25 C
Yangon
- Advertisement -spot_img

TAG

Demonstrations

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ တပ်ခွဲ-၁၊ တပ်ခွဲ-၂ မှ ရဲဘော်များ အာဇာနည်နေ့ အလေးပြုခြင်းအခမ်းနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ တပ်ခွဲ-၁၊ တပ်ခွဲ-၂တို့မှ နောက်တန်းစခန်းရှိ ရဲဘော်များ၊ရှေ့တန်းစခန်းရှိ ရဲဘော်များက ၇၈ နှစ်မြောက် အာဇာနည်နေ့ အလေးပြုခြင်းအခမ်းနားကို ပြုလုပ်ခဲ့ကြသည်။ အာဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားအဖြစ် ပြည်သူ့ကာကွယ်‌‌ရေး တပ်မတော်အလံတော်အား အလေးပြု​ခြင်း၊ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆာင်ကြီးများအား အလေးပြု​ခြင်း၊ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော...

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းက အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ "အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်" ခေါင်းစဥ်နှင့် အခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သမဂ္ဂခွပ်ဒေါင်းအလံတော်ကို အလေးပြုခြင်း၊...

ကနီမြိုနယ်အတွင်း အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ကနီမြိုနယ်အတွင်း ဇူလိုင်၁၉ နေတွင် ကျရောက်သည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးသွားကြသည့် အာဇာနည် ၉ ဦးနှင့် နွေဦးတော်လှန် ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်ရဲဘော်များအား အမှတ်တရ ဝမ်းနည်းခြင်း အထိမ်းမှတ်အခန်းအနားပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဖားကန့်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်

ရန်ကုန်၊ ဇူလိုင် ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စစ်အာ ဏာရှင် ဆန့်ကျင်ရေးအဖြစ် ယနေ့ လူထုသပိတ် ချီတက်ကြကြောင်း သိရှိရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့...

ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို လေးစားဂါရဝပြုသည့် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက (၇၈)နှစ်မြောက် အာဇာနည်နေ့ကို လေးစားဂါရဝပြုသောအားဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်ကျဆုံးလေပြီးသော ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ၉ ဦး ၊ ခေတ်အဆက်ဆက်သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းများ နှင့် နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့သော...

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အာဇာနည်ဗိမ္မာန်တွင် ပြည်သူများက ကျဆုံးသွားသောအာဇာနည်ပုဂ္ဂိုလ်များကို သွားရောက်ဂါရဝပြု

ရန်ကုန်၊ ဇူလိုင် ၁၉ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အာဇာနည်ဗိမ္မာန်နှင့် အနီးဝန်းကျင်ကို ပြည်သူများက စုပေါင်း၍ သန့်ရှင်းရေး လုပ်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ကျဆုံးသွားသောအာဇာနည်ပုဂ္ဂိုလ်များကို သွားရောက်ဂါရဝပြုခဲ့ကြကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ အပြင် နွေဦးတော်လှန်ရေး အာဇာနည်များကို ချီတက် အလေးပြု

ရန်ကုန်၊ ဇူလိုင် ၁၉ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် အာဇာနည်နေ့ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ အပြင် နွေဦးတော် လှန်ရေး အာဇာနည်များကို ချီတက် အလေးပြုကြသည်။ ထို့ပြင် နွေဦးတော်လှန်ရေး အတွင်း ကျဆုံးသွားကြရသည့် အာဇာနည်ရဲဘော်များအတွက် အမှတ်တရ ဝမ်းနည်းခြင်း အထိမ်းအမှတ်...

ကလေးမြို့ တစ်နေရာတွင် အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၈ ကလေးမြို့ တစ်နေရာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း၊ ကလေးမြို့ဒေသပြည်သူများနှင့်အတူ အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု တရပ်ကိုပြုလုပ်ခဲ့ကြသည်။

လေးမျက်နှာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော မဆရ-၄ မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်ကြပ် ဇေယျာဖြိုး၏ ရုပ်အလောင်းများကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်၊ ဒဏ်ရာရ စစ်သားများကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံသို့ နာရေးကားများဖြင့် ပို့ဆောင်နေ

ရန်ကုန်၊ ဇူလိုင် ၁၇ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့သော မဆရ-၄ မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်ကြပ် ဇေယျာဖြိုး၏ ရုပ်အလောင်းများကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် သဂြိုလ်ခဲ့ပြီး ဒဏ်ရာရ စစ်သားများကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံသို့ နာရေးကားများဖြင့် ပို့ဆောင်နေကြောင်း ဒေသတွင်း...

ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁၆ ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းနှင့် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ကော်မတီဝင်တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img