Asian Archives - Khit Thit Media

နိုင်ငံရေးအကျပ်အတည်း အဖြေရှာရန် မြန်မာကိုယ်တိုင် ဦးဆောင်သည့် ဖြေရှင်းရေး ကို အာဆီယံက ထောက်ခံဟု ဆိုပြန်၊ စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်မှု အာဆီယံက အကောင်းမြင်နေ
နိုင်ငံရေးအကျပ်အတည်း အဖြေရှာရန် မြန်မာကိုယ်တိုင် ဦးဆောင်သည့် ဖြေရှင်းရေး ကို အာဆီယံက ထောက်ခံဟု ဆိုပြန်၊ စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်မှု အာဆီယံက အကောင်းမြင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်း အဖြေရှာရန် မြန်မာကိုယ်တိုင် ဦးဆောင်သည့် ဖြေရှင်းရေးကို အာဆီယံက ထောက်ခံပြီး စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်မှုကိုလည်း အာဆီယံက အကောင်းမြင်ကြောင်း ယမန်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအပြီးတွင် ထုတ်ပြန်ပြောဆိုကြသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံ အထူးသံတမန် အသစ်၏ မြန်မာ့အရေး ဖြေရှင်းရန် အားလုံးနှင့်တွေ့ဆုံ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ထုတ်ပြန်သည်။

အာဆီယံအထူးသံတမန် Alounkeo Kittikhoun က မြန်မာနိုင်ငံသို့ ယခုဇန်နဝါရီလအတွင်း သွားရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ နှင့်တွေ့ဆုံခဲ့သည်။

“မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသော၊ ပြည့်စုံပြီး တာရှည်ခံသော အဖြေကို ရှာဖွေရာတွင် မြန်မာနိုင်ငံအား ကူညီပေးရန် အာဆီယံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်” ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီက ကိုယ်စားလှယ် စေလွှတ်မှုကိုလည်း အပေါင်းလက္ခဏာတိုးတက်မှုအဖြစ် ရှုမြင်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ပြောဆိုထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudiကမူ စစ်ကောင်စီက အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးသို့ ကိုယ်စားလှယ်စေလွှတ်မှုသည် မြန်မာ့အရေးပေါ် အာဆီယံ၏ မူဝါဒကို အပြောင်းအလဲ မရှိစေကြောင်း ပြောဆို သည်။

အာဆီယံက မြန်ာမ့အရေး ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ထားသော်လည်း စစ်ကောင်စီက ယင်းဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းမရှိပေ။

The post နိုင်ငံရေးအကျပ်အတည်း အဖြေရှာရန် မြန်မာကိုယ်တိုင် ဦးဆောင်သည့် ဖြေရှင်းရေး ကို အာဆီယံက ထောက်ခံဟု ဆိုပြန်၊ စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်မှု အာဆီယံက အကောင်းမြင်နေ appeared first on Khit Thit Media.

အာဆီယံအထူးသံတမန် ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ် ဖျက်သိမ်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ်ပြီးနောက် ခရီးစဉ်ဖျက်သိမ်းမှု ဖြစ်ပေါ်လာဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန် ကြီး Prak Sokhonnက မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကြေညာ ထားခဲ့ သော်လည်း ယခုအခါ အဆိုပါ လာရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက် ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော် ပြော ဆို သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားမှု အချိန် ကုန် ဆုံးနေပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံ နှင့် ဥရောပသမဂ္ဂအစည်းအဝေး တက်ရောက်ရန်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံသို့ အာဆီယံ အထူးသံတမန် အဖြစ် နောက်ဆုံး လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ မြန်မာစစ်ကောင်စီအနေဖြင့ အာဆီယံ ဘုံသဘောတူ ညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သဘောထား မပြသ ခြင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ် လိုက်ခြင်း တို့ကြောင့် ခရီးစဉ် ဖျက်သိမ်းခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုကြောင်း ကမ္ဘော ဒီးယား သတင်းမီဒီယာ ခမာတိုင်းမ်က ရေးသားထားသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Luy Davidက အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံ-အီးယူ အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တက်ရောက်မည်ဖြစ်၍ မြန်မာ နိုင်ငံ သို့ သွားရောက် အချိန်တိုတောင်းလွန်းပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ဆက်လက်ကိုင်တွယ် လိမ့်မည်ဟု ထုတ်ဖော်ပြောဆိုသည်။

“ကမ္ဘောဒီးယားအနေနဲ့ မြန်မာ့နိုင်ငံရေအးကျပ်အတည်းကို ဖြေရှင်းဖို့ အ ကောင်း ဆုံး ကြိုးပမ်းခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက် ရမယ့် အချိန်က တိုတောင်းလွန်းတာကြောင့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကိုပဲ အလှည့်ပေးပါ့မယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Luy Davidက ပြောဆိုသည်။

The post အာဆီယံအထူးသံတမန် ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ် ဖျက်သိမ်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ်ပြီးနောက် ခရီးစဉ်ဖျက်သိမ်းမှု ဖြစ်ပေါ်လာဟုဆို appeared first on Khit Thit Media.

တရုတ်တွင် သမ္မတရှီကျင့်ပင် နုတ်ထွက်ရေး ဆန္ဒပြမှုများ ထပ်မဖြစ်စေရန် ရဲ အင်အား အလုံး အရင်းဖြင့် ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းများကို လိုက်လံ စစ် ဆေး၊ VPN နှင့် ပိတ်ပင် ထား သော လူမှုကွန်ရက်များ အသုံးမပြုရန် သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၂၉

တရုတ်နိုင်ငံတွင် သမ္မတရှီကျင့်ပင်နုတ်ထွက်ရေး ဆန္ဒပြမှုများ ထပ်မံ မဖြစ်ပွား စေရေး ရဲအများအပြားချထားပြီး မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးမှုများ လုပ် ဆောင် နေကြောင်း သိရှိရသည်။

လက်ရှိတွင် တရုတ်ရဲများက တရုတ်ပြည်သူများ ၏ လက်ကိုင်ဖုန်းများကို စစ် ဆေးနေပြီး VPN အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ တရုတ်တွင် ပိတ်ပင် ထားသည့် Instagram ၊ Twitter နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်များ အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးနေကြသည်။

ပိတ်ပင်ထားသော လူမှုကွန်ရက်နှင့် VPN များ အသုံးပြုကြောင်း စစ်ဆေး တွေ့ ရှိလျှင် သုံးစွဲသူ၏ ကိုယ်ရေး အချက်အလက်များကို ရယူကာ တရုတ် ရဲများက ချက်ချင်းဖျက်ခိုင်းပြီး သတိပေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အင်္ဂါနေ့တွင် ရှန်ဟိုင်းမြေအောက်ရထားတစ်စင်းပေါ်တွင် ရဲအရာရှိများက ခရီးသည် များ၏ မိုဘိုင်းလ်ဖုန်းကို စစ်ဆေးနေသည့် ဗီဒီယိုများမှာ လူမှုကွန် ရက်တွင် ပျံနှံ့ခဲ့သည်။

တနင်္လာနေ့နှင့်အင်္ဂါနေ့များတွင် ဆန္ဒပြပွဲဖြစ်ပွားခဲ့သည့်မြို့ကြီးများတွင် ရဲအများ အပြား အလုံးအရင်းဖြင့် ချထားခဲ့ပြီး ဆန္ဒပြမှုများ ထပ်မံ မဖြစ် ပေါ်စေရန် ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ကြသည်။

တရုတ်ပြည်သူများက တရုတ်အစိုးရ၏ တင်းကျပ်သော ကိုဗစ်မူဝါဒများကို ဆန့်ကျင်ကန့်ကွက်နေကြပြီး တရုတ်ပြည်သူ ၁၀ ဦးသည် ကိုဗစ်ကြောင့် လော့ဒေါင်းမိနေချိန် မီးလောင်သေဆုံးခဲ့ရသည်။

တရုတ်ပြည်သူ ၁၀ ဦးသေဆုံးပြီးနောက် နိုင်ငံတစ်ဝန်း တရုတ်အစိုးရ ဆန့်ကျင် ရေး လူထု ဆန္ဒပြ မှုများ ဖြစ်ပါ် လာခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူများက တင်းကျပ် သော ကိုဗစ်ဇီးရိုးမူဝါဒ ဖော်ဆောင်သူ တရုတ်သမ္မတ ရှီကျင့်ပင် နုတ်ထွက်ရေး အတွက် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြသူများကို တရုတ်အာဏာပိုင်များက ခေတ်မီ ကင်းထောက် ကင်မရာ၊ နည်းပညာများ ဖြင့် စောင့်ကြည့်ခဲ့ကြပြီး တရုတ်အာဏာပိုင်များက ဆန္ဒပြမှု များကို ပြင်းပြင်ထန်ထန် နှိမ်နင်းမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

တရုတ်သမ္မတရှီကျင့်ပင်ကို ရာထူးမှ ဆင်းပေးရန် လွန်ခဲ့သော စနေနေ့ နှင့်တနင်္ဂနွေနေ့တွင် နှစ်ညဆက်တိုက် တောင်းဆိုဆန္ဒပြမှုများ ရှန်ဟိုင်းမြို့၏ Urumqi လမ်းတွင် ဖြစ်ပွားခဲ့ပြီး ယခုအခါ ယင်းနေရာကို တရုတ်ရဲများက အကာ အရံ အတားအဆီးကြီးများ ချထားသည်။

ကိုဗစ်လော့ဒေါင်းကြောင့် ပိတ်မိပြီး သေဆုံးခဲ့သော တရုတ်ပြည်သူ ၁၀ ဦး အတွက် ဝမ်းနည်းခြင်းနှင့် တရုတ်အစိုးရ ဆန့်ကျင်ရေး စက္ကူဖြူနှင့် ဖယောင်း တိုင်များ ထွန်းညှိ ကိုင်ဆောင် ဆန္ဒပြရန် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စီစဉ် ခဲ့သော ရှန်ဟိုင်း မြို့လယ် ခေါင်ကို တရုတ်ရဲများက ပိတ်ပင်ခဲ့သည်။

ဓာတ်ပုံ- တရုတ်မြေအောက်ရထားတွင် VPN အသုံးပြုခြင်းရှိ၊ မရှိ ၊ ပိတ်ပင် ထားသော လူမှုကွန်ရက်များ အသုံးပြုခြင်း ရှိ၊ မရှိ တရုတ်ရဲများက ခရီးသည် များ၏ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးနေစဉ်။

The post တရုတ်တွင် သမ္မတရှီကျင့်ပင် နုတ်ထွက်ရေး ဆန္ဒပြမှုများ ထပ်မဖြစ်စေရန် ရဲ အင်အား အလုံး အရင်းဖြင့် ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းများကို လိုက်လံ စစ် ဆေး၊ VPN နှင့် ပိတ်ပင် ထား သော လူမှုကွန်ရက်များ အသုံးမပြုရန် သတိပေး appeared first on Khit Thit Media.

တရုတ်သမ္မတရှီကျင့်ပင် နုတ်ထွက်ပေးရေး ဆန္ဒပြသတင်းများကို လူမှုကွန်ရက် တွင် တရုတ်အစိုးရက ဆင်ဆာဖြတ်တောက်
ရန်ကုန်၊ နိုဝင်ဘာ ၂၈

တရုတ်အစိုးရ၏ ၃ နှစ်ကြာ တင်းကျပ်သော ကိုဗစ်မူဝါဒကြောင့် တရုတ် သမ္မတ ရှီကျင့်ပင် နုတ်ထွက်ပေးရေး ဆန္ဒပြမှုများ နိုဝင်ဘာလ ၂၅ ရက်နေ့ ၊ နိုဝင်ဘာ လ ၂၆ ရက် နေ့နှင့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပေါ်ပေါက်လာပြီးနောက် အဆိုပါ ဆန္ဒပြသတင်းများကို တရုတ်အစိုးရက ဆင်ဆာဖြတ် တောက်လျက် ရှိသည်။

တရုတ်နိုင်ငံတွင် လူသုံးများသော Wechat နှင့် Weibo လူမှုကွန်ရက်များတွင် ဆန္ဒပြသတင်းများကို ပိတ်ပင်ထားသည်။ ဆန္ဒပြပွဲဖြစ်ပေါ်သည့် မြို့များ၊ လမ်းများ ၏ အမည်များကိုလည်း လူမှုကွန်ရက်တွင် လုံး၀ ဆင်ဆာ ဖြတ် တောက် ထားသည်။

ဥပမာ- ဆန္ဒပြပွဲဖြစ်ပေါ်နေသည့် ရှန်ဟိုင်းမြို့ နှင့် ဆန္ဒပြပွဲများဖြစ်ပေါ်သည့် “Urumqi Road” တို့ကို လူမှုကွန်ရက်တွင် စိစစ်ပိတ်ပင်ထားသည်။

တရုတ်အင်တာနက်သုံးစွဲသူများသည် အစိုးရစစ်ထုတ်မှုများကို ကျော်ဖြတ်ရန် တီထွင်ဖန်တီးမှုနည်းလမ်းများကို ကာလကြာရှည်စွာ ရှာဖွေတွေ့ရှိထားသော ကြောင့် တရုတ်ပြည်သူများက ဆင်ဆာဖြတ်တောက်မှုများကို ကျော်လွှား၍ ကြည့်ရှု ဆွေးနွေးနေကြသည်။

ကိုဗစ်ကြောင့် ပိတ်ပင်ထားစဉ် မီးလောင်သေဆုံးခဲ့ရသော ပြည်သူ ၁၀ ဦးအတွက် ဝမ်းနည်းမှု အထိမ်းအမှတ် အဖြူရောင် စာရွက်အဖြူများ ကိုကိုင်ဆောင်ကာ တရုတ်မြို့ကြီးများနှင့် လမ်းများတွင် ဆန္ဒပြကြပြီး တရုတ်သမ္မတ ရှီကျင့်ပင် နုတ်ထွက်ရေး၊ ကွန်မြူနစ်ပါတီ ရာထူးမှဆင်းပေး ဟု ပြည်သူများ ကြွေးကြော်ခဲ့ကြသည်။

လူမှုကွန်ရက်တွင် “စာရွက် အလွတ်တစ်ရွက်” နှင့် “စက္ကူဖြူ” ဆိုသော စကားလုံး များကိုလည်း ရှာဖွေမှုများကို ပိတ်ပင်ထားသည်။ သို့ရာတွင် တရုတ်ပြည်သူများက နည်းလမ်းမျိုးစုံသုံး၍ အစိုးရ၏ ပိတ်ဆို့မှုများ ကျော် လွှားကာ ဆင်ဆာ ဖြတ်တောက်မှုများကို ကျော်လွှား အသုံးပြု နေကြသည်။

တရုတ်အစိုးရက ၃ နှစ်ကြာနေပြီဖြစ်သည့် အလွန်တင်းကျပ်သည့် ကိုဗစ်မူဝါဒ Zero-Covid ကို ပြုပြင်ပြောင်းလဲရန် နှုတ်ဆိတ်နေဆဲဖြစ်သည်။

တရုတ်အစိုးရက ဆန္ဒပြသူများကို အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိနေ ပြီး ယနေ့တွင်မူ ဆန္ဒပြပွဲဖြစ်ခဲ့သော နေရာများအားလုံးတွင် တရုတ်ရဲများ မြောက်များစွာ ချထားသည်။

The post တရုတ်သမ္မတရှီကျင့်ပင် နုတ်ထွက်ပေးရေး ဆန္ဒပြသတင်းများကို လူမှုကွန်ရက် တွင် တရုတ်အစိုးရက ဆင်ဆာဖြတ်တောက် appeared first on Khit Thit Media.

၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ
ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဝန်ကြီးများက အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဇန်န၀ါရီလ ၂၀ ရက်နေ့ အထူးပါလီမန်အစည်းအ ဝေးနဲ့ Omicron ကိုဗစ်ရောဂါပိုး ကြောင့် ကျွန်တော် မတက်ရောက်နိုင်တော့ပါဘူး။ အာဆီယံအစည်း အဝေးတက်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကို တက်ရောက်နိုင်မှာ မ ဟုတ်ပါဘူး”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ မြန်မာ တက်ရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးဖြစ်ပေါ်ကာ နော က်ဆုံး အစည်းအဝေး ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် ပြီးခဲ့သည့်နှစ်တွင် မလေးရှား၏ ဆုံးဖြတ်ချက်ကို Saifuddin က ထပ်မံ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေများကို ဖြေရှင်းရန်အတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဓာတ်ပုံ- အာဆီယံတွင် ပြဿနာ အကြီးအကျယ်ဖြစ်ပေါ်စေသည့် မင်းအောင်လှိုင်နှင့် ၀ဏ္ဏမောင်လွင်။

The post ၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ appeared first on Khit Thit Media.