24 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

ကြို့ပင်ကောက်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကိုဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးထား၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ၍ စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကိုဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ၍ စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ...

ရန်ကုန်မြို့ တစ်နေရာတွင် စစ်အာဏာရှင်နှင့် အပေါင်းပါများကို တရားစီရင်မည့် ရည်ရွယ်ချက်နှင့် လူထု လှုပ်ရှားမှုတစ်ခု ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်မြို့ တစ်နေရာတွင် မင်းအောင်လှိုင် အပါအဝင် အပေါင်းပါများနှင့် အကြမ်းဖက်မှုကို အားပေးသည့် တရုတ်အစိုးရကိုပါ ပူးတွဲ တရားခံအဖြစ် စီရင်မည်ဟူသည့် ရည်ရွယ်ချက်များနှင့် Justice Lady အမည်နှင့် လူထု လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄...

မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၃၁ မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး ရုံတင်နေသည့် “ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်မှာ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုများကို ပျက်ရယ်ပြုစော်ကားထားသည့် ရုပ်ရှင်ဖြစ်ကြောင်း...

ရွှေပြည်သာ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်သို့ ပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်သက်လင်း(ခ)သီဟထွန်းကို နယ်ထိန်းရဲ စည်သူအောင်နှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းအောင်နှင့်ဒုအုပ်ချုပ်ရေးမှူးမောင်ဦးတို့က စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်တပ်ထံသို့ ပို့ဆောင်လိုက်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေနဲ့ လူငယ်တွေကို စစ်တပ်ထဲ အတင်းဆွဲခေါ်သည့် တိုင်အောင် အရေအတွက်သာရှိပြီး အရည်အချင်းမရှိတဲ့အပြင် ၊ ပြည်သူထောက်ခံမှုပါ မရှိတာကြောင့် တိုက်ပွဲတိုင်း စစ်ကောင်စီတပ်က ရှုံးနိမ့်နေရပြီလို့...

ဖားကန့်နှင့်နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIA...

မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးတွင် ယနေ့မှစတင်၍ တစ်ရက်လျှင် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီးပေးမည်ဟု စစ်ကောင်စီက အကြောင်းကြား

ရန်ကုန်၊ အောက်တိုဘာ ၃၁ မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးတွင် ယနေ့မှစတင်၍ တစ်ရက်လျှင် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မါ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေး အကြောင်းကြားလာကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်လုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးကို တစ်နေ့လျှင် လျှပ်စစ်မီး...

ဖာပွန်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်သား ၆ ဦးအရှင်ဖမ်းမိ၊ တောင်ငူ-လိပ်သိုလမ်းရှိ ကျောက်လုံးကြီး စစ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းရှိ အင်အား ၁၂၀ ထက်မနည်းရှိသော စစ်ကောင်စီ၏ ခေါပုတ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း...

ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဂျာမနီရောက်မြန်မာများ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃၁ ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် “တရုတ်နိုင်ငံ သင်တို့က မသာအိမ်မှာ ဖဲလာရိုက်တဲ့ ဖဲသမားလိုဘဲ မင်တို့နိုင်ဖို့ဘဲသိတယ် ငါတို့ရဲ့ဝမ်နည်းပူဆွေးမူ့ကို မသိဘူး” ဟူ၍ အဓိပ္ပါယ်ရသည့် "China, du bist wie ein Pokerspieler bei einer Totenwache...

ရန်ကုန်မြို့လယ် ဆူးလေတွင် ‘ကြောက်ခတ်ကို မှောက်ပစ်’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရန်ကုန်မြို့လယ် ဆူးလေတွင် ဓာတ်ပုံဘောင်ကိုသုံး၍ 'ကြောက်ခတ်ကိုမှောက်ပစ်' ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ရန်ကုန်လူထုသပိတ်က ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် ဖက်ဆစ်တပ်၏ အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင် မရှိနိုင်တော့ကြောင်း၊ ရန်သူသည် အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ဘဲ အကြောက်တရားကြောင့်သာ...

Latest news

- Advertisement -spot_img