25 C
Yangon
- Advertisement -spot_img

TAG

Demonstrations

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ဆုတောင်းပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၁၉ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ ဆန်းရှိုင်းမြန်မာစားသောက်ဆိုင် လူထုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ဆုတောင်းပွဲကျင်းပခဲ့ပြီး ဒယ်ဂူးဘုန်းဘုန်းကလည်း လူထုခေါင်းဆောင်နှင့်အတူ မတရားဖမ်းဆီးခံထားရသောရသော မြန်မာနိုင်ငံသူနိုင်ငံသားများအမြန်ဆုံးလွတ်မြောက်‌‌စေရန် တော်လှန်ရေးတက်ကြွလှုပ်ရှာသူ ဒယ်ဂူးဘုန်းဘုန်းက ဆုတောင်းမေတ္တာပြုမိန့်ကြားခဲ့သည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အနေနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်အနေနှင့် သူ၏ အဆိုအမိန့်တစ်ခုဖြစ်သည့် "စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်" ဆိုသည့် ခေါင်းစဥ်နှင့်...

ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အဖြစ် “ Freedom form Fear ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် သပိတ်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ အမြန်ဆုံးလွတ်မြာက်ရေး အပြာရောင် လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁‌၉ ယင်းမာပင်မြို့နယ်တွင် ပြည်သူ့အားမာန်သပိတ်စစ်‌ကြာင်းက ပြည်သူများနှင့်အတူ လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး ကျမ်းမာပါစေ အကျဥ်းထောင်တွင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း အပြာရောင် လူထုလှုပ်ရှားမှု ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲပြုလုပ်ကာ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်အတွင်း ဒေါ်အေောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျေးရွာ ၉ ရွာ၊ ၁၄မိုင်ခန့် မာရသွန်ပြေးပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ယင်းမာပင်မြို့နယ်အတွင်း လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့်အတူလူငယ်များပူးပေါင်းကာ လူထုခေါင်းဆောင်အမေ ဒေါ်အေောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျေးရွာ ၉ ရွာ၊ ၁၄မိုင်ခန့် မာရသွန်ပြေးခဲ့ကြကြောင်း သိရှိရသည်။ မာရသွန်ပြေးပွဲနှင့်အတူ ကျေးရွာများရှိပြည်သူများကို လူထုနိုင်ငံရေးတရားဟောပြောခြင်း၊ သွေးသစ္စာသီချင်းသံပြိုင်သီဆိုခြင်း၊ လူထုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများ ကျန်းမာလွတ်မြောက်ရေး ဆုတောင်းပေးပြီး အပြာရောင်အင်္ကျီပေါ်တွင် "Freedom...

မဲဆာက်ဆေးရုံကြီးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးအလှူပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ မဲဆောက်ဆေးရုံကြီးတွင် အဝေးရောက်ဧရာဝတီအသင်း OIA က နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်‌အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စုပေါင်းသွေးအလှူပွဲကို ဇွန်လ ၁၉ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

စစ်ကိုင်းတိုင်းရှိ ပြည်သူအ‌ခြေပြု ကျောင်းတစ်ကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်ဆုတောင်းပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၁၉ စစ်ကိုင်းတိုင်းရှိ ပြည်သူအ‌ခြေပြု ကျောင်းတစ်ကျောင်းတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်ဆုတောင်းပွဲကို ကျောင်းသား ကျောင်းသူများ စုပေါင်း၍ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဆားလင်းကြီးရှိ စစ်ရှောင်စခန်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို စစ်ရှောင်မိဘပြည်သူများနှင့်ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ချင်းတွင်းမြစ်ကမ်းဘေးသပိတ်က ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ ပြည့်နှစ်မွေးနေ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါလူထုလှုပ်ရှားမှုကို လက်ပတ်အပြာရောင်များဝတ်ဆင်ပြီး နှင်းဆီပန်းများကိုင်ဆောင်ခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာလူထုသပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာလူထုသပိတ်စစ်ကြောင်းသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်လူထုလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းခဲ့ကြသည်။

Latest news

- Advertisement -spot_img