများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်တပ်က လမ်းများပိတ်ဆို့ထားပြီး ပြည်သူများကို ထွက်ခွင့်မပေးကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေး ရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရ ထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၉ ရက်နေ့ တောကျွဲအင်းမြို့ ခေါ် အောင်မြင်မြို့ကို တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။

The post Breaking News-ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းရွာ စစ် တပ်စစ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ appeared first on Khit Thit Media.

ကျောက်မဲမြို့နယ်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်က SSPP/SSA နယ်မြေအတွင်းသို့ စစ် ကြောင်းထိုးလာ သဖြင့် တိုက်ပွဲပြင်းထန်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က SSPP/SSA နယ် မြေတွင်းသို့ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း SSPP Info ကသတင်း ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အင်အား ၁၀၀ ဝန်းကျင်ပါ အကြမ်းဖက်ကော်မရှင် တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်-SSPP/SSA တပ်စခန်းတည်ရှိရာ ကျောက် မဲမြို့နယ်၊ ပုံဝိုးကျေးရွာအနီးရှိ တောတွင်းတွင်းတနေရာသို့ ထိုးစစ်ဆင် ဝင်ရောက်လောသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဘက်က မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများ အသုံး ပြုကာ တိုက်ခိုက်နေပြီး သတင်းထုတ်ပြန်ချိန် ညနေ ၂ နာရီ ၅၆ မိနစ်အချိန်အထိ ထိတွေ့တိုက်ပွဲ ပြင်းထန် နေဆဲဖြစ်ကြောင်း SSPP Info က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိပ်သိရှိနိုင်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်း ပြည်တပ်မတော်-SSPP/SSA တာဝန်ရှိသူများထံသို့ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေ ကြားပေးခြင်းမရှိပေ။

“ကျောက်မဲမြို့ပေါ်ကတော့ စစ်တပ်က အဓိက ထိန်းချုပ်ထားတာ။ ကျောက်မဲမြို့နယ်အတွင်းက ရွာတွေမှာ SSPP နဲ့ TNLA တွေလည်း ရှိနေတယ်။ TNLA တွေကလည်း သူတို့စခန်းလို နေတဲ့နေရာတွေရှိတယ်။ အခု တိုက်ပွဲဖြစ်တာကလည်း မြို့ပေါ်ကနေ စစ်တပ်က ရွာတွေဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ကြတာ ” ဟု ကျောက်မဲမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

The post ကျောက်မဲမြို့နယ်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်က SSPP/SSA နယ်မြေအတွင်းသို့ စစ် ကြောင်းထိုးလာ သဖြင့် တိုက်ပွဲပြင်းထန်နေ appeared first on Khit Thit Media.

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကျဲသဖြင့် နေအိမ်များ မီးလောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်
ရန်ကုန်၊ ဩဂုတ် ၂၃

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေ ယာဉ်ဖြင့် ယနေ့ ဗုံးကျဲ သဖြင့် နေအိမ်များ မီး လောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း နောင်ပိန်ရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်နေပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“နောက်ပိန်ရွာကို စစ်ခွေးတွေက နေ့စဉ်ကို ဗုံးကျဲနေတာ Y-12 တွေကော ဂျက်ဖိုက်တာတွေက လက်နက်ကြီးတွေကော ပစ်ခတ် ဗုံးကျဲနေတာ ပြည်သူတွေ အကုန်လုံးကတော့ စစ်ခွေးတွေစပြီး ဗုံးကျဲတဲ့ နေ့တည်းက ရှောင်နေကျတာ ဒီနေ့ နံနက်ကျဲသွားတာတော့ နေအိမ်တွေ မီးလောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး နောင်ပိန်ရွာနှင့် ၁ မိုင်ကျော်ခန့်သာ ကွာဝေးသော ထန်းတပင်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိလာပြီးနောက် နောင်ပိန်ရွာထဲကို စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ ၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောင်ပိန်ရွာအနီးတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ထန်းတပင်ရွာထဲမှ ရမ်းသမ်း ပစ်ခတ်နေကာ စစ်ကြောင်း ထွက်ခွာလာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု အပေါ် သျှမ်းကျောင်းသားသမဂ္ဂနှင့် Tai Youth အဖွဲ့တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

The post ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကျဲသဖြင့် နေအိမ်များ မီးလောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန် appeared first on Khit Thit Media.

ထားဝယ် မလွှဲတောင်နှင့် ကော့လှိုင်ကျေးရွာကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ရေး- ထားဝယ် ကားလမ်းပိုင်း တချို့ ပိတ်နေ
ရန်ကုန်၊ ဩဂုတ် ၁၅

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် အတွင်းရှိ မလွှဲတောင်နှင့် ကော့လှိုင်ကျေးရွာ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ရေး- ထားဝယ်လမ်းမကြီး မလွှဲတောင် ကလိန်အောင်လမ်းပိုင်းတွင် ကားလမ်းပိတ်နေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က စတင်တိုက်ပွဲနေခြင်းဖြစ်ပြီး ခရီးသည်တင်ကားများနှင့် အိမ်စီး ကားများ အန္တရာယ်ကင်းစေရန်အတွက် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ဆက်လက်သွား ခွင့်မပြုဘဲ တားထားကြောင်း ခရီးသွား ပြည်သူ တချို့က ပြောဆိုသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ စစ်သတင်းရင်းမြစ်ကို မေးမြန်ရာတွင် တိုက်ပွဲဖြစ်နေသည်မှာမှန်ကန်ကြောင်း၊ မလွှဲတောင်နှင့် ကော့လှိုင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ်တပ် ပေါင်းစုတို့ ထိတွေတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကာ အထိနာသွားတာကြောင့် တကျော့ပြန် စစ်ကြောင်း ထိုး တိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ယခုတစ်ကြိမ်စစ်ကြောင်းထိုးလာရာမှာလည်း အကြမ်းဖက်စစ်တပ်က ၁၅၀ ထက်မနည်းသည့် အင်အားဖြင့် စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်စွားဖြစ်နေကြောင်း သိရသည်။

The post ထားဝယ် မလွှဲတောင်နှင့် ကော့လှိုင်ကျေးရွာကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ရေး- ထားဝယ် ကားလမ်းပိုင်း တချို့ ပိတ်နေ appeared first on Khit Thit Media.

တောင်ငူမြို့နယ်ရှိ ပဲခူးရိုးမတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က စက်တပ်လေထီးများဖြင့်ပါ အသုံးပြု တိုက်ခိုက်နေ
ရန်ကုန်၊ ဇွန် ၂၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ပဲခူးရိုးမတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့်ပါ အသုံးပြု တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် တောင်ငူမြို့နယ်ရှိ ပဲခူးရိုးမထဲတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က စက်တပ်လေထီးများပါ အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများကြောင့် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် လက်နက်ကြီး ပေါက်ကွဲသံများ၊ သေနတ်သံများ ကြားနေရ၍ စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေကြပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရသည်။

“ပေါက်ကွဲသံတွေ သေနတ်သံတွေတော့ ကြားနေရတယ်။ ဗုံးကျဲ လိုက်တာဖြစ်နိုင်တယ်။ အခုတိုက်ပွဲတွေက ရိုးမထဲမှာဖြစ်နေကျတယ်။ နောက်ပြီး ဒီနေ့ တောင်ငူလေတပ်ကနေ စက်တပ် လေထီး ၃ စင်း ပျံသန်းနေတာကို တွေ့ရတယ်။ စစ်ခွေးတွေက တောင်ငူလေတပ်ကို စက်တပ်လေထီးတွေပါ ပို့ဆောင်ပြီး လေကြောင်း တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်မယ် ထင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ တောင်ငူ အခြေစိုက် လေတပ် စခန်းတွင် စက်တပ်လေထီးများမရှိသော်လည်း ယခုရက်ပိုင်းမှ စတင်ကာ မောင်းနှင် ပျံသန်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ပြီး တောင်ငူလေတပ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

The post တောင်ငူမြို့နယ်ရှိ ပဲခူးရိုးမတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က စက်တပ်လေထီးများဖြင့်ပါ အသုံးပြု တိုက်ခိုက်နေ appeared first on Khit Thit Media.