30.1 C
Yangon
- Advertisement -spot_img

TAG

Demonstrations

ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ညသပိတ်ပြုလုပ်

ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ညသပိတ်ပြုလုပ် ရန်ကုန်၊ မေ ၂ စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက လေယာဉ်ဗုံးကျဲခံရသည့် မင်းတပ်နှင့်အတူ ရပ်တည်ကြောင်းသွေးစည်းညီညွတ်ရေးသပိတ်တစ်ရပ်ကို တော်လှန်သော ပြည်သူများနှင့် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် “ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်တန့်ရေး" တောင်းဆိုလှုပ်ရှားမှုနှင့် ညသပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒီပဲယင်းမြိုနယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ဒီပဲယင်းမြိုနယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ ရန်ကုန်၊မေ ၂ ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်တပ်ကို အလိုမရှိဆန့်ကျင်ကြောင်း၊ ပြည်သူ့အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုသာ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သပိတ်ချီတက်ခဲ့ကြသည်။

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ ရန်ကုန်၊ မေ ၂ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်း နှင့် မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာကို ထမင်းနှစ်နပ် လှူဒါန်း

ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာကို ထမင်းနှစ်နပ် လှူဒါန်း ရန်ကုန်၊ မေ ၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များကိုယ်စား ထမင်းနှင့်ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများကို တော်လှန်ရုပ်ရှင်ပြသ

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများကို တော်လှန်ရုပ်ရှင်ပြသ ရန်ကုန်၊ဧပြီ ၃၀ ဆားလင်းကြီးမြို့နယ်တွင် တော်လှန်လူငယ်များက ပြည်သူများကို စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုတော်လှန်ရုပ်ရှင်များပြသခဲ့ပြီး အအေးများ ဝေငှခဲ့ကြောင်း သိရှိရသည်။

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ရန်ကုန်၊ ဧပြီ ၃၀ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဦးဆောင်ကာယနေ့ဧပြီလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် PDF ရဲဘော်များနှင့် ဒေသပြည်သူများ တွေ့ဆုံ ဆွေးနွေး

စလင်းမြို့နယ်တွင် PDF ရဲဘော်များနှင့် ဒေသပြည်သူများ တွေ့ဆုံ ဆွေးနွေး ရန်ကုန်၊ ဧပြီ ၃၀ စလင်းမြို့နယ်တွင် PDF ရဲဘော်များနှင့် ဒေသပြည်သူများ ဧပြီလ ၂၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဒေသတွင်း နယ်မြေစိုးမိုးရေး၊ ရပ်ကျေးအဖွဲ့များ ဖွဲ့စည်းရေးနှင့် စစ်ပွဲအတွင်း ကြိုတင်...

မြိုင်မြို့နယ်တွင် စစ်ရှောင်ပြည်သူများကို စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

မြိုင်မြို့နယ်တွင် စစ်ရှောင်ပြည်သူများကို စားသောက်ကုန်ပစ္စည်းများ လှူဒါန်း ရန်ကုန်၊ဧပြီ ၃၀ မြိုင်မြို့နယ်တွင် စစ်ရှောင်ပြည်သူများကို စားသောက်ကုန်ပစ္စည်းများ အလှူရှင်ကိုယ်စား ဆားလင်းကြီးမြို့နယ် -လက်ပံတောင်းတောင်ပင်မသပိတ်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၁ နေရာကို ထမင်းနှစ်နပ် လှူဒါန်း

ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၁ နေရာကို ထမင်းနှစ်နပ် လှူဒါန်း ရန်ကုန်၊ ဧပြီ ၃၀ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၁ နေရာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များကိုယ်စား ၂၁၆နပ်မြောက်အဖြစ် ထမင်းနှင့်ဟင်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ်နှင့် တော်လှန်ရုပ်ရှင်ပြသခြင်းပြုလုပ်

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးညသပိတ်နှင့် တော်လှန်ရုပ်ရှင်ပြသခြင်းပြုလုပ် ရန်ကုန်၊ဧပြီ ၃၀ ယင်းမာပင်မြို့နယ်၊ကျေးရွာတစ်ရွာတွင် ယင်းမာပင်၊ ဆားလင်းကြီးရွာ ပေါင်းစုံသပိတ် ကော်မတီဝင်များ၊ လူငယ့်အားမာန်သပိတ်ကော်မတီဝင်များနှင့် အမျိုးသမီးမဟာမိတ်အင်အားစု (WAB) အဖွဲ့ဝင်များပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသခဲ့ကြကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို တော်လှန်ပြည်သူ ၇၀၀ ခန့်က ပူးပေါင်းခဲ့ကြပြီး ကော်မတီဝင်များက နိုင်ငံရေး တရားကိုလည်း ပြည်သူများကို မျှဝေခဲ့ကြကြောင်းသိရသည်။

Latest news

- Advertisement -spot_img