27 C
Yangon
- Advertisement -spot_img

TAG

Crime

ဖားကန့်မြို့၊ မရှီကတောင်ရပ်ကွက်မှ လူငယ် ၁၅ ဦးကို စစ်တပ်က ရုတ်တရက် ဝင်ရောက် ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ကျောက်စိမ်းတောင်တံတားထိပ်တွင် လူငယ် ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသပြည်သူတချို့က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၂၉ ရက် ညပိုင်းက ဖားကန့်မြို့၊ မရှီကထောင်ဘက်ခြမ်း၊ ကျောက်စိမ်းတောင်တံ တားထိပ်တွင် လူငယ်...

နတ်မောက်မြို့နယ်၊ သနပ်ပေါက်တောတဲတိုက်ကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၃၀ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သနပ်ပေါက်တော တဲတိုက်ကို အကြမ်းဖက်စစ်တပ်က ပါရာမိုတာ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ် ရာရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော...

ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

ရန်ကုန်၊ ဩဂုတ် ၃၀ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသပြည်သူများက...

ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး၊ DKBA ဗိုလ်ဘိအဖွဲ့ကလည်း ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၂၇ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မူးမြို့နယ်တွင် ဩဂုတ်လ ၂၁ ရက်နေ့...

မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

ရန်ကုန်၊ ဩဂုတ် ၂၆ မန္တလေးတိုင်းတွင် TNLA က ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန်...

ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော် ၂ ပါး ပျံလွန်တော်မူပြီး ၅ ပါး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်...

ကန့်ဘလူနှင့် ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများ ခိုးယူနေ

ရန်ကုန်၊ ဩဂုတ် ၂၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျီကျင်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်...

စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ...

ကောလင်းမြို့နယ်၊ ပေပင်ချောင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ၊ ကန့်ဘလူတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဩဂုတ် ၂၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပေပင်ချောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Kawlin People Defense Force ထုတ်ပြန်ချက်နှင့် Kawlin info မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။ ယနေ့...

ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သိန်း ၁၅၀၀ တောင်း၊ ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် စျေးတည့်ပြီး ပြန်လွှတ်ပေး

ရန်ကုန်၊ ဩဂုတ် ၂၃ မကွေးတိုင်း၊ ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်(လုံခြုံရေးအရ ပွဲရုံ၏ အမည်ကို ဖော်ပြ၍ မရပါ) တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဩဂုတ်လအတွင်း ချောက်မြို့ပေါ်ရှိ ပဲနှမ်းအကြီးစားပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို စစ်တပ်လက်...

Latest news

- Advertisement -spot_img