တိုက်ပွဲ သတင်း Archives - Khit Thit Media

ဖားကန့်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေ၊ ကော့ကရိတ် ဒေါနတောင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ မတ် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် မရှီကထောင်ရပ်ကွက်အတွင်း ကျန်ရှိနေသော ပြည်သူ တချို့သည်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“ဖားကန့်မှာ တိုက်ပွဲက နေ့တိုင်းကို ဖြစ်နေတာ နောက်ပြီး စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ကို ဆက်တိုက် ပစ်ခတ်နေတယ်။ မရှီကထောင် ရပ်ကွက်ဘက်မှာပဲ ဖြစ်နေတာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ အစုံပဲကြားနေရတာ မရှီကထောင်ဘက်မှာ ကျန်နေတဲ့ စစ်ရှောင်တွေလည်း ပြေးနေရပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၃ ရက်နေ့မှ စတင်ပြီး ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မရှီကထောင်ရပ်ကွင် ကလပ်ကုန်းအနီးကို ကျည်ကျရောက် ပေါက်ကွဲကာ အသက် ၇၀ အရွယ် အဘွားအို ဒေါ်ဂျာဖာလု နှင့် အမည်မသိ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေါနတောင်ဘက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ်မြို့နယ် မြောက်ခြမ်း ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲပြီး မတ်လ ၁ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယနေ့ မတ်လ ၆ ရက်နေ့ထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ် စစ်ကြောင်းက ရှေ့ဆက်တိုးနိုင်ခြင်းမရှိသောကြောင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ဒေါနတောင်ဘက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ကော့ကရိတ်မြောက်ပိုင်း၊ ဒေါနတောင်ဘက်မှာတော့ တိုက်ပွဲကတော့ နေ့စဉ် ဖြစ်နေတုန်းပဲ စစ်ကြောင်းက အထိနာလဲ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကျဲပြီး ရှေ့ဆက်တိုးနေတုန်းပဲ ဒီနေ့လည်း လေယာဉ်နဲ့ ထပ်ကျဲသွားတယ်။ သူတို့ စစ်ခွေး အင်အားတွေ ထပ်ဖြည့်ပြီး ထပ်ထိုးအုန်းမယ်လို့ ထင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့က ရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် တပ်ပျက်နေသော်လည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

The post ဖားကန့်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေ၊ ကော့ကရိတ် ဒေါနတောင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media.

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၊ သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ
ရန်ကုန်၊ နိုဝင်ဘာ ၁၈

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ မဏိပူရမြစ်အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် ချင်းတပ်များအားလုံးပူးပေါင်း ညီညွတ်စွာဖြင့် ခုခံနေကြောင်း ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အ ကွာ မဏိပူရမြစ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာပြီး ဂျက်ဖိုက်တာ ဖြင့် ၆ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည့် Y12 ၊ Y8 လေယာဉ်များဖြင့်လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်း ၈ နာရီခွဲ လောက်ကနေ ၁၀ နာရီဝန်းကျင်လောက်အထိ ထိတွေ့မှုတွေ ဖြစ်ပါ တယ်။ အခြေအနေကတော့ သူတို့ဘက်ကနေ နောက်မဆုတ်ဘူးဆိုရင်တော့ ဘယ်အချိန်မဆို ထိ တွေ့မှု၊ ပစ်ခတ်မှုတွေက ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ မနေ့ကဆိုရင်လည်း ညနေ ပိုင်း ၂ နာရီခွဲလောက်ကနေ ၃ နာရီလောက်အထိ Y12 တွေရော၊ ထောက်လှမ်းတဲ့လေယာဉ် Y8 တို့ အဲဒါတွေ လာတယ်။ ဂျက်ဖိုက်တာနဲ့လည်း ၆ ကြိမ်လောက်လာပစ်ပါတယ်။ သူတို့ဘက်ကလည်း အထိနာတာ ရှိမယ်ထင်ပါတယ်။ ကျနော်တို့ဘက်ကလည်းအတတ်နိုင်ဆုံး နယ်မြေသိမ်းပြီးသားနယ် မြေတွေ ပြန်လက်လွှတ်အဆုံးရှုံမခံရအောင် ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ အနေအထားရှိပါတယ်။” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ ဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဝေဘူလမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းမှတဆင့် ဖလမ်းမြို့ဘက်သို့ ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသည်ရသည်။

အလားတူ သိုင်းငင်ကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကလည်း ဖလမ်း မြို့ ဘက်သို့ ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများရှိပြီး ယင်းအကြမ်းဖက်စစ်တပ်က စစ် ကြောင်းများကို ချင်းညီနောင်အဖွဲ့ – CB နှင့် ချင်းပြည်ကောင်စီ -CC တပ်ဖွဲ့ဝင်များက စည်းစည်း လုံး လုံးဖြင့် တိုက်ခိုက်ချေမှုန်းနေကြောင်း သိရသည်။

“အဓိကတော့ ဖလမ်းရဲ့ အရှေ့ဘက်မဏိပူရချောင်းရှိတယ်။ အဲဒီချောင်းရဲ့တဖက်ကမ်းမှာရှိတဲ့ ရွာ တွေမှာ ဖြစ်ဖြစ်၊ တောတွေထဲမှာဖြစ်ဖြစ် ခြေကုပ်ယူထားတယ်။ အဲဒီချောင်းကိုကျော်ပြီးမှ ကျနော်တို့ ဖလမ်းမြို့ထဲကို ထိုးစစ်ဆင်ဖို့ ကြိုးစားလာနေတာ၊ အဲဒီမဏိပူရမြစ်က ဖလမ်းကနေ ၁၂ မိုင်အထက် အကွာအဝေးရှိတဲ့ မြစ်ပါ။ အဲလိုဆိုတော့ တော်တော်နီးပြီလို့ပြောလို့ရပါတယ်။ မြေပြင်အခြေအနေမှာ ကျနော်တို့ CB ဘက် ကရဲဘော်တွေရှိသလို CC ဘက်က ရဲဘော်တွေလည်းရှိ တယ်။ အားလုံး ဘုံရန် သူ စကစကို စည်းစည်းလုံးလုံးနဲ့တိုက်ခိုက်နေတဲ့ အခြေ အနေဖြစ်ပါတယ်။” ဟု ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဒေသနေပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ် အမိုးအကာများ၊ စောင်၊ အနွေးထည်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

“ဖလမ်းရဲ့အရှေ့ဘက်ခြမ်းတခွင်လုံးက သိုင်ငင်းဘက်ကနေလည်း ထိုးစစ်ဆင်တယ်၊ ဝေဘူလဘက် က နေလည်း ထိုးစစ်ဆင်တဲ့အခါကျတော့ ပြည်သူတွေက ရွာတွေမှာ မနေရဲတော့ဘူး။ နောက်ပြီး တော့ ကလေး ဘက်ကနေ ထိုးစစ်ဆင်တဲ့အခါ ကနေ စလို့ ကလေးမှာရှိတဲ့ ရွာတွေမှာနေတဲ့ ပြည် သူတွေက တောင်ပေါ်မှာ စစ်ရှောင်ကြတယ်။ အဲဒီတောင်ပေါ်တွေကနေ ချင်းတောင်ဘက်ကို ထိုး စစ်ဆင် လာတဲ့အခါကျတော့ ပြည်သူက ရွှေ့ပြောင်း၊ ရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတာ။ စစ်ရှောင်က ၂ သောင်းကျော်ရှိပါတယ်။ အခုချိန်က ဆောင်းရာသီဆိုတော့ အမိုးအကာတွေလိုတယ်၊ စောင်တွေလိုတယ်၊ အစားအသောက်တွေ၊ ဆေးဝါးပစ္စည်းတွေလိုတယ်။” ဟု ဆလိုင်းတင်မီထွဋ်က ပြောဆိုသည်။

The post ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၊ သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ appeared first on Khit Thit Media.

ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီး ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီးတဝိုက်တွင် ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ် သား ၆၀ ကျော်သေ ဆုံးကာ အလောင်းများ ပုံထပ်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့က ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့ရော ညပါ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သားအလောင်းများ ပုံထပ်နေကာ လာရောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

“ဗန်းမော်မြို့အခြေအနေကတော့ မနေ့က ညအထိ တိုက်ပွဲဖြစ်တာ။ နေ့ရော၊ ညရော ၄ ရက် ဆက် တိုက် တိုက်ပွဲအကြီး အကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေဘက်တော့ တော်တော်လေး အထိနာတယ်။ သေတာ အယောက် ၆၀ ကျော်လောက်ရှိမယ်၊ စခတွေသေတာ။ ဒဏ်ရာရ တာတော့ မသိဘူး။ သူ တို့က ပြန်ဆုတ်သွားပြီ။ စခတွေဘက်က လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရ ထားတာ အများ ကြီးပဲ။ အလောင်းတွေလည်း ပုံနေတာ ဒီအတိုင်းကြီး။ သူတို့ဘက် ထိုးစစ်ဆင်တာပါ။ စခတွေဘက် က ထိုးစစ်ဆင်လာတာ။ အဓိကဖြစ်တာက မြစ်ဆုံ ဟိုတယ်နား အနီးတဝိုက်ပေါ့။” KIA စစ်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဗန်းမော်မြို့ရှိ အမြောက်တပ် ၃၆၆ စခန်းကို စစ်တပ်က ပြန်လည် သိမ်းပိုက်သွားပြီးနောက် KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ဗန်းလေယာဉ်ကွင်းမှာလည်း စစ်တပ်က တစ်ဖက်၊ KIA တစ်ဖက် အပြန်အလှန်ထိန်းချုပ်ထားကြကြောင်း သိရသည်။

ဓာတ်ပုံ- ဗန်းမော်လေဆိပ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ KIA က ထိန်းချုပ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

The post ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီး ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားဟုဆို appeared first on Khit Thit Media.

နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား
နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများဖြစ်ဆက်လက်ပြင်း ထန်နေပြီး စစ်သားများထိခိုက်သေဆုံးမှု များပြားကာ ရှေ့တန်းရောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် စစ်အသုံးအဆောင်များ လိုအပ်နေ၍ ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

လက်ရှိအချိန်အထိ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသတွင် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိသည့်အပြင် မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများရှိကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ကျောက်မဲရိုင် PDF တပ်ဖွဲ့နှင့် ERO တပ်ဖွဲ့များ ပူး ပေါင်းကာ ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိစစ်ရေးအခြေအနေကတော့ တောင်ခမ်းမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်။ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ကရဲဘော်တွေ၊ ကျောက်မဲခရိုင်အတွင်းကရဲဘော်တွေနဲ့ မဟာမိတ် ERO တွေနဲ့ပူးပေါင်းပြီးတော့ မြေပြင်မှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်၊ လိုအပ် ချက် တွေကိုလည်းဖြည့်ဆည်းပေးဖို့တောင်းဆိုချင်ပါတယ်။ မြေပြင်အခြေအနေကတော့ ခွေးသေတာ တွေလည်းရှိတယ်။ အကုန်လုံး ပုံမရိုက်ပေမယ့် အချို့ခွေး သေတဲ့ပုံလေးတွေလည်းရှိတယ်။” ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

လတ်တလော ရာသီဥတုမှာ အေးချမ်းလာပြီဖြစ်သဖြင့် ရှေ့တန်းရောက်တိုက်ခိုက်ရေးရဲဘော်များမှာ စစ်အသုံးအဆောင်ပစ္စည်းများ၊ တစ်ယောက်အိပ် အနွေးအိတ် (Sleeping Bed) များ၊ ဆေးဝါးများ လို အပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ ထောက်ပို့အဖွဲ့အစည်းများ၊ မိဘပြည်သူများ၏ ပူးပေါင်းပါဝင်ထောက်ပံ့မှုလိုအပ်နေကြောင်း အသိပေးထားသည်။

“အခုအချိန်ကတော့ ရာသီဥတုကအေးတယ်၊ ဟိုအရင်ရက်တွေက အအေးလှိုင်းဖြတ်တော့ ပိုဆိုး တယ်။ ရှေ့တန်းမှာနေရာယူထားတာဖြစ်တဲ့အတွက် ရဲဘော်တွေအတွက် လိုအပ်ချက်တွေအများ ကြီးဖြစ်နေတယ်။ ရဲဘော်တွေမှာဆိုရင်လည်း ကျည်ကာတို့ ယူနီဖောင်း တို့ စစ်အသုံးအဆောင် ပစ္စည်းတွေကအစ လိုအပ်ချက်တွေရှိပါတယ်။ပြီးတော့ ရှေ့တန်းမှာနေရေးထိုင်ရေး အခက်အခဲ က ရဲဘော်တွေအတွက် Sleeping Bed ကအဓိကဖြစ်နေတာ။ တော့ Sleeping Bed တွေနဲ့ စစ် အသုံး အဆောင်ပစ္စည်းတွေ ရနိုင်မယ်ဆိုရင် ရချင်ပါတယ်။ Sleeping Bed ဆိုတာက တစ်ယောက်အိပ် အိပ်ယာလေးတွေ၊ တစ်ယောက်တည်းဝင်အိပ်ရင် နွေးထွေးနေတာ၊ တော်ရုံတန်ရုံ ရေလည်း မစိုဘူး၊ မိုးလည်းမစိုဘူး။ မိုးကာသားလေးနဲ့ လုပ်ထားတဲ့ အနွေးအိတ်ပုံစံမျိုး။ လူတစ်ကိုယ်လုံး လုံခြုံတဲ့ အနွေးအိတ်ပေါ့၊ အဲဒါတွေကို ပြည်သူတွေဆီကနေ ပူးပေါင်းပါဝင်ပေးမှုလေး တွေလိုအပ်ပါတယ်၊ ရရှိ ချင်ပါတယ်။” ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေး တာဝန်ခံ ကိုဖြိုးက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အနေဖြင့် ၁၀၂၇ စစ် ဆင်ရေးစတင်စဉ်ကတည်းက ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်သည် အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

The post နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား appeared first on Khit Thit Media.

လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် သေ ဆုံး၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး
လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် သေ ဆုံး၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မြေပြင်ရှိ တော် လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လောင်းလုံးမြို့နယ်၊ အောက်ဘက် ညင်း မော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်ကျေးရွာများဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရင်းဘုတ် ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၆ ရက် နေ့ကလည်း ငုံတောင်တွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ် သားအများအပြားသေဆုံးပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က လူလတ်ပိုင်း အမျိုးသားပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် လေဖြတ်နေသည့် အမျိုးသမီးတစ်ဦးလည်း နှလုံးရပ်သေဆုံးခဲ့ကြောင်း၊ ထိုသို့ စစ်ဘေးရှောင်ရင်း ထွက်ပြေးရာက အမျိုးသမီးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

“ကဒက်ငယ်ထိန်ရွာက အသက် ၃၀ ဝန်းကျင်အရွယ် လူလတ်ပိုင်း ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်။ လေဖြတ်ပြီး အိပ်ယာထဲလဲနေတဲ့ အမျိုး သမီးတစ်ဦး လက်နက်ကြီးသံကြောင့် နှလုံးရပ် သေတယ်၊ အမျိုးသမီးတစ်ဦးလည်း ပြေးရင်းလွှားရင်း မြောင်းထဲကျပြီး သေတယ်။ ဒါက ရေဖြူကျေးရွာ ငုံး‌ တောင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုပါ။ ဖမ်းဆီးခံထားရတဲ့ အရပ်သား ပြည်သူ ၁၀၀ ကျော်မှာ ၅၀ ကျော်လောက်တော့ ပြန်လွှတ်ပေးပြီးပြီ။ ၅၀ ကျော်လောက်တော့ လူ သား ဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေဆဲပါ” ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် လောင်းလုံးမြို့နယ်အောက်ဘက်ကျေးရွာများဖြစ်သည့် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်စသည့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသနေပြည်သူ ထောင်ချီ ထွက် ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ် ကြောင်း သိရ သည်။

ဓာတ်ပုံ- လောင်းလုံးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

The post လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် သေ ဆုံး၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး appeared first on Khit Thit Media.

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့်မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၂ ဦးသေဆုံး ၊ ဂျက်တိုက် လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲ
နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့်မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၂ ဦးသေဆုံး ၊ ဂျက်တိုက် လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲ

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ယနေ့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်နေ့ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာ၊ အုမ္မတီး၊ ခဲမွန်ရွာ၊ ကံ့ကော်ရွာ နှင့် နောင်ချို့မြိုအတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၅ ရက်နေ့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားသည့် နေရာသို Jet Fighter ဖြင့် ၂ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ မိုးကုတ်မြိုနယ် ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိက်ပုံးနေရာ၊ ဒေါ်နန်းကြည်တောင်နှင့် ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား) စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၅ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် သီပေါမြိုနယ် ဆွန်လုံကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နောင်ချိုမြိုနယ်၊ ကျောက်မဲမြိုနယ်နှင့် မိုးကုတ်မြိုနယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲတိုအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင် စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထိခိုက်ခဲ့ပြီး ၂ ဉီးသေဆုံးကာ ၃ ဉီးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်က ထောက်ပို့ယာဉ် Mi17 ဖြင့် ၃ ကြိမ် စစ်မြေပြင်သို့ လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။

The post နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့်မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၂ ဦးသေဆုံး ၊ ဂျက်တိုက် လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲ appeared first on Khit Thit Media.

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံး ပြု ဝင်ရောက်နေသည့် ဒါလီချောင်းကူးတံတား လုံး၀ ပြိုကျ ပျက်စီး သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန် ဒါလီချောင်းတံတား ပထမအကြိမ် မိုင်းခွဲခံရကြောင်း၊ ပထမအကြိမ် မိုင်းခွဲစဉ်က တံတားကို ကားကြီးများသာ သွား လာမရတော့ဘဲ ကားငယ်များနှင့် ဆိုင်ကယ်များ သွားလာ၍ ရသေးကြောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်တွင် ဒုတိယအကြိမ် မိုင်းခွဲ ခံရ ပြီး တံတား လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

“ဒါလီချောင်းတံတားက စစ်တပ်တွေ မကြာခဏ ဝင်လို့ ပစ်ခတ်မှုတွေ ခဏခ ဏ ဖြစ်တယ်။ ၂၀၂၁ ဒီဇင်ဘာတုန်းကလည်း ဒါလီတံတားနားကနေ ဝင်လာပြီး တော့ သံပုရွာအနားမှာ တိုက်ပွဲကြီး ဖြစ်ခဲ့သေးတယ်။ အဲဒီတံတားဘက်ကနေ တောက်လျှောက် စစ် ကြောင်း ဝင်တာတွေများတယ်။ ဒီနေ့တော့ လုံး၀ ပြိုကျ သွားပြီ။ ကျနော်တို့ ပြည်သူတွေကတော့ အောင်ချမ်းသာဘက်က လှည့်ပတ် သွားလို့ရတယ်။ ကုန်ကားတွေနဲ့ စစ်ခွေးတွေအတွက်တော့ ခက်သွားတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဒါလီချောင်းတံတားသည် ကြာအင်းဆိပ်ကြီးမြိုနယ်၊ ကြာအင်းဆိပ်ကြီး-ချောင်း နှစ်ခွ ကားလမ်း မိုင်တိုင်အမှတ် 9 KM နှင့် 10 KM အကြားတွင်ရှိပြီး သံဘောင် အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံ သံကူ ကွန်ကရစ်အမျိုးအစား တံ တား ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒုတိယအကြိမ် မိုင်းခွဲခံရပြီးနောက် ဒါလီချောင်းတံတား လုံး၀ ပြိုကျ ပျက်စီးသွားပုံနှင့် ပထမအကြိမ် မိုင်းခွဲခံရစဉ်က တံတား ကြမ်းခင်း ပေါက်ပြဲ နေပုံ။

The post ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား appeared first on Khit Thit Media.

ကိုးကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မြောင် တွင် စစ်ကြောင်းကို တိုက်ခိုက်ရာမှ စစ်သား ၁ ဦးသေဆုံး
ကိုးကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မြောင် တွင် စစ်ကြောင်းကို တိုက်ခိုက်ရာမှ စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ၊ နမ့်ဖာတောင်အနီးတွင် မြန်မာ အမျိုးသား ဒီမိုက ရက် တစ် မဟာမိတ် တပ်မတော် (MNDAA)က နယ်မြေရှင်းလင်း ရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရ မိ ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် (MNDAA) က တိုက်ပွဲများ ဖြစ် ပွားခဲ့သော နန့်ဖာတောင် အနီး တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ သေနတ် ၁လက်၊ ကျည်များ ၊ RPG များ၊ ကျည်များ၊ အီနီဂါများ ၊ အမြောက်ကျည်ဆန်များ အပါ အဝင် လက်နက်ခဲယမ်းများ၊ စကားပြောစက်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ပစ္စည်းများ သိမ်းဆည်းမိသော နေရာ သည် နိုဝင်ဘာ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား သည့်နေရာဖြစ်ပြီး MNDAA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်က အထိ နာသဖြင့် သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွား သည့်နေရာဖြစ်ကြောင်း သိရှိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးကြောင်း မြောင်ဗိုလ်တောက်ထွန်းအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန် ကျောက်ရစ်စခန်းမှ စစ်ကြောင်း က ကျောက် ရစ်အနောက်ရွာမှ သရက်သာကျေးရွာဘက်သို့ ရေထဲဖြတ်ဆင်း ကာ ချီတက်လာစဉ် PDF တပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြောင် ဗိုလ်တောက်ထွန်း အထူးတပ်ဖွဲ့ (MBTT) ၊ Blood Brothers ၊ Hero ပြောက် ကျားတပ်ဖွဲ့၊ နတ်စစ်သည်တော်များ ဖောက်ခွဲရေး Local တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကိုးကန့်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ သိမ်းဆည်းရမိသည့် စစ်ကောင် စီ တပ်၏ လက်နက်ခဲယမ်းများ။

The post ကိုးကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မြောင် တွင် စစ်ကြောင်းကို တိုက်ခိုက်ရာမှ စစ်သား ၁ ဦးသေဆုံး appeared first on Khit Thit Media.

မတ္တရာတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ၌ အထိုင်ချ တပ်စွဲသော အကြမ်းဖက် စစ်တပ်မှ စစ်သားများ ကင်းပုန်းဝပ်နေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေ ထိခိုက် သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ ကျွန်တော်တို့ မဟာမိတ် အဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ SKY HERO – Madaya၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ Peacock Warrior Force-Madayaအဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပြည်သူပိုင် လယ်ကွင်းများအတွင်း စပါးရိတ်သိမ်းနေသော ပျူစောထီးများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ ပြည်သူများ စိုက်ပျိုးထားသော လယ်ကွင်းများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများက ကင်းပုန်းချကာ စပါးရိတ်စက် ၃ စီးဖြင့် ပြည်သူများ စိုက်ပျိုးထားသော စပါး များကို လုယက်ခိုးရိတ်နေစဥ် PDF တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Guerrilla Warfare- K.P.K ၊TSR၊ MDF-Taze Tiger၊PLA၊ 9Star နှင့် ပကဖ အဖွဲ့ များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း Guerrilla Warfare – K.P.K တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The post မတ္တရာတွင် စစ်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား appeared first on Khit Thit Media.

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စီးပွားရေးတက္ကသိုလ်အနီး၊ ရေဦး၊ ဒီပဲယင်း၊ဝက် လက်၊ တန့်ဆည်၊ ကောလင်းမြို့ နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင် စီ ဘက်မှ ၄၂ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရှိရ သည်။

မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကြောင်း တိုက်ခိုက် ခံရပြီး သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာစီးပွားရေးတက္ကသိုလ်အနီးတွင် တပ်စွဲထား သော အကြမ်းဖက်စစ်သား များတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိကြောင်း Department of Information – DRPA ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၆ ရက် ည ၈ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေထိုင်သည့် ကင်းစခန်း အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစခန်းကို ထိမှန်ခဲ့ ကြောင်း၊ ထို့နောက် ကင်းစခန်း အတွင်းမှ အိမ်စီးကား အသေးတစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့် အကြမ်းဖက် စစ်ကောင် စီတပ်သားများထွက်ခွာလာရာ ကြိုတင်ပြင်ဆင်ထားသော မိုင်းပွိုင့် အတွင်းအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက် မရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို DRPA (မုံရွာ) မြို့ပြ ပြောက်ကျားတပ်ခွဲ၊ MACT ပြောက်ကျားတပ်ဖွဲ့၊ သပြေညို Local PDF အဖွဲ့၊ People Defense Force (East Monywa) ၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေဦးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆည်ကြီးရွာအနီး ဒီဇင်ဘာလ ၃ ရက်နေ့က တိုက်ပွဲတွင် အကြမ်းဖက်စစ် သား ၅ ဦးသေဆုံးခဲ့ကြောင်း Ayardaw Defense Force –ADF ထံမှ သိရသည်။

စစ်အင်အား ၈၀ ခန့်ဖြင့် ဆည်ကြီးရွာအတွင်း သို့ ဝင်ရောက် လာသော အကြမ်း ဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းအဖွဲ့ကို Ayardaw Defense Force –ADF တပ်ဖွဲ့မှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၄ ရက် နေ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿရွာ အနီးတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်နှင့် ဒေသကာကွယ်ရေးတပ် ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးသေ ဆုံးကာ ၁၅ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို Ayardaw Defense Force –ADF တပ်ဖွဲ့မှ ချုံခိုတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်သား၊ ပျူ စောထီးများ ကိုင်ဆောင် အသုံးပြုသော MA 1 လက်၊ ကျည်ဘောက် ၁၂ ခု၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၁၀ ၊ လက်ပစ်ဗုံး ၂ လုံး၊ ဦးထုပ် ၂ လုံး ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတိုက်ပွဲတွင် စစ်သား ၂၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကုန်းကြီးရွာအနီးတွင် ဒီဇင်ဘာလ ၅ ရက် နေ့ နေ့လယ်ပိုင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

အင်အား ၄၀ ခန့်ပါ ဘန့်ဘွေးရွာအား မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော အကြမ်းဖက် စစ်သား ပျူစော ထီးများကို Ayardaw Defense Force –ADF တပ်ဖွဲ့မှ ကုန်းကြီးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ဖြစ် ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် ဘန့်ဘွေးရွာကို မီးရှို့ဖျက် ဆီးပြီး အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော အခြား အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ADF တပ်ဖွဲ့မှ အုန်းခါးရွာအနီးတွင် ခြုံခို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင်ဒီဇင် ဘာ လ ၅ ရက် ညနေပိုင်းတွင် မရကန် ကျေးရွာ အတွင်းရောက်ရှိ နေသော အကြမ်းဖက် စစ်သား ပျူစော ထီး ၄၀ ခန့်ကို Ayardaw Defense Force –ADF တပ်ဖွဲ့မှ ပြောက်ကျား ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝက်လက်တွင် စစ်ကြောင်းကို လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကုန်းကြီးလမ်းအထွက်ရှိ အကြမ်းဖက် စစ်သားများကို ယနေ့ ဒီဇင်ဘာ လ ၁၈ ရက် ညနေပိုင်းက လက်လုပ် ရော့ကတ်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Eagle Guerilla Force တပ်ရင်းမှူး ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

စကပ်ကားတစ်စီးဖြင့် မြို့ပြင်ထွက်ကာ ပြည်သူများကို ငွေညှစ်နေသော အကြမ်းဖက်စစ်ကောင်စီတပ် သားများကို Eagle Guerilla Force တပ်ဖွဲ့၊ တပ်ခွဲ ၁၅ ၊ တပ်ခွဲ ၁ ရဲဘော်များက သွားရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်ခဲ့သော ရော့ကတ် ဒုံးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သားများမှာ မြို့တွင်းသို့ချက်ချင်းပြန်ပြေးဝင်သွားကြောင်း သိရသည်။

“ခွေးကောင်တွေထိမထိကတော့ စုံစမ်းနေတုန်းပါ၊ ၂ လုံးကျကွဲပြီးတဲ့အချိ်နမှာ ခွေးတွေ ခြံထဲပြန်ဝင် သွားတယ်လို့ နီးစပ်ရာပြည်သူတွေဆီက သိရတယ်၊ ပြည်သူတွေထိခိုက်တာ မရှိပါဘူး။ ကျကွဲစနစ် သုံးထားတော့ သုံးလုံး စလုံးပေါက်ကွဲခဲ့ပါတယ်။” ဟု Eagle Guerilla Force တပ်ရင်းမှူး ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

တိုက်ခိုက်ခဲ့သော ရော့ကတ်အမျိုးအစားသည် အဖူးလုံးပတ် ၂ လက်မ၊ အဖူးအရှည် ၁၀ လက်မခွဲရှိပြီး ပြင်းအားကောင်းမွန်ကြောင်း၊ နောက်ပိုင်းတွင် ပခုံးထမ်းပစ်ပုံစံ လုပ်ဆောင်နိုင်ရန် ကြိုးစားနေကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် လက်နက်ထုတ်လုပ်နိုင်ရေး ကူညီပေးစေလိုကြောင်း တပ်ရင်း မှူးကောက်ရိုးကမေတ္တာရပ်ခံတောင်းဆိုသည်။

တန့်ဆည်တွင် စစ်သားများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများနိုင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်ကင်းပုန်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း တန့်ဆည်PDFထံမှ သိရသည်။

တန့်ဆည်မြို့နယ် ဂွေးကုန်းရွာအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်ကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း၇မှ ရဲဘော်များက ဒီဇင်ဘာ လ၁၈ရက် ‌နံနက်၁၁နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲ ခဏတာ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ‌ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ရှေ့ပြေးစစ်ကြောင်းက နဘက်ငယ်ရွာကို ရောက်တဲ့အချိန် ‌ဂွေးကုန်းနားမှာ ကင်းပုန်းကျန်ခဲ့တာကို ကျနော်တို့ရဲဘော်တွေနဲ့ ထိတွေ့မှုဖြစ်တာ၊ ရန်သူ ထိခိုက်မှုရှိတယ်၊ ကိုယ့်လူ‌တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က နဘက်ငယ်ရွာကို ဝင်ရောက် တပ်စွဲ နေသဖြင့် အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၁ နှင့် ခမရ ၃၆၉ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ဒီဇင် ဘာလ၁၂ရက်မှ ၁၈ရက်နေ့အထိ ပေချောင်ရွာ၊ ထန်းပင်ဆိပ်ရွာ၊ သာဂရရွာ၊ သာဂလရွာ၊ ထန်းပင်ကုန်းရွာ၊ မူးကျင်းစုရွာ၊ အက်ကြီးရွာ၊ ရွာရှည်ရွာနှင့် ဂွေးကုန်းရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

ကောလင်းတွင် စစ်တပ်က စပါးများ၊ တဲနှင့် ထွန်စက်တို့ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဆီဆုံရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ‌သေကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လယ်တဲ၊ ရိတ်ထားသော စပါးများနှင့် ထွန်စက်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် တောင်ယာကြီးရွာမှ တောင် သူများ၏ လယ်စောင့်တဲ များ၊ တင်း ၂၅၀ ခန့်ထွက်ရှိမည့် ရိတ် ထား သော စပါးများ၊ လယ်ထွန်စက်တစ်လုံးတို့ဖြစ်ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ရေကန် သာရွာသို့ ရောက်ရှိသွားကြောင်း သိရသည်။

ဓာတ်ပုံ- ဒီပဲယင်းတွင် သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဘက်မှ လက်နက် ခဲယမ်းများ။

The post စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား appeared first on Khit Thit Media.