24.9 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ Non-CDM လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် ၅ ဦးကို ဒေသကာကွယ်ရေးတပ်က ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၇ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ Non-CDM လက် ထောက် ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် ၅ ဦးကို ဒေသကာကွယ်ရေးတပ်တစ်ခုက ဖမ်းဆီးထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂...

သဲကုန်းမြို့ တယ်သီးပင်ရွာ စစ်တပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ရုပ်အလောင်းကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွား

ရန်ကုန်၊ ဇူလိုင် ၇ ပဲခူးတိုင်း၊ သဲကုန်းမြို့ တယ်သီးပင်ရွာ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ရုပ်အလောင်းကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ၃၆၀၁ တပ်ရင်း...

စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားသော်လည်း မိုးဗြဲတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့မှုများ ဆက်တိုက်လုပ်နေ

ရန်ကုန်၊ ဇူလိုင် ၇ အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာထားသော်လည်း မိုးဗြဲတွင် တိုက်ပွဲ များ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ကရင်နီပြည်နှင့်ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ပြီးနောက် ပြည်သူ့နေအိမ်...

Khit Thit သတင်းဌာန၏ ဇူလိုင် ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ်တွေကို နည်းပေါင်းစုံနဲ့ အတင်းအကျပ် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်း ထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့တပ်သားသစ်အဖြစ် စုထားတဲ့ လူငယ်တွေကို စစ်တပ်ထဲကနေ ထွက်ပြေးတာတွေ ၊ စစ်တပ်ကို ပုန်ကုန်တိုက်ခိုက်တာတွေ...

ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေ

ရန်ကုန်၊ ဇူလိုင် ၇ ဧရာဝတီတိုင်းတွင် AA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာမှုကို တားဆီးရေး ဝန်ကြီးချုပ် တင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့က ပုသိမ်မြို့ပေါ်ရှိ ဘုရားများတွင် အရေးပေါ် ယတြာချေမှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ဧရာဝတီတိုင်းတွင် နယ်မြေများ လက်လွှတ် မဆုံးရှုံးရေးနှင့် တော်လှန်ရေးတပ်များ...

သပိတ်ကျင်းမြို့နယ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဆင့်ကွဲ ပေါက်ကွဲစေတတ်သည့် Cluster ဗုံးများ ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆင့်ကွဲပေါက်ကွဲစေတတ်သည့် Cluster ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၆ ရက်‌နေ့ ညနေ ၄ နာရီ ၂၆...

ချင်းပြည်နယ်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁၁ ဦး သေနတ် ၈ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၇ ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁၁ ဦး သေနတ် ၈ လက် ယူ ဆောင်လာပြီး အလင်း ဝင်ရောက်ခဲ့ကြောင်း ကလေးမြို့ပြ ပြောက်ကျား UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ ကြာ သိမ်းပိုက်ခဲ့သော KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရရှိရေး ဦးဆောင်ခဲ့သော KNLA တပ်မှူး ၂ ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ရန်ကုန်၊ ဇူလိုင် ၇ အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃၀ ကြာ သိမ်းပိုက်ခဲ့သော KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရရှိရေး စစ်ဆင်ရေးဖော်ဆောင်ခဲ့သော KNLA တပ်မှူး ၂ ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။ KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်သော မာနယ်ပလောကို အကြမ်းဖက်စစ်တပ်က...

ရန်ကုန်-မန္တလေးအမြန်လမ်းရှိ သိုးကြီးကရင်ရွာ ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၇ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်းပေါ်ရှိ သိုးကြီးကရင်ရွာ ရဲကင်းစခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ တိုက်ခိုက် ရေးတပ်ဖွဲ့ ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၂၉ ရက်...

Khit Thit သတင်းဌာန၏ ဇူလိုင် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ချင်းပြည်နယ်ကို တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ၁ လကျော်ကြာတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းတော် လှန်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းကို...

Latest news

- Advertisement -spot_img