26 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၃၀ နီးပါး ဝယ်ယူခဲ့ဟု ကုလသမဂ္ဂပြော

ရန်ကုန်၊ ဇွန် ၂၈ စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုသည်။ အနောက်နိုင်ငံကြီးများနှင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများ ခံထားရသော စစ်ကောင် စီက ထိုင်းဘဏ်များမှတစ်ဆင့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုများကို...

နိုင်ငံတစ်ဝန်း မြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ် စာရင်းပေးပို့ရန် ပိုင်ရှင်များ ခံဝန် လက်မှတ်ထိုးရ

ရန်ကုန်၊ ဇွန် ၂၈ မြန်မာနိုင်ငံတစ်ဝန်းမြို့ကြီးများရှိ စူပါမားကတ်များ၊ စျေးဝယ်စင်တာများတွင် သိုလှောင်ထားသော ဆန်များကို စစ်ကောင်စီ၏ သတ်မှတ်စျေးဖြင့် ရောင်းချရန် ၊ နေ့စဉ် အရောင်း အဝယ်စာရင်းများပေးပို့ရန် ပိုင်ရှင်နှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီက ခံဝန် လက်မှတ် ထိုးခိုင်းကြောင်း သိရှိရသည်။ ဇွန်လ ၂၇ ရက်နေ့မှစတင်၍ စူပါမားကတ်များ၊...

ရှမ်းမြောက်တွင် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်ဟု စစ်ကောင်စီက တရုတ်ထံသို့ အသိပေးတိုင်ကြားပြီး ဟန့်တားပေးရန် တောင်းဆို

■ မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ပေးရန် သမ္မတဟောင်း သိန်းစိန်ထံမှတစ်ဆင့် တရုတ်ခေါင်း ဆောင်များထံသို့ စစ်ကောင်စီက သတင်းစကားပါး ရန်ကုန်၊ ဇွန် ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တအာင်း TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်နေသဖြင့် အဆိုပါ ထိုးစစ်ကို ဟန့်တားပေးရန် စစ်ကောင်စီက တရုတ်ထံသို့...

Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်အောက်က အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ စစ်အရာရှိ နဲ့ ဗိုလ်ချုပ်ဟောင်းတချို့ကို စစ်တပ်အပေါ် ပုန်ကုန်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားတယ်လို့ စစ်တပ်တပ်သတင်းရင်းမြစ်က တဆင့်...

ဖားကန့် ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး နာမည်စာရင်းများ ရရှိ

ရန်ကုန်၊ ဇွန် ၂၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချရာ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဆိုင်းတောင်ရဲစခန်း၌...

ကျောက်မဲမြို့ တိုက်ပွဲအတွင်း လမ်းမပေါ်တွင် သေဆုံးနေသော ပြည်သူများ၏ ရုပ်အလောင်း ၂၃ လောင်းကို ပရဟိတအဖွဲ့က ကောက်ယူ သင်္ဂြိုလ်

ရန်ကုန်၊ ဇွန် ၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး လမ်းမပေါ်တွင် သေဆုံးနေ သော ပြည်သူ အလောင်း ၂၃ လောင်းကို ကောက်ယူကာသင်္ဂြိုလ်ပေးခဲ့ရကြောင်း နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း - ကျောက်မဲ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်...

မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲမှု ဗိုလ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၇ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း - NRDF တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၇ မကွေးတိုင်း၊ မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။ ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်များက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ကြကြောင်း၊ ကံဆောင်သပိတ်သို့...

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇွန်လ...

တရုတ်တွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် ထုတ်ပြန်မှု နှစ် ၇၀ ပြည့် အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြား

ရန်ကုန်၊ ဇွန် ၂၇ တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြားကြောင်း ရန်ကုန်တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၇...

Latest news

- Advertisement -spot_img