26 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းသိမ်းနိုင်ရန် နီးစပ်နေ

ရန်ကုန်၊ ဇူလိုင် ၂၅ ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှစတင်ပြီး...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့မှာ TNLA ဦးဆောင်တဲ့တပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မိုးကုတ်တစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ် ရရှိသွားပြီဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...

ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှု များပြား

ရန်ကုန်၊ ဇူလိုင် ၂၅ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ ကို လက် နက် ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှု များပြားကြောင်း OAK AWE UG စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

နေပြည်တော်တွင် ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးခံနေရသော ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ Yoma Strategic Holding ၏ စီမံခန့်ခွဲမှု ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး သားဖြစ်သူ Melvyn Pun ကို ဥက္ကဋ္ဌသစ်အဖြစ် အစားထိုးခန့်အပ်

ရန်ကုန်၊ ဇူလိုင် ၂၅ နေပြည်တော်တွင် စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမှုခံနေရသော ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ Yoma Strategic Holding ၏ စီမံခန့်ခွဲမှုဆိုင်ရာအမှုဆောင်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်ကြောင်း Bloomberg သတင်းတစ်ရပ်အရ သိရှိရသည်။ ဦးသိမ်းဝေ သည် Yoma Strategic Holding ကုမ္ပဏီ၏...

CDM ဆိုသည့် စကားရပ်အစား Disloyalty Civil Servant သစ္စာဖောက်ဝန် ထမ်းဆိုသည့် အသုံးအနှုန်းကိုအစားထိုး သုံးစွဲရန် စစ်ကောင်စီက ဝန်ကြီး ဌာနများအားလုံးကို ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၂၅ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ဝန်ထမ်းများက လုပ်ငန်းခွင် ပြန်မဝင်ဘဲ Civil Disobedience Movement (CDM) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြရာတွင် အဆိုပါ CDM ဝန်ထမ်းများကို Disloyalty Civil Servant သစ္စာဖောက်ဝန်ထမ်းဆိုသည့် အသုံးအနှုန်းကိုအစားထိုး သုံးစွဲရန် စစ်ကောင်စီက...

မိုးကုတ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမည့် အန္တရာယ် သိရှိနေသော်လည်း ပြည်သူ့အောင်ပွဲအတွက် တစ်ပြည်လုံး စိတ်အား တက်ကြွစေရန်နှင့် ပြည်သူ့ရဲဘော်များကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် လမ်းပေါ်ထွက် သောင်းသောင်းဖျဖျကြိုဆိုပြဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၅ မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမည့် အန္တရာယ်များရှိနေကြောင်း သိရှိသော်လည်း ပြည်သူ့အောင်ပွဲအတွက် တစ်ပြည်လုံး ပြည်သူများ စိတ်အား တက်ကြွစေရန်နှင့် ပြည်သူ့ရဲဘော်များကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ပြည်သူအားလုံး လမ်းပေါ်ထွက်၍ တော်လှန်ရေးရဲဘော်များကို သောင်းသောင်းဖျဖျ...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်ရင်းတွေကို မြောက်ပိုင်းမဟာမိတ်တပ်တွေက ဆက်လက်တိုက်ခိုက်နေပြီး ၊ စစ်တပ် တပ်ရင်းတချို့ကိုလည်း ထပ်မံ သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ MNDAA တပ်ရဲ့...

စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့များက ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် ၉၅,၀၀၀ ကျော် မီးရှို့ဖျက်ဆီး

ရန်ကုန်| ဇူလိုင် ၂၄ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့များက အရပ်သား နေအိမ်ပေါင်း ၉၅,၀၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar...

အကြမ်းဖက်စစ်ကောင်စီက ထင်ရှား လူသိများသော စီးပွားရေးကုမ္ပဏီကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ရှမ်းမြောက်တိုက်ပွဲများ ရပ်ဆိုင်းစေရေးနှင့် ငြိမ်းချမ်းစွာ အဖြေရှာရေး စာထုတ်ပြန်ရန် ဖိအားပေး ခိုင်းစေ

ရန်ကုန်၊ ဇူလိုင် ၂၄ အကြမ်းဖက်စစ်ကောင်စီက ထင်ရှား လူသိများသော စီးပွားရေးကုမ္ပဏီကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ရှမ်းမြောက်ဒေသမှ တိုက်ပွဲများ ချက်ချက်ရပ်ဆိုင်းစေရေး၊ ငြိမ်းချမ်းစွာ စားပွဲ၀ိုင်းထိုင် အဖြေရှာရေးအတွက် မေတ္တာရပ်ခံစာများ ထုတ်ပြန်ရန် ဖိအားပေးခိုင်းစေနေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ နာမည်ကျော်ကြား လူသိများ ထင်ရှားသော စီးပွားရေးကုမ္ပဏီကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ထိုသို့ တိုက်ပွဲများ...

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်မည့် မြန်မာနိုင်ငံသား ၈၄ ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရရှိ ၊ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင်လည်း လှိုဏ်ဂူအတွင်း ပုန်းနေသည့် တရားမဝင် ဝင်ရောက်သူ မြန်မာ ၈၃ ဦးကို ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇူလိုင် ၂၄ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် မြန်မာနိုင်ငံသား ၈၄ ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ၊ Phetchaburi ခရိုင်၊ Nong Ta Chao ကျေးရွာရှိ နေအိမ်တစ်လုံးတွင် မြန်မာအမျိုးသား...

Latest news

- Advertisement -spot_img